fbpx

နက်နက်ရှိုင်းရှိုင်းလေ့လာမယ်

နက်နက်ရှိုင်းရှိုင်းလေ့လာမယ် သားအိမ်ကျခြင်းအကြောင်း သိကောင်းစရာ

အမျိုးသမီးတွေမှာ သားအိမ်ကို ထောက်ပံ့ပေးထားတဲ့ တင်ပါးဆုံကြွက်သားတွေနဲ့ အရွတ်တွေဟာ လျော့ရဲအားနည်းလာပြီး သားအိမ်ကို ဒီထက်ပိုပြီး ထောက်ပံ့ပေးနိုင်စွမ်းမရှိတဲ့အခါမှာ မိန်းမကိုယ်နားထိ သားအိမ်ဆင်းလာတာကို သားအိမ်ကျတယ်လို့ ခေါ်ကြပါတယ်။

သားအိမ်ကျတာက အမျိုးသမီးအရွယ်မရွေး ဖြစ်နိုင်ပေမယ့် ကလေးနှစ်ကြိမ် နဲ့အထက် မွေးဖူးတဲ့ အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။

သားအိမ်ကျခြင်း လက္ခဏာများ

သားအိမ်ကျခါစ အစပိုင်းအဆင့်တွေမှာတော့ ထူးထူးခြားခြားလက္ခဏာမပြတတ်ပေမယ့် သားအိမ်ကျတာ အချိန်အတိုင်းအတာတစ်ခုထိကြာနေပြီဆိုရင်တော့

  • တင်ပါးဆုံနေရာတဝိုက်မှာ လေးလာသလိုလို ခံစားရတာ
  • မိန်းမကိုယ်ကနေတဆင့် ကြွက်သားတစ်သျှူးတွေ ထွက်ကျလာတာ
  • ဆီးလမ်းကြောင်းပြဿနာများဖြစ်တဲ့ ဆီးမထိန်းနိုင်တာ၊ ဆီးသွားရခက်ခဲလာတာ၊ ဆီးအောင့်တာ
  • ထိုင်တဲ့အခါမျိုးမှာ ဘောလုံးတစ်လုံးပေါ်ထိုင်နေရသလိုမျိုး ခံစားရတာ၊ မိန်းမကိုယ်အဝကနေ တခုခုထွက်ကျလာတော့မလို ခံစားရတာ
  • အမျိုးသားနဲ့အတူနေတဲ့အခါမှာ အဆင်မပြေမှုခံစားရတာ၊ မိန်းမကိုယ်ကြွက်သားတွေ လျော့ရဲနေသလိုခံစားရတာမျိုးတွေ ရှိနိုင်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်ဆီ သွားပြသင့်လဲ?

အထက်ကဖော်ပြထားတဲ့ လက္ခဏာတွေ ဖြစ်လာပြီး နာကျင်မှုခံစားရတာ၊ နေ့စဉ်လူနေမှုဘဝမှာ အနှောင့်အယှက်ဖြစ်လာပြီဆိုရင်တော့ ဆရာဝန်ဆီ အမြန်ဆုံး သွားပြသင့်ပါတယ်။

ဖြစ်ရခြင်း အကြောင်းအရင်းများ

  • သဘာဝအတိုင်း ကလေးမွေးဖွားမှု ၂ ကြိမ်နဲ့အထက် ရှိခြင်း
  • အဝလွန်ရောဂါ ခံစားနေရခြင်း
  • သွေးဆုံးပြီးနောက် အီစတိုဂျင်ဟော်မုန်းလျော့နည်းမှု ခံစားနေရခြင်း
  • ဝမ်းချုပ်တတ်တဲ့ အလေ့အထရှိသူဖြစ်ခြင်း
  • နာတာရှည် ချောင်းဆိုးရောဂါ ခံစားနေရသူဖြစ်ခြင်း
  • အလေးအပင်မလေ့ ရှိသူဖြစ်ခြင်း စတဲ့ အကြောင်းအရင်းတွေကြောင့် သားအိမ်ကျခြင်း ဖြစ်နိုင်ပါတယ်။

သားအိမ်ကျခြင်းကို ဘယ်လို ကြိုတင်ကာကွယ်နိုင်မလဲ?

အမျိုးသမီးတွေမှာ သားအိမ်ကျခြင်းဖြစ်လာနိုင်တဲ့ အန္တရာယ်ကို ကာကွယ်ဖို့ဆိုရင်တော့

  • ကီဂယ်လေ့ကျင့်ခန်းများ မှန်မှန်လုပ်ခြင်းအားဖြင့် မိန်းမကိုယ်ကြွက်သားတွေနဲ့ တင်ပါးဆုံကြွက်သားတွေကို သန်မာစေမှာဖြစ်ပါတယ်။
  • အလွန်အမင်းဝမ်းချုပ်ခြင်းကို ကာကွယ်နိုင်ဖို့အတွက်တော့ အမျှင်ဓာတ်ပါတဲ့ အသီးအနှံတွေ စားပေးတာတွေ၊ ရေများများသောက်တာတွေကို လုပ်ပေးနိုင်ပြီး သင့်တင့်မျှတတဲ့ ကိုယ်အလေးချိန်ကိုလဲ ထိန်းသိမ်းထားသင့်ပါတယ်…
  • အလေးအပင်များ အလွန်အကျူးမခြင်း ကိုလဲ ရှောင်ကြဉ်သင့်သလို နာတာရှည်ချောင်းဆိုးရောဂါရှိသူအမျိုးသမီးတွေအနေနဲ့လဲ အလွန်အမင်း ချောင်းဆိုးခြင်းမဖြစ်ရအောင် ဆေးကုသမှုခံယူသင့်ပါတယ်။
Facebook Comments
Public Comments

Sex topics

searchဆက်လက်ရှာဖွေမည်

မေးခွန်းမေးရန်

သာယာမှုအထွတ်အထိပ် လိင်ဆက်ဆံခြင်းရဲ့ သော့ချက်တွေကဘာလဲ? သင့်ရဲ့စူးစမ်းရှာဖွေလိုမှုတွေကိုဖြေဆိုဖို့ ဒေါက်တာဒိနဲ့ ကျွန်မတို့အဖွဲ့က ဖြေဆိုဖို့ အသင့်ရှိပါတယ်

အမည်မဖော်ပဲမေးရန် ဖေ့ဘုတ်ပေ့ချ်တွင်မေးရန်

ထုတ်ကုန်များ

© ၂၀၁၈ ဒီကေတီ မှ မူပိုင်ခွင့်များရယူပြီးဖြစ်သည်။ သိလိုရာမေးသည် သတင်းအချက်အလက်နှင့် ပညာပေးစာမျက်နှာသက်သက်ဖြစ်ပြီး ဆေးဝါးနှင့်ကုသမှုဆိုင်ရာ ညွှန်းဆိုခြင်းများ မပြုပါ။