Facebook Page
www.facebook.com/thiloyarmay
Viber Community
https://bit.ly/33PKFZ9
Call Thiloyarmay
09894777262
Facebook Group
https://bit.ly/2KKaAtF
Email Thiloyarmay
[email protected]

လိင်အကြောင်း ပိုမိုရှာဖွေရန်

မွေးလမ်းကြောင်းကျန်းမာရေး

ကျန်းမာတဲ့ မွေးလမ်းကြောင်းဆိုတာဘာလည်း

မွေးလမ်းကြောင်းဆိုတာ အမျိုးသမီးလိင်အင်္ဂါနယ်နိမိတ်ရဲ့အပြင်ဖက်အပိုင်းကနေ သားအိမ်လည်တံ (သားအိမ်ခေါင်း)အထိ လိင်အင်္ဂါကနေ တစ်ဆက်တည်းရှည်ထွက်လာတဲ့ အပိတ်ကြွက်သားပြွန်လမ်းကြောင်း ဖြစ်ပါတယ်။ မွေးလမ်းကြောင်းကျန်းမာရေးဟာ အမျိုးသမီးတွေရဲ့အလံုံးစံုံကျန်းမာရေးမှာ အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ရပ်ကနေ ပါဝင်နေပါတယ်။ မွေးလမ်းကြောင်းပြသနာတွေဟာ မျိုးအောင်နိုင်စွမ်း၊ လိင်ဆက်ဆံလိုစိတ်နဲ့ စပ်ယှက်မှုပြီးမြောက်နိုင်စွမ်းတွေအပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ မွေးလမ်းကြောင်းဆိုင်ရာကျန်းမာရေးကိစ္စရပ်တွေဟာ စိတ်ဖိစီးမှုှု (ဒါမှမဟုတ်) ဆက်ဆံရေးဆိုင်ရာပြသနာတွေဖြစ်ပွားစေတတ်ပြီး မိမိကိုယ်ကိုယုံကြည်မှုကိုပါ ထိခိုက်စေတတ်ပါတယ်။ မွေးလမ်းကြောင်းဆိုင်ရာပြသနာရပ်တွေရဲ့ ရောဂါလက္ခဏာတွေနဲ့ မွေးလမ်းကြောင်းကျန်းမာရေးကို ကာကွယ်ဖို့လုပ်ဆောင်ရမယ့်အရာတွေကို သိရှိထားသင့်ပါသည်။ အောက်ဖော်ပြပါအကြောင်းအရာများအပါအဝင် အမျိုးစုံသောအကြောင်းတရားတွေက သင့်ရဲ့မွေးလမ်းကြောင်းကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

လိင်ဆက်ဆံခြင်း။
အကာအကွယ်မဲ့လိင်ဆက်ဆံခြင်းကြောင့် လိင်ဆက်ဆံရာမှတစ်ဆင့်ကူးစက်တတ်တဲ့ ကူးစက်ရောဂါ (STI)တွေ ဖြစ်ပွားလာနိုင်ပါတယ်။ အားပါတဲ့လိင်ဆံမှု (ဒါမှမဟုတ်) တင်ပါးဆုံရိုးနေရာမှာ ထိခိုက်အနာတရဖြစ်ပွားခြင်းကြောင့် မွေးလမ်းကြောင်းမှာ ထိခိုက်ဒဏ်ရာ (ဒါမှမဟုတ်) အပေါက်လေးတွေ ဖြစ်လာနိုင်ပါတယ်။

ကျန်းမာရေးအခြေအနေနှင့် ကုသမှုနည်းလမ်းများ။
Endometriosis ရောဂါနဲ့ တင်ပါးဆုံရိုးရောင်ရမ်းခြင်း ရောဂါတွေလိုမျိုး အခြေအနေတွေကြောင့် လိင်ဆက်ဆံချိန်မှာနာကျင်မှုခံစားရနိုင်ပါတယ်။

