အသည်းရောင်အသားဝါဘီရောဂါ
အသည်းရောင်အသားဝါဘီရောဂါဆိုတာ ဗိုင်းရပ်တစ်မျိုးကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါဖြစ်ပြီး အသည်းမှာ ကူးစက်ဖြစ်ပွားတတ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ လူဦးရေရဲ့ (၈)ရာခုင်နှုန်းကနေ (၁၀)ရာခိုင်နှုန်းကြားဟာ အသည်းရောင်အသားဝါဘီရောဂါကူးစက်ခံစားနေရတယ်လို့ ယူဆရပါတယ်။
ဒီအသည်းရောင်အသားဝါဘီရောဂါဟာ အလွန်ကူးစက်လွယ်ပါတယ်။ ပါးစပ်၊ ယောနိလမ်းကြောင်း (ဒါမှမဟုတ်) စအိုဝအတိုင်း အကာအကွယ်မဲ့လိင်ဆက်ဆံနေစဉ်အတွင်း သုတ်ပိုး၊ ယောနိမှအရည်ကြည်တွေ၊ သွေး (ဒါမှမဟုတ်) ဆီးတွေ ထိတွေ့ဖလှယ်သွားတဲ့အခါမှာ အသည်းရောင်အသားဝါဘီရောဂါကူးစက်တတ်ပါတယ်။ ဒီဗိုင်းရပ်စ်ပိုးရှိတဲ့သူတစ်ယောက်ယောက်နဲ့ အပ်၊ လက်သည်းညှပ်၊ မုတ်ဆိတ်ရိတ်ဂျုတ် (ဒါမှမဟုတ်) သွားပွတ်တံတွေ အတူမျှဝေသုံးစွဲမိရင် (ဒါမှမဟုတ်) ရောဂါပိုးရှိတဲ့ကိရိယာနဲ့ တက်တူးထိုးရင် (ဒါမှမဟုတ်) ကိုယ်ခန္ဓာအတွင်း ထိုးသွင်းရင်လည်း အသည်းရောင်အသားဝါဘီပိုး ကူးစက်နိုင်ပါတယ်။
အသည်းရောင်အသားဘီရောဂါခံစားနေရတဲ့သူအများစုတောင်မှ ရောဂါလက္ခဏာကို မသိကြပါဘူး။ အများစုကတော့ သူတို့ကိုယ်သူတို့နေကောင်းတယ်လို့ ခံစားနေရနိုင်သလို တုပ်ကွေးဖြစ်နေတယ်လို့လဲ ခံစားရနိုင်ပါတယ်။ လူတချို့မှာတော့ အောက်ဖော်ပြပါ ရောဂါလက္ခဏာတွေ ရှိတတ်ကြပါတယ်။
- အသား (သို့မဟုတ်) မျက်စိဝါခြင်း၊
- အစားစားချင်စိတ်မရှိခြင်း (အစားမစားလိုခြင်း)၊
- အလွန်အမင်းပင်ပန်းနွမ်းနယ်ခြင်း၊
- အညိုရောင် (သို့မဟုတ်) အမည်းရောင် ဆီးသွားခြင်း (ဆီး)၊
- အရောင်တောက်တောက် (သို့မဟုတ်) အရောင်မှိန်မှိန် မစင်သွားခြင်း၊
- အစာအိမ်၊ ကြွက်သား (သို့မဟုတ်) အဆစ်များ နာကျင်ကိုက်ခဲခြင်း။
ဆရာဝန်က သင့်မှာ အသည်းရောင်အသားဝါဘီရောဂါဖြစ်နေတတ်လို့ထင်ရင် သူက သင့်ကို ရိုးရှင်းတဲ့သွေးစစ်မှု ပြုလုပ်ပေးနိုင်ပါတယ်။ အသည်းရောင်အသားဝါဘီရောဂါကို ကုသဖို့ဆေးမရှိပါဘူး။ ဒါပေမယ့် လူတချို့မှာတော့ သူ့ဘာသာသူပျောက်ကင်းသွားတတ်ပါတယ်။ တချို့တချို့မှာတော့ သူတို့ရဲ့ကျန်ရှိနေတဲ့ဘဝသက်တမ်းတစ်လျှောက်လုံး ဒီရောဂါဆက်ရှိသွားတတ်ကြပါတယ်။ အသည်းရောင်အသားဝါရောဂါကို ရေရှည်ခံစားနေရတဲ့သူတွေရဲ့အသည်းကို ကူညီပေးတဲ့ဆေးဝါးတော့ ရှိပါတယ်။ သင့်မှာရောဂါလက္ခဏာတွေမပြရင်တောင်မှ တကယ်လို့ သင်တခြားသူတွေနဲ့ အကာအကွယ်မဲ့လိင်ဆက်ဆံတယ်ဆိုရင် သင့်ထံကနေတစ်ဆင့် သူတို့ဆီကို ဒီရောဂါကူးသွားနိုင်ပါတယ်။
ဒါပေမယ့် ကလေးငယ်တွေအတွက် ထောက်ခံချက်ပေးထားတဲ့ ကာကွယ်ဆေးသောက်သုံးပြီး အသည်းရောင်အသားဝါဘီရောဂါကို ကာကွယ်ရှောင်ရှားနိုင်ပါတယ်။ တကယ်လို့ သင် အသည်းရောင်အသားဝါဘီပိုးကာကွယ်ဆေးမထိုးရသေးဘူးဆိုရင် ဆရာဝန်ကို အသိပေးပြောကြားသင့်ပါတယ်။
Source: http://www.teensource.org/std/hepatitis-b