Facebook Page
www.facebook.com/thiloyarmay
Viber Community
https://bit.ly/33PKFZ9
Call Thiloyarmay
09894777262
Facebook Group
https://bit.ly/2KKaAtF
Email Thiloyarmay
[email protected]

လိင်အကြောင်း ပိုမိုရှာဖွေရန်

အမျိုးသား သန္ဓေမြုံခြင်း

အချို့အိမ်ထောင်သည်စုံတွဲတွေမှာကိုယ်ဝန်ဆောင်ဖို့အခက်အခဲတွေကြုံတွေ့တတ်ကြပါတယ်။ ကိုယ်ဝန်ရဖို့ ကြိုးစားတာတစ်နှစ်မအောင်မြင်ရင် မြုံတယ်လို့ယူဆပါတယ်။ စုံတွဲ (၁ဝ) တွဲမှာ ကလေးမရတာမျိုးကြုံရတာ တစ်တွဲထက်ပိုနိုင်ပါတယ်။

သားမြုံတာက အမျိုးသမီးတစ်ယောက်တည်းရဲ့ပြဿနာလို့ ထင်ကြတယ်။အမျိုးသားတွေမှာလည်းမျိုးပွားခြင်းပြဿနာတွေရှိပါတယ်။စုံတွဲတစ်တွဲမှာကိုယ်ဝန်ဆောင်ဖို့အခက်အခဲရှိတဲ့အခါပြဿနာကအမျိုးသားမြုံတာဖြစ်နိုင်သလိုအမျိုးသမီးမြုံတာလည်းဖြစ်နိုင်ပါတယ်။ဒါကြောင့်အိမ်ထောင်သည်စုံတွဲတွေမှာကလေးမရတာတွေရှိလာတဲ့အခါအမျိုးသား၊အမျိုးသမီးနှစ်ယောက်စလုံး ကိုယ်ဝန်မရခြင်းရဲ့ ပြဿနာကို စစ်ဆေးမှုခံယူရပါတယ်။

ပထမဆုံးအမျိုးသမီးတစ်ယောက်အတွက်ကိုယ်ဝန်ဆောင်ဖို့တစ်နှစ်လောက်အချိန်ယူရတယ်ဆိုတာသိဖို့အရေးကြီးပါတယ်။ဒါကပုံမှန်ပါပဲ။ဆရာဝန်အများစုကသားမြုံခြင်းစစ်ဆေးမှုမခံယူခင်တစ်နှစ်လောက်စောင့်ကြည့်ဖို့အကြုံပြုထားပါတယ်။သင်နဲ့သင့်အဖော်ကိုယ်ဝန်ရဖို့တစ်နှစ်ကျော်လောက်ကြိုးစားနေရင်ဆရာဝန်နဲ့သွားရောက်တွေ့ဆုံပါ။

အချို့ကျန်းမာရေးပြဿနာတွေက အမျိုးသားရဲ့စွမ်းဆောင်ရည်ကြောင့် အမျိုးသမီးကိုယ်ဝန်ရနိုင်ခြေ လျော့နည်းတတ်ပါတယ်။သင့်မှာ ယခင်က အောက်ပါရောဂါမျိူးရှိခဲ့ဖူးရင်ဆရာဝန်နဲ့မကြာခင်သွားရောက်ပြသပါ။

သားအိမ်အလုံးများ
ကပ်ပယ်အိတ်နဲ့ဝှေးစေ့မှာ ဒဏ်ရာရခြင်း
ယောကျာ်း လိင်တံမာတောင့်ခြင်းနှင့် ပတ်သတ်သော ပြဿနာများ
သုက်ရည်ထုတ်ခြင်းနှင့် ပတ်သတ်သောပြဿနာများ
ယောကျ်ားသားမြုံခြင်းမှာ အကြောင်းရင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ခြင်းရဲ့ဖြစ်လေ့ဖြစ်ထရှိတဲ့အကြောင်းရင်းကတော့သုက်ကောင်တွေနဲ့ဆက်စပ်နေပါတယ်။ (ထွက်တဲ့သုက်ကောင်ပမာဏနဲ့သုက်ကောင်ရဲ့အရည်အသွေးတွေကြောင့်ဖြစ်ပါတယ်။) သုက်ကောင်တွေနဲ့ဆက်စပ်နေတဲ့ပြဿနာတွေထဲမှာ

သုက်ကောင်ထွက်မှုနည်းခြင်း
လျင်မြန်စွာ မလှုပ်ရှားနိုင်သောသုက်ကောင်များ (သားဥဆီမရောက်ခင်သုက်ကောင်သေသွားခြင်း)
မှန်မှန်ကန်ကန်မဖြစ်ပေါ်သောသုက်ကောင်များ
အလွန်ထူပျစ်သောအဖြူရောင်အရည်ထွက်လာခြင်း(အရည်ထဲမှာသုက်ကောင်တွေလွယ်လွယ်ကူကူမလှုပ်ရှားနိုင်ခြင်း)
သုက်ကောင်မရှိခြင်း
သုက်ကောင်နဲ့ သက်ဆိုင်တဲ့ပြဿနာတွေက သုက်ကောင်ဖြစ်စေတဲ့ဟော်မုန်းအနည်းအများကြောင့်ဖြစ်ပေါ်လာပါတယ်။

