Facebook Page
www.facebook.com/thiloyarmay
Viber Community
https://bit.ly/33PKFZ9
Call Thiloyarmay
09894777262
Facebook Group
https://bit.ly/2KKaAtF
Email Thiloyarmay
[email protected]

လိင်အကြောင်း ပိုမိုရှာဖွေရန်

ပုံမှန်စစ်ဆေး ကျန်းမာရေး (မ)

မျိုးဆက်ပွားစနစ်တွေကရှုပ်ထွေးပြီးအမျိုးသမီးအများစုမှာကျန်းမာရေးနဲ့ပတ်သက်ပြီးပြဿနာမရှိရင်ကျန်းမာရေးကောင်းဖို့စစ်ဆေးမှုတွေလုပ်ဆောင်ဖို့အရေးကြီးပါတယ်။အချိူ့ကျန်းမာရေးစစ်ဆေးမှုတွေကအိမ်မှာလုပ်ဖို့ရိုးရှင်းလွယ်ကူပြီးအချို့ကဆရာဝန်ဆီရံဖန်ရံခါသွားရောက်ပြသဖို့လိုပါတယ်။ဒီစစ်ဆေးမှုကနေအမျိုးသမီးကကျန်းမာရေးကောင်းတာကိုသိရှိနိုင်ပြီးတခုခုဖြစ်နေရင်လည်းစောစောစီးစီးရှာဖွေတွေ့ရှိနိုင်ပါတယ်။အကြံပြုထောက်ခံထားတဲ့စမ်းသပ်စစ်ဆေးမှုစာရင်းကိုအောက်မှာကြည့်ပါ။

အမျိုးသမီးတွေအတွက်သူတို့ရင်သားကျန်းမာရေးကိုအမြဲစောင့်ကြည့်ဖို့အရေးကြီးပါတယ်။ရင်သားကင်ဆာကအမျိုးသမီးတွေမှာ သေဆုံးမှုအများဆုံးတွေထဲက တခုဖြစ်ပြီးစောစော စီးစီးသိရင်လွယ်လွယ်ကူကူ တွေ့ရှိပြီးကုသနိုင်ပါတယ်။ တလတကြိမ် အမျိုးသမီးတွေကရေမချိုးခင်၊ရေချိုးပြီးချိန်နဲ့ အခြားအချိန်မှာ လွယ်လွယ်ကူကူလုပ်နိုင်တဲ့ မိမိဘာသာရင်သား စမ်းသပ်စစ်ဆေးမှု ကိုပြုလုပ်သင့်ပါတယ်။

ဒီစမ်းသပ်စစ်ဆေးမှုအတွက်အဆင့် ၃ ဆင့်ရှိပါတယ်။

၁။မတ်တပ်ရပ်နေတဲ့အခါရင်သားတဝိုက်မှာအဖု၊အခဲ၊မာနေတာတွေ(သို့မဟုတ်)အခြားပြောင်းလဲမှုတွေအတွက်ရင်သားကိုလက်ချောင်းတွေနဲ့ထိတွေ့ကိုင်တွယ်ပါ။

၂။မှန်ထဲမှာရင်သားတွေကိုကြည့်ပြီးနို့သီးခေါင်းရောင်နေတာတွေ၊အရောင်ပြောင်းလဲတာတွေကိုရှာဖွေပါ။

၃။လဲလျောင်းပြီးခေါင်းအုံးနဲ့ပုခုံးတွေကိုမြှင့်တင်လိုက်ပြီးခေါင်းအပေါ်ဘက်ကိုလက်မောင်းတဖက်စီမတင်ပြီးအဖု၊အခဲ၊မာနေတဲ့နေရာတွေ၊နို့သီးခေါင်းကနေအရည်တွေထွက်လာလားဆိုတာစစ်ဆေးပါ။

