Trichomoniasis ရောဂါ
Trichomoniasis ရောဂါဟာ ကပ်ပါးပိုးကြောင့်ဖြစ်ပွားတတ်တဲ့ လိင်ဆက်ဆံခြင်းမှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒီရောဂါဟာ အမျိုးသမီးတွေမှာဆိုရင် ယောနိလမ်းကြောင်းမှာ ဖြစ်ပွားတတ်ပြီး အမျိုးသားတွေမှာဆိုရင် ဆီးလမ်းကြောင်းမှာ ဖြစ်ပွားတတ်ပါတယ်။ Trichomoniasis ရောဂါဟာ အမျိုးသမီးတွေရဲ့ယောနိလမ်းကြောင်းမှာအဖြစ်များတဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။
Trichomoniasis ရောဂါဟာ ယောနိလမ်းကြောင်း (ဒါမှမဟုတ်) စအိုအတိုင်း အကာအကွယ်မဲ့လိင်ဆက်ဆံနေစဉ်အတွင်း ခန္ဓာကိုယ်ကထွက်ရှိတဲ့အရည်တွေကနေတစ်ဆင့် ကူးစက်ပြန့့်နှံ့တတ်ပါတယ်။
လူတော်တော်များများ အထူးသဖြင့် အမျိုးသားတွေက သူတို့မှာ ဒီရောဂါ ကူးစက်ဖြစ်ပွားနေတယ်ဆိုတာကို သတိမပြုမိတတ်ကြပါဘူး၊ အမျိုးသမီးတွေမှာ ဖြစ်ပွားတတ်တဲ့ ရောဂါလက္ခဏာတွေကတော့
- အမြုပ်ထပြီး အနံ့အသက်မကောင်းသော အရည်များထွက်ရှိခြင်း၊
- အဝါရောင် (သို့မဟုတ်) အစိမ်းရောင်အရည်များ ထွက်ရှိခြင်း၊
- ယောနိအတွင်းနှင့် ယောနိတစ်ဝိုက်တွင် ယားယံခြင်း၊
- ပေါင်ခြံတွင် ယောင်ယမ်းခြင်း၊
- မကြာခဏဆီးသွားလိုခြင်း – ဆီးသွားစဉ်မကြာခဏ နာကျင်ခြင်းနှင့် ပူစပ်ပူလောင်ဖြစ်ခြင်း၊
- ဖြစ်တောင့်ဖြစ်ခဲဖြစ်ပေမယ့် အမျိုးသားတွေမှာလည်း ရောဂါလက္ခဏာတွေ ရှိတတ်ကြပါတယ်။ အဲ့ဒီ့ရောဂါလက္ခဏာတွေကတော့
- ဆီးလမ်းကြောင်းမှ အရည်များထွက်ခြင်း၊
- မကြာခဏဆီးသွားလိုခြင်း – ဆီးသွားစဉ်မကြာခဏ နာကျင်ခြင်းနှင့် ပူစပ်ပူလောင်ဖြစ်ခြင်း၊
တကယ်လို့ သင်ကအမျိုးသမီးဆိုရင် သင့်ကျန်မာရေးစောင့်ရှောက်ပေးသူက သင့်ယောနိလမ်းကြောင်းကထွက်ရှိလာတဲ့စွန့်ထုတ်တဲ့အရည်ကို နမူနာယူဖို့ နာကျင်မှုမရှိတဲ့ တင်ပါးဆုံးရိုးစစ်ဆေးမှု ပြုလုပ်ပါလိမ့်မယ်။
သင်ကအမျိုးသားတစ်ဦးဆိုရင်တော့ သင့်ကျန်းမာရေးစောင့်ရှောက်ပေးသူက စွန့်ထုတ်တဲ့အရည်နမူနာရဖို့အတွက် အစပိုင်းပျော့ပျော့လေးနဲ့ သင့်ဆီးလမ်းကြောင်းကနေ နမူနာယူပါလိမ့်မယ်။ ဆေးပညာရှင်က သင့်ကို ပဋိဇီဝဆေးတွေ ညွှန်ကြားပါလိမ့်မယ်။ သင့်အဖော်ထံ ဒီရောဂါမကူးစက်အောင်လို့ ပဋိဇီဝဆေးအကုန်သောက်ပြီးတဲ့အထိ၊ သင့်အဖော်ပါ စစ်ဆေးကြည့်ပြီး လိုအပ်ပါက ဆေးကုသမှုတွေခံယူပြီးတဲ့အချိန်အထိ လိင်မဆက်ဆံသင့်ပါဘူး။
Source: http://www.teensource.org/std/trichomoniasis https://www.plannedparenthood.org/learn/stds-hiv-safer-sex/trichomoniasis