တစ်ချို့သောပဋိဇီဝဆေးဝါးတွေသောက်သုံးခြင်းကလည်း မှိုတစ်မျိုးကြောင့်ဖြစ်ပွားသော မွေးလမ်းကြောင်းရောဂါ ဖြစ်ပွားနိုင်ချေ မြင့်မားလာနိုင်ပါတယ်။
သန္ဓေတားဆေးဝါးပစ္စည်းများနှင့် အမျိုးသမီးတစ်ကိုယ်ရည်သန့့်စင်ပစ္စည်များ။
ကွန်ဒုံးလိုမျိုး အဟန့်အတားသန္ဓေတားနည်းတွေကြောင့် မွေးလမ်းကြောင်း စပ်ဖျဉ်းဖျဉ်းဖြစ်တတ်ပါတယ်။ အမျိုးသမီးတစ်ကိုယ်ရည်သန့်စင်တဲ့ပစ္စည်းတွေကြောင့် မျိုးပွားအင်္ဂါရဲ့ pH အဆင့် မညီမမျှဖြစ်လာပြီး ကူးစက်ရောဂါတွေ ပိုမိုကူးစက်ဖြစ်ပွားလွယ်စေတတ်ပါတယ်။

ကိုယ်ဝန်ဆောင်ခြင်းနှင့် မီးဖွားခြင်း။
သင်ကိုယ်ဝန်ဆောင်ထားရပြီဆိုရင် ရင်သွေးကို မီးဖွားပြီးအချိန်အထိ ဓမ္မတာဆင်းတော့မှာမဟုတ်ပါဘူး။ ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာ မွေးလမ်းကြောင်းကနေအရည်တွေ မကြာခဏထွက်တတ်ပါတယ်။ မီးဖွားနေစဉ်အတွင်းမှာ မွေးလမ်းကြောင်းအပေါက်ဖြစ်လာတတ်ပါတယ်။ မွေးလမ်းကြောင်းအတိုင်းမီးဖွားခြင်းကြောင့် မွေးလမ်းကြောင်းမှာရှိတဲ့ ကြွက်သားတွေဟာ လျော့ရဲသွားနိုင်ပါတယ်။

စိတ်ပိုင်းဆိုင်ရာကိစ္စရပ်များ။
စိုးရိမ်သောကတွေနဲ့ စိတ်ကျခြင်းတွေကြောင့် ရာဂစိတ်ဖြစ်ပေါ်တဲ့အဆင့် အရမ်းနိမ့်သွားပြီး လိင်ဆက်ဆံရာမှာ သက်တောင့်သက်သာမဖြစ်တာ (ဒါမှမဟုတ်) နာကျင်တာတွေ ခံစားရနိုင်ပါတယ်။ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုနဲ့ နာကျင်ခံစားရတဲ့ လိင်ပိုင်းဆိုင်ရာ ကနဦးအတွေ့အကြုံတွေလိုမျိုး စိတ်ဒဏ်ရာတွေကြောင့် လိင်ဆက်ဆံရာမှာ နာကျင်ခံစားရတာတွေ ဖြစ်လာတတ်ပါတယ်။

ဟော်မုန်းအဆင့်
ဟော်မုန်းအဆင့်အပြောင်းအလဲတွေဟာ မွေးလမ်းကြောင်းအပေါ် သက်ရောက်မှုရှိပါတယ်။ ဥပမာအားဖြင့်တော့ မီးယပ်သွေးဆုံးကိုင်ပြီးချိန်နဲ့ ရင်သွေးငယ်ကိုနို့တိုက်ကျွေးပြီးနောက်ပိုင်းမှာ Estrogen ဟော်မုန်းထွက်ရှိမှုလျော့ကျသွားတတ်သလိုမျိုးပေါ့။ Estrogen လျော့ကျလာတာကြောင့် သားအိမ်တွင်း အမြှေးပါးတွေ ပါးလာတတ်ပြီး လိင်ဆက်ဆံချိန်မှာ နာကျင်ခံစားရတတ်ပါတယ်။