တစ်လတစ်ကြိမ်ဒီစစ်ဆေးမှုကိုလုပ်ခြင်းအားဖြင့်ဘယ်ပြောင်းလဲမှုမျိုးမဆိုလွယ်လွယ်ကူကူသိရှိနိုင်ပြီးပြင်းထန်တဲ့ဘယ်ဖျားနာမှုမျိုးမဆိုလျင်လျင်မြန်မြန်စစ်ဆေးသိရှိနိုင်ပါတယ်။အမျိုးသမီးတယောက်မှာအဖု၊အခဲ(သို့မဟုတ်)မူမမှန်တာမျိုးတွေ့ရင်ရင်သားကိုစမ်းသပ်စစ်ဆေးဖို့ဆရာဝန်ဆီချက်ချင်းသွားရောက်ပြသပါ။

သားအိမ်ခေါင်းစမ်းသပ်စစ်ဆေးမှုဆိုတာသားအိမ်ခေါင်းထဲမှာ၊ပိုးဝင်တာတွေ(သို့မဟုတ်)သားအိမ်ခေါင်းကင်ဆာဖြစ်စေတဲ့ပုံမှန်မဟုတ်တဲ့ဆဲလ်တွေရဲ့လက္ခဏာကိုစစ်ဆေးဖို့ဆရာဝန်(သို့မဟုတ်)သူနာပြုဆရာမတွေလုပ်ပေးတဲ့စစ်ဆေးမှုတခုပါ။

ဘာကြောင့်အရေးကြီးတာလဲ

ပုံမှန်မဟုတ်တဲ့ဆဲလ်တွေနဲ့ပိုးဝင်တာတွေကိုစစ်ဆေးနိုင်ပါတယ်။
သားအိမ်ခေါင်းကင်ဆာကြီးထွားလာတာကိုရပ်တန့်ဖို့ဆဲလ်တွေကိုစောစောစီးစီးကုသခြင်း
သားအိမ်ခေါင်းကင်ဆာကိုကာကွယ်ပေးခြင်း
ဘယ်သူတွေကသားအိမ်ခေါင်းစမ်းသပ်စစ်ဆေးမှုကိုရသင့်လဲ

လွန်ခဲ့တဲ့၃နှစ်အတွင်းလိင်ပိုင်းဆိုင်ရာတက်ကြွတဲ့အသက်၂၁နှစ်ကနေ၆၉နှစ်ကြားအမျိုးသမီးတွေ(ပါးစပ်ဖြင့်လိင်ဆက်ဆံခြင်း၊ယောနိလမ်းကြောင်းမှလိင်ဆက်ဆံခြင်း၊စအိုဝဖြင့်လိင်ဆက်ဆံခြင်း၊နမ်းခြင်းနဲ့အခြားလိင်ဆက်ဆံမှုဘယ်လိုပုံစံမဆိုပါဝင်ပါတယ်။)
လိင်အင်္ဂါကြွက်နို့ကာကွယ်ဆေးထိုးထားတဲ့အမျိုးသမီးတွေလည်းသားအိမ်ခေါင်းစမ်းသပ်စစ်ဆေးမှုလုပ်ဖို့လိုအပ်ပါတယ်။
သားအိမ်ဖယ်ထုတ်လိုက်တာကြောင့်သားအိမ်ခေါင်းမရှိတဲ့အမျိုးသမီးတွေ(သို့မဟုတ်)ပုံမှန်မဟုတ်တဲ့သားအိမ်ခေါင်းစစ်ဆေးမှုရလဒ်ရာဇဝင်ကစစ်ဆေးစမ်းသပ်မှုမလိုအပ်ပါဘူး။
စမ်းသပ်စစ်ဆေးမှုဘယ်လိုလုပ်ဆောင်လဲ

သားအိမ်ခေါင်းစမ်းသပ်စစ်ဆေးမှုကရိုးရှင်းပြီးမြန်ဆန်တဲ့လုပ်ငန်းစဉ်ပါ။စမ်းသပ်စစ်ဆေးနေစဉ်အတောအတွင်းကုတင်ပေါ်မှာခါးကနေခြေထောက်ထိအဝတ်အစားမပါပဲလဲလျောင်းရပါမယ်။speculamလို့ခေါ်တဲ့သတ္တုကိရိယာကိုဆရာဝန်ကသင့်မိန်းမကိုယ်ထဲကိုထည့်ပေးပြီးသင့်သားအိမ်ခေါင်းကိုမြင်ရအောင်မိန်းမကိုယ်ကိုအနည်းငယ်ဖွင့်ဖို့ဒီကိရိယာကိုအသုံးပြုပါ။