အမျိုးသားသားမြုံခြင်းရဲ့အခြားအကြောင်းရင်းကသုက်ရည်အပြင်စွန့်ထုတ်ခြင်းပြဿနာဖြစ်ပါတယ်။အချို့ဖြစ်ရပ်တွေမှာယောကျ်ားမျိုးပွားအင်္ဂါထဲကပြွန်တွေဟာပိတ်ဆို့ထားပါတယ်။အဲဒီလိုဆိုရင်သုက်ရည်အပြင်စွန့်ထုတ်ဖို့အခက်အခဲရှိနိုင်ပြီးကာမဆန္ဒအမြင့်ဆုံးအချိန်ရောက်ရှိတဲ့အခါဘာမှထွက်မလာပါဘူး။အချို့ကိစ္စရပ်တွေမှာကလေးမရတာနဲ့ပတ်သက်ပြီးသိနိုင်တဲ့အကြောင်းရင်းမရှိပါဘူး။ဒါကိုရှင်းပြလို့မရတဲ့သားမြုံခြင်းလို့ခေါ်ပါတယ်။ ဒါဟာအလွန်စိတ်ရှုပ်ထွေးစရာကောင်းတဲ့ရောဂါရှာဖွေဖော်ထုတ်ခြင်းဖြစ်နိုင်ပါတယ်။

ဒါပေမဲ့သင့်မှာမရှင်းပြနိုင်တဲ့အမျိုးသားသားမြုံတာကိုစစ်ဆေးတွေ့ရှိထားရင်သင့်မှာကုသမှုနည်းလမ်းတွေရှိပါသေးတယ်။

ကင်ဆာရောင်ခြည်ကုသမှု၊မူးယစ်ဆေးဝါး၊အရက်သေစာအလွန်အကျွံသုံးစွဲမှုနဲ့စီးကရက်သောက်သုံးမှု၊ပိုးသတ်ဆေးနဲ့ခဲများမကြာခဏထိတွေ့မှု၊ကပ်ပယ်အိတ်နဲ့ဝှေးစေ့တွေမှာဒဏ်ရာရရှိမှုအစရှိတဲ့လုပ်ဆောင်ချက်တွေကသားမြုံတာကိုတိုးလာစေပါတယ်။

ကလေးမရတာကစိတ်အနှောင့်အယှက်ဖြစ်စေပြီးကြောက်လန့်ဖွယ်ရာပြဿနာဖြစ်ပေမဲ့ကုသမှုရနိုင်ပါတယ်။မြန်မာနိုင်ငံမှာအမျိုးသားသားမြုံခြင်းအတွက်ဟော်မုန်းဆေးဝါးကုသခံယူမှုကကုသမှုအရှိဆုံးဖြစ်ပါတယ်။စုံတွဲတွေကိုယ်ဝန်ရအောင်ကူညီဖို့အတွက်သဘာဝအတိုင်းမဟုတ်ပဲဖန်တီးလုပ်ထားတဲ့မျိုးစေ့ချခြင်းကိုအသုံးပြုနိုင်ပါတယ်။အမျိုးသားမှသုက်ကောင်ထုတ်ယူတဲ့အခါသုက်ရည်မှကျန်းမာသန်စွမ်းတဲ့သုက်ကောင်ကိုခွဲထုတ်ဖို့သန့်စင်ဆေးကြောပြီးသားအိမ်ထဲကိုထည့်သွင်းပေးရပါတယ်။အဲ့လိုထည့်တာကသုက်ကောင်တွေသားဥနဲ့ပိုနီးကပ်စေပါတယ်။သုက်ကောင်သားဥဆီရောက်ဖို့အချိန်နဲ့အကွာအဝေးကိုလျော့ချပေးပါတယ်။ နောက်ဆုံးအနေနဲ့ခွဲစိတ်ကုသမှုကိုကုသမှုအနေနဲ့သုံးနိုင်ပေမဲ့ဒီနည်းလမ်းကများသောအားဖြင့်ကုန်ကျမှုပိုများပါတယ်။

အမျိုးသားသားမြုံခြင်းမှာ အကြောင်းရင်းပေါ်မူတည်ပြီး ကုသမှုခံယူခြင်းကြာချိန်ကာလနဲ့ အမျိုးအစား ပြောင်းလဲပါတယ်။

သင့်မှာ ကိုယ်ဝန်မရနိုင်ဘူး၊ သားမြုံတယ်လို့ ခံစားနေရပါကဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။

Source: https://www.plannedparenthood.org/learn/men/male-infertility#sthash.7CYcRFnN.dpuf

Ask your question

Do you know the secret to great sex? Being and staying curious. Dr Deep and our team love to answer your questions.

Ask anonymously Open Facebook Messenger