တံတွေးတွေ ခံတွင်းတစ်ဝိုက်မှာ သန့်ရှင်းပေးပြီး ထိန်းညှိလုပ်ဆောင်ပေးသလိုမျိုုးဘဲ ကျန်းမာတဲ့သားအိမ်ကလည်း သူ့နေရာတစ်ဝိုက်ကို သူ့ဘာသာသန့်ရှင်းနေစေပြီး ထိန်းညှိပေးဖို့အတွက် အရည်တစ်မျိုးထုတ်လုပ်ပါတယ်။ ဒီလိုအရည်တွေက ယောနိလမ်းကြောင်းကနေ ထွက်ရှိတဲ့ ပုံမှန်အရည်ဖြစ်ပါတယ်။ ယောနိလမ်းကြောင်းကနေ ထွက်ရှိတဲ့အရည်တွေရဲ့ ထိခိုက်လွယ်တဲ့ချိန်ကိုက်ညီမျှအပေါ် တစ်စုံတစ်ရာအနှောင့်အယှက်ရှိလာရင် ယောနိလမ်းကြောင်းအတိုင်း ကူးစက်ရောဂါတွေ ကူးစက်ဖြစ်ပွားဖို့ ပိုမိုလွယ်ကူူတတ်ပါတယ်။

ပုံမှန်ထွက်ရှိတဲ့ ယောနိလမ်းကြောင်းအရည်တွေက ယောနိသန့့်ရှင်းစေဖို့နဲ့ စိုစွတ်နေစေဖို့၊ ကူးစက်ရောဂါတွေကနေ တားဆီးကာကွယ်ဖို့၊ တွန်းလှန်ဖို့အတွက် ရည်ရွယ်တာဖြစ်ပါတယ်။ အမျိုးသမီးတစ်ဦးရဲ့ဓမ္မတာစက်ဝန်းပေါ်မူတည်ပြီး ယောနိလမ်းကြောင်းအရည်တွေရဲ့ အရောင်၊ အနေအထားနဲ့ ပမာဏကွာခြားနိုင်တတ်တာ ဓမ္မတာဖြစ်ပေမယ့် ဒီအရည်တွေ အပြောင်းအလဲတချို့ဖြစ်နေပါက ပြသနာတစ်ခုခုရှိနေတာကို ပြသနေတာဖြစ်နိုင်ပါတယ်။

ပုံမှန်ထွက်ရှိတဲ့ယောနိလမ်းကြောင်းအရည်တွေနဲ့ ပုံမှန်မဟုတ်တဲ့အရည်တွေရဲ့ ကွာခြားမှုကို သိရှိနေပါက သင့်အတွက် အကူအညီဖြစ်စေမှာပါ။ ပုံမှန်ထွက်ရှိတဲ့အရည်တွေက အရည်ကြဲပြီး စေးကပ်ကပ်ဖြစ်ကာ ဆွဲဆန့်နိုင်ပါတယ် (ဒါမှမဟုတ်) ပျစ်နှစ် စေးကပ်နေတတ်ပါတယ်။ ဒါ့အပြင် ဒီအရည်တွေက ကြည်ပြီးအဖြူရောင်ရှိတတ်ပါတယ် (ဒါမှမဟုတ်) လုံးဝကို အဖြူရောင်မရှိတတ်ပါဘူး။

ယောနိလမ်းကြောင်းအတွင်းဘက်ရီးယားကူးစက်ခြင်း၊ တစေးပေါက်စေသော ကပ်ပါးမှိုကြောင့် ကူးစက်ဖြစ်ပွားသောရောဂါ (မှိုတစ်မျိုးကြောင့်ဖြစ်ပွားသော သားအိမ်လမ်းကြောင်းတွင် ဖြစ်ပွားသည့်ရောဂါ)၊ ကပ်ပါးကောင်ကြောင့်ဖြစ်ပွားသောရောဂါစတဲ့ သားအိမ်လမ်းကြောင်းဆိုင်ရာကူးစက်ရောဂါတွေဟာ လိင်ဆက်ဆံံတာကြောင့် (ဒါမှမဟုတ်) လိင်မဆက်ဆံံသော်ငြားလည်း သားအိမ်လမ်းကြောင်းကနေ ပုံမှန်မဟုတ်တဲ့ အရည်တွေထွက်ရခြင်းရဲ့ ယေဘူယျအကြောင်းအရင်းတွေဘဲ ဖြစ်ပါတယ်။