ဘရက်(ရှ်)အသေး(သို့မဟုတ်)တုတ်ချောင်းအသေးလေးကိုစစ်ဆေးမှုခံယူရန်သားအိမ်ခေါင်းနံရံမှနမူနာဆဲလ်သေးလေးများကိုသုတ်လိမ်းရန်မိန်းမကိုယ်ထဲသို့ထည့်သွင်းပါ။

စိတ်မသက်မသာဖြစ်ပေမဲ့မနာကျင်ပါဘူး။စိတ်သက်သာဖို့ကြိုးစားပါ။

အဲဒီ့နောက်ဆဲလ်တွေကိုဖန်ပြားချပ်ပေါ်တင်ပြီးစမ်းသပ်စစ်ဆေးဖို့ဓါတ်ခွဲခန်းသို့ပို့ပေးပါတယ်။ အဲလောက်ထိ ရိုးရှင်းပါတယ်။

သားအိမ်ခေါင်းစမ်းသပ်စစ်ဆေးမှုကိုဘယ်နှစ်ကြိမ်လောက်လုပ်သင့်လဲ

သင်ဟာအသက်၂၁နှစ်နဲ့၂၉နှစ်ကြားမှာရှိရင်၃နှစ်တိုင်းမှာသားအိမ်ခေါင်းစမ်းသပ်စစ်ဆေးမှုလုပ်သင့်ပါတယ်။
သင်ဟာအသက်၃ဝနဲ့၆၄ကြားမှာရှိရင်၅နှစ်တိုင်းမှာသားအိမ်ခေါင်းစမ်းသပ်စစ်ဆေးမှုနဲ့လိင်အင်္ဂါကြွက်နို့စမ်းသပ်စစ်ဆေးမှုကိုအတူလုပ်သင့်တာ(သို့မဟုတ်)၃နှစ်တိုင်းမှာသားအိမ်ခေါင်းစမ်းသပ်စစ်ဆေးမှုတခုတည်းလုပ်သင့်ပါတယ်။
သင်ကအသက်၆၅နှစ်နဲ့အထက်ဆိုရင်သားအိမ်ခေါင်းစမ်းသပ်စစ်ဆေးမှုကိုရပ်တန့်လို့ရနိုင်မလားဆိုတာဆရာဝန်ကိုမေးမြန်းပါ။
သားအိမ်ခေါင်းစမ်းသပ်စစ်ဆေးမှုအတွက်ဘယ်လိုပြင်ဆင်ရမလဲ

စစ်ဆေးမှုမခံယူခင်၂ရက်မှာမိန်းမကိုယ်သန့်စင်ဆေးရည်၊ခရင်(မ်)၊ဆေးဝါးတွေနဲ့လိင်ဆက်ဆံတာကိုရှောင်ကြဉ်ရပါမယ်။

သားအိမ်ခေါင်း ကင်ဆာဖြစ်စေသော ဗိုင်းရစ်ပိုး ဆိုတာသားအိမ်ခေါင်း၊စအို၊ပါးစပ်နားနဲ့လည်ချောင်းနားမှာကူးစက်နိုင်ပြီးဖြစ်လေ့ရှိတဲ့လိင်ဆက်ဆံရာကတဆင့်ကူးစက်နိုင်တဲ့ရောဂါပိုးတခုဖြစ်ပါတယ်။

လိင်အင်္ဂါကြွက်နို့ပိုးအမျိုးအစား၁ဝဝကျော်ရှိပြီး၄ဝကျော်လောက်ကလိင်ပိုင်းဆိုင်ရာထိတွေ့ခြင်းမှကူးစက်ပျံ့နှံ့ပါတယ်။

