ကျန်းမာတဲ့ ဆက်ဆံရေး
ကျန်းမာတဲ့ဆက်ဆံရေးဆိုတာ သင်ရော သင့်အဖော်ပါ ပျော်ရွင်ပြီး သက်တောင့်သက်သာရှိကာ လုံခြုံစိတ်ချရတဲ့ဆက်ဆံမှုကို ဆိုလိုတာပါ။ ဒါဟာ ဆက်ဆံခြင်းမှာ အစစအရာရာအဆင်ပြေချောမွေ့တယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ဆက်ဆံနေစဉ်အတွင်း သင့်ရဲ့စိတ်ရော၊ ခန္ဓာပါ လုံခြုံစိတ်ချရတယ်လို့ ခံစားရပြီး သင်ပျော်ရွှင်မှုခံစားရတာ ကိုယ့်အတွက်ကောင်းမွန်တယ်လို့ ခံစားရတာတွေကို အသေအချာဆိုလိုတာပါ။ လူငယ်တွေမေ့နေတတ်တဲ့ အရေးကြီးတဲ့တစ်ချက်ကတော့ တစ်ဦးချင်းစီရဲ့စိတ်ဝင်စားမှုကို ဆက်လက်ဆွြဆောင်ထားနိုင်ဖို့၊ မိမိတို့ကိုယ်ပိုင်သူငယ်ချင်းတွေ စိတ်ကူးယဉ်ဆန်ဆန်ပါဝင်လာကြတဲ့အခါ သူတို့နဲ့အတူ အပြင်သွားဖို့ ကျန်းမာနေရမယ်ဆိုတာပါဘဲ။
ကျန်းမာတဲ့ဆက်ဆံရေးကို အောက်ပါအတိုင်း အဓိပါ္ပယ်တွေ ဖွင့်ဆိုပါတယ်။
- သင့်အဖော်က ယုံကြည်ကိုးစားဖွယ်ကောင်းတယ်လို့ မြင်ခြင်း၊သင့်အဖော်မှ ကူညီပေးခြင်း၊
- သူတို့နဲ့အတူရှိနေတဲ့အခါ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံ
- မှုရှိတယ်လို့ ခံစားရခြင်း၊အချင်းချင်း လုံးဝ၊ချွင်းချက်မရှိ ရိုးသားနိုင်ခြင်း၊
- တစ်ယောက်နဲ့တစ်ယောက် လေးစားမှုကို မကြာခဏပြသခြင်း၊