ကာလသားရောဂါလိုမျိုး ယောနိလမ်းကြောင်းမှထွက်ရှိတဲ့အရည်တွေကို ပြောင်းလဲတဲ့ ပိုးကူးစက်မှုမျိုးမှာ လိင်ဆက်ဆံရာမှ ကူးစက်ပြန့်ပွားတာဖြစ်ပါတယ်။

သင့်ယောနိလမ်းကြောင်းကနေထွက်ရှိတဲ့အရည်တွေ တစ်ခုခုပြောင်းလဲနေတာသတိထားမိရင် (ဒါမှမဟုတ်) ပြသနာတစ်စုံတစ်ရာရှိနေတယ်လို့ထင်ရင် ဆရာဝန်နဲ့ ချက်ချင်းသွားရောက်ပြသသင့်ပါတယ်။

တစေးပေါက်စေတဲ့ ကပ်ပါးမှိုအစုကြောင့် ကူးစက်ဖြစ်ပွားသောရောဂါ (ဒါမှမဟုတ်) မှိုတစ်မျိုးကြောင့်ဖြစ်ပွားသော သားအိမ်လမ်းကြောင်းမှာ ဖြစ်ပွားတဲ့ကူးစက်ရောဂါတွေဟာ ဒိန်ခဲပျော့ပျော့တွေနဲ့တူတဲ့ ဖြူဖွေးပြီးပြစ်နှစ်နေတဲ့အရည်တွေ ထွက်ရှိစေတတ်ပါတယ်။ များသောအားဖြင့် ဒီကူးစက်ရောဂါကြောင့် အနနံ့ပြင်းပြင်းတွေမထွက်တတ်ပေမယ့် ပြင်းထန်တဲ့ယားယံခြင်းနဲ့ ပူစပ်ပူလောင်ဖြစ်ခြင်းတွေကို ဖြစ်ပွားစေတတ်ပါတယ်။

ယောနိလမ်းကြောင်းအတွင်းဘတ်တီးရီးယားကူးစက်ခြင်းကြောင့်ထွက်တဲ့အရည်တွေက အနံ့ဆိုးရွားပြီး ငါးညှီနံ့လိုအနံ့အသက်ဆိုးတွေ ထွက်လာတတ်ပါတယ်။ အရည်တွေကကြဲပေမယ့် အရောင်က ခပ်မှိုင်းမှိုင်းဖြစ်နေတတ်ပါတယ်။

အဖြစ်များတဲ့လိင်ဆက်ဆံခြင်းမှှုတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါဖြစ်တဲ့ ကပ်ပါးကောင်ကြောင့်ဖြစ်ပွားတဲ့ရောဂါမှ အနံ့ပြင်းပြင်းတွေထွက်လာတတ်ပါတယ်။ ထွက်ရှိတဲ့အရည်တွေက စိမ်းဝါရောင်ဖြစ်ပြီး အမြုပ်တစ်စီစီထနေတတ်ပါတယ်။ များသောအားဖြင့် ဒီရောဂါကြောင့် ဆီးသွားနေစဉ်မှာ ယောနိလမ်းကြောင်းယားယံခြင်းနဲ့နာကျင်ခြင်းတွေ ခံစားရနိုင်ပါတယ်။ ကပ်ပါးကောင်ကြောင့်ဖြစ်ပွားသောရောဂါဆိုင်ရာ နောက်ထပ်အကြောင်းအရာများကို ဤနေရာတွင် ဖတ်ရှုပါ။