သားအိမ်ခေါင်း ကင်ဆာဖြစ်စေသော ဗိုင်းရစ်ပိုး ဘယ်လိုရတာလဲ

အရေပြားအသားချင်းထိတွေ့မှု (နမ်းခြင်း၊ လိင်အင်္ဂါထိတွေ့ခြင်း၊ လိင်ပိုင်းဆိုင်ရာလှုံ့ဆော်ပေးတဲ့ အရုပ်တွေကို မျှဝေသုံးခြင်း)
မိန်းမကိုယ်မှ လိင်ဆက်ဆံခြင်း၊ ပါးစပ်ဖြင့်လိင်ဆက်ဆံခြင်း၊ စအိုဝဖြင့်လိင်ဆက်ဆံခြင်းမှ ကူးစက်နိုင်ပါတယ်။
ရောဂါလက္ခဏာမရှိရင်တော သားအိမ်ခေါင်း ကင်ဆာဖြစ်စေသော ဗိုင်းရစ်ပိုး ကူစက်နိုင်ပါတယ်။ ဆိုလိုတာက ဘာရောဂါလက္ခဏာမှမရှိတဲ့သူဆီကနေ သားအိမ်ခေါင်း ကင်ဆာဖြစ်စေသော ဗိုင်းရစ်ပိုး ရရှိနိုင်ပါတယ်။
ကလေးမွေးဖွားနေစဉ်မိခင်မှ ကလေးသို့ ကူးစက်နိုင်ပါတယ်။
သားအိမ်ခေါင်း ကင်ဆာဖြစ်စေသော ဗိုင်းရစ်ပိုးရဲ့အမှတ်အသားရောဂါလက္ခဏာတွေကဘာတွေလဲ

အချို့လူတွေကလိင်အင်္ဂါကြွက်နို့ (လိင်အင်္ဂါအနီးတဝိုက်မှာ အသားရောင်လို အဖုလေးတွေ) ခံစားရပြီး မနာပေမဲ့ ယားယံပြီးစိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ လိင်အင်္ဂါကြွက်နို့ရှိတဲ့ လိင်အင်္ဂါကြွက်နို့အမျိုးအစားက ကင်ဆာမဖြစ်စေပါဘူး။

သားအိမ်ခေါင်းကင်ဆာဖြစ်စေတဲ့ လိင်အင်္ဂါကြွက်နို့ပိုး အခြားအမျိုးအစားကရောဂါလက္ခဏာတောင်မပြပေမဲ့က င်ဆာဆက်ဖွံ့ဖြိုးလာဖို့နှစ်ပေါင်းများစွာ ကြာပါတယ်။ ဒါကြောင့်အသက်၂ နှစ်ပြည့်ပြီးတာနဲ့ အမျိုးသမီးတွေအတွက် မှန်ကန်တဲ့ကုသမှုနဲ့ သားအိမ်ခေါင်းကင်ဆာကို ကာကွယ်ဖို့ပုံမှန်စစ်ဆေးမှုတွေနဲ့ သားအိမ်ခေါင်းစမ်းသပ်စစ်ဆေးမှုတွေ လုပ်ဖို့လိုအပ်ပါတယ်။

သားအိမ်ခေါင်း ကင်ဆာဖြစ်စေသော ဗိုင်းရစ်ပိုး ကာကွယ်ဆေးကိုဘယ်အချိန်မှာရနိုင်မလဲ

သင်ကဘယ်သူနဲ့ မဆိုလိင်ပိုင်းဆိုင်ရာ ထိတွေ့မှုမပြုလုပ်ခင် လိင်အင်္ဂါကြွက်နို့ပိုးကာကွယ်ဆေးက အကောင်းဆုံး အာနိသင်ပြပါတယ်။