အိမ်သာသုံးပြီးလျှင်မိန်းမကိုယ်အား အရှေ့မှအနောက်သို့ သုတ်သင်သန့်စင်ပေးပါ။ ဒီလိုသန့်စင်တာဟာ စအိုနေရာမှာရှိတဲ့ ဘက်တီးရီးယားတွေ မွေးလမ်းကြောင်းထဲကိုရောက်မသွားစေဖို့ တားဆီးကာကွယ်ပေးပါတယ်။
နေ့အချိန်မှာ ချည်သားအောက်ခံဘောာင်းဘီတွေကို ဝတ်ဆင်ပါ။ ချည်သားဘောင်းဘီတွေဟာ မျိုးပွားအင်္ဂါနေရာကို လေဝင်လေထွက်ကောင်းစေပါတယ်။ ဒါပေမယ့် ညအချိန်မှာတော့ အောက်ခံဘောင်းဘီမဝတ်ပါနဲ့။
ဘောင်းဘီကြပ်ကြပ်တွေ၊ ခြေအိတ်တွေ၊ ရေကူးဝတ်စုံတွေ၊ အားကစားဘောင်းဘီတွေကို အချိန်အကြာကြီး မဝတ်ထားပါနဲ့။
အဝတ်လျှော်ဆပ်ပြာ (ဒါမှမဟုတ်) ချည်မျှင်တွေ နူးညံ့ပျော့ပြောင်းစေတဲ့အရည်တွေကြောင့် သင့်ရဲ့မျိုးပွားအင်္ဂါနေရာမှာ ကျိန်းစပ်စပ်ဖြစ်နေတယ်လိုထင်ရင် တခြားအဝတ်လျှော်ဆပ်ပြာ (ဒါမှမဟုတ်) ချည်မျှင်တွေ နူးညံ့ပျော့ပြောင်းစေတဲ့အရည်တစ်မျိုးကို ပြောင်းသုံးပါ။။
တစ်ချို့တစ်ချိ့သောအမျိုးသမီးတွေဟာ ကွန်ဒုံးတွေမှာပါတဲ့ရာဘာစေးနဲ့ လိင်ဆက်ဆံတဲ့အချိန်မှာ အသုံးပြုတဲ့ဂျယ်လ်တွေကြောင့် စပ်ဖျဉ်းဖျဉ်းခံစားရတတ်ပါတယ်။ သင့်အတွက်သင့်တော်မည့်အမျိုးအစားကို ရှာဖွေပြီး ရွေးသုံးကြည့်ပါ။
နေ့စဉ်ရေချိုးပါ။ အဝတ်အစားတွေမဝတ်ဆင်မီ သင့်ရဲ့မျိုးပွားအင်္ဂါနေရာခြောက်သွေ့အောင် ဖွဖွသုတ်ပါ။
မွေးလမ်းကြောင်းအတွင်းကို ပြွတ်နဲ့ဆေးကြောခြင်း (ဒါမှမဟုတ်) ဆေးကြောသန့့်စင်ခြင်း မပြုပါနှင့်။ ဒီလိုဆေးကြောတာကြောင့် သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ pH ဖြစ်စဉ် အချိုးမညီဖြစ်သွားနိုင်ပါတယ်။
အမျိုးသမီးတစ်ကိုယ်ရည်သန့်စင် စပရေးများ/ဆေးရည်များ၊ အရောင်ရှိတဲ့ (ဒါမှမဟုတ်) အနံ့မွှေးတဲ့သန့်စင်ခန်းသုံးစက္ကူ (ဒါမှမဟုတ်) အနံ့မွှေးတဲ့ အမျိုးသမီးလစဉ်သုံးဂွမ်းဖတ် (ဒါမှမဟုတ်) ပျော့ဖတ်တွေကို အသုံးပြုခြင်းမှ ရှောင်ရှားပါ။

Ask your question

Do you know the secret to great sex? Being and staying curious. Dr Deep and our team love to answer your questions.

Ask anonymously Open Facebook Messenger