အသက် ၁၁ နှစ်(သို့မဟုတ်) ၁၂ နှစ်မှာ မိန်းကလေးတွေလိင်အင်္ဂါကြွက်နို့ပိုး ကာကွယ်ဆေးကို ၃ ကြိမ်ထိုးသင့်ပါတယ်။
အသက် ၁ ၃ နှစ်ကနေ ၂၆ နှစ်တလျှောက်မိန်းကလေးတွေနဲ့ အမျိုးသမီးတွေမှာ အသက်ငယ်ချိန်က ၃ ခါမထိုးခဲ့ရင် တခါမှမထိုးခဲ့ရရင် ကာကွယ်ဆေးထိုးနိုင်ပါတယ်။
လိင်အင်္ဂါကြွက်နို့ိပိုး ကာကွယ်ဆေးထိုးခြင်းကို ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် အကြံပြု မထောက်ခံထားပါ။
ကောင်းကျိုးများနဲ့ဆိုးကျိုးများ

သားအိမ်ခေါင်းကင်ဆာနဲ့လိင်အင်္ဂါကြွက်နို့ကို ကာကွယ်ဖို့အရေးကြီးတဲ့တိုးတက်မှု
သားအိမ်ခေါင်းကင်ဆာ ၇ဝ% နဲ့လိင်အင်္ဂါကြွက်နို့၉ဝ% ဖြစ်နိုင်တဲ့လိင်အင်္ဂါကြွက်နို့ပိုးကာကွယ်မှု
အနည်းဆုံး၁ဝနှစ်ကာကွယ်ပေးခြင်း
ဘေးကင်းစိတ်ချရပြီးထိရောက်မှုရှိပါတယ်။
ဘေးထွက်ဆိုးကျိုးအနည်းငယ်ရှိပါတယ်။(အပျော့စားနာကျင်မှုနဲ့ဆေးထိုးတဲ့နေရာမှာဖူးရောင်ခြင်း)
လိင်အင်္ဂါကြွက်နို့ပိုးရှိပြီးသားလူနာတွေကိုမကာကွယ်ပေးပါ။
ကာကွယ်မှုအပြည့်ရှိဖို့၆လကျော်မှာဆေးထိုးတာလိုအပ်ပါတယ်။

ဆေးခန်းမှာရင်သားစမ်းသပ်စစ်ဆေးမှုလုပ်တဲ့အခါအဖု(သို့မဟုတ်)ပုံမှန်မဟုတ်တဲ့တစ်သျှူးတွေရှာမတွေ့တဲ့အခါရင်သားတစ်သျှူးပြောင်းလဲမှုကိုအနီးကပ်ကြည့်ဖို့ဓါတ်မှန်ရိုက်တဲ့စစ်ဆေးမှုဖြစ်ပါတယ်။

သင်အသက်၄ဝထဲရောက်နေပြီဆိုရင်ရင်သားစစ်ဆေးမှုကိုနှစ်တိုင်းလုပ်သင့်ပါတယ်။၅ဝနဲ့၇၄ကြားဆိုရင်အခြားနှစ်ကိုပြောင်းပါ။

ရင်သားနဲ့သက်ဆိုင်တဲ့မကျေနပ်ချက်ရှိတဲ့အမျိုးသမီးတွေအတွက်၊ရင်သားဆိုင်ရာလက္ခဏာတွေဖြစ်တဲ့ရင်သားပုံစံ၊အရွယ်အစားပြောင်းလဲမှု၊အဖု၊နို့သီးခေါင်းမှနို့ရည်ထွက်ခြင်း၊နာကျင်မှုစတဲ့ရင်သားဆိုင်ရာလက္ခဏာတွေရှိတဲ့အမျိုးသမီးတွေအတွက်အသုံးပြုပါတယ်။

ရင်သားကင်ဆာကိုကာကွယ်ဖို့၁နှစ်ကနေ၃နှစ်ထိအမြဲရင်သားစစ်ဆေးမှုုပြုလုပ်သင့်ပါတယ်။သင့်မိသားစုထဲမှာရင်သားကင်ဆာဖြစ်ဖူးတဲ့ရာဇဝင်ရှိရင်နှစ်တိုင်းရင်သားစစ်ဆေးမှုခံယူဖို့အရေးကြီးပါတယ်။

Ask your question

Do you know the secret to great sex? Being and staying curious. Dr Deep and our team love to answer your questions.

Ask anonymously Open Facebook Messenger