Facebook Page
www.facebook.com/thiloyarmay
Viber Community
https://bit.ly/33PKFZ9
Call Thiloyarmay
09894777262
Facebook Group
https://bit.ly/2KKaAtF
Email Thiloyarmay
[email protected]

လိင်အကြောင်း ပိုမိုရှာဖွေရန်

အမျိုးသမီး သန္ဓေမြုံခြင်း

အမျိုးသမီးသန်းပေါင်းများစွာအနေနဲ့ သားသမီးမရ ခြင်းကိုရင်ဆိုင်ကြရတယ်။သင့်မှာကိုယ်ဝန်ဆောင်ဖို့အခက်အခဲရှိနေရင်(သို့မဟုတ်)ကိုယ်ဝန်ရဖို့ကြိုးစားနေတယ်ဆိုရင်သင်တစ်ယောက်တည်းမဟုတ်ပါဘူး။သတင်းကောင်းကသားသမီးရဖို့ပြဿနာရှိနေတဲ့အမျိုးသမီးတွေကလေးရဖို့ဆက်လက်ကြိုးစားနေကြတယ်။သင်ဟာသားသမီးမရနိုင်တဲ့အဖော်သူငယ်ချင်း(သို့မဟုတ်)မိသားစုဝင်နဲ့ထိတွေ့ဆက်ဆံနေရရင်အမျိုးသမီးမ ျားအနေနဲ့ သားသမီးမရခြင်း ဆေးစစ်ချက်နဲ့မြန်မာနိုင်ငံမှာရ ရှိနိုင်မယ့်ကုသနည်းတွေအကြောင်းလေ့လာဖို့ဒီအပိုင်းကိုအသုံးပြုပါ။

အချို့အမျိုးသမီးတွေမှာကိုယ်ဝန်ဆောင်ဖို့အခက်အခဲရှိကြတယ်။အမျိုးသမီးတစ်ယောက်မှာ ၁နှစ်လောက်မအောင်မြင်ဘဲကိုယ်ဝန်ရဖို့ကြိုးစားတဲ့အခါသားသမီးမရတာကိုတွေ့ရှိရပါတယ်။ အမျိုးသမီးတွေမှာထပ်ခါတလဲလဲကိုယ်ဝန်ပျက်ကျတဲ့အခါသားသမီးမရနိုင်တော့ဘူးလို့ယူဆကြတယ်။

အိမ်ထောင်သည်စုံတွဲ၁၀ယောက်မှာ၁ယောက်ထက်ပိုပြီးသားမြုံတာကိုတွေ့ကြုံ ရပါတယ်။သားသမီးမရတာကအမျိုးသမီးရဲ့ပြဿနာမဟုတ်ပါဘူး။အမျိုးသားတွေမှာလည်းပြဿနာရှိနိုင်ပါတယ်။ဇနီးမောင်နှံ တွေမှာကိုယ်ဝန်ရဖို့အခက်အခဲရှိတဲ့အခါအမျိုးသားရဲ့မျိုးပွားမှု အမျိုးသမီးရဲ့မျိုးပွားမှုအကြောင်းတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။

အိမ်ထောင်သည်တွေမှာကိုယ်ဝန်ဆောင်ဖို့ပြဿနာရှိတဲ့အခါမှာဖြစ်နိုင်ခြေရှိတဲ့ခန့်မှန်းသုံးသပ်ချက်တွေကတော့

-၃ကြိမ်မှာ၁ကြိမ်ကအမျိုးသားရဲ့မျိုးပွားမှုပြဿနာကြောင့်လည်းကောင်း

-၃ကြိမ်မှာ၁ကြိမ်ကအမျိုးသမီးရဲ့မျိုးပွားမှုပြဿနာကြောင့်သော်လည်းကောင်း

-၃ကြိမ်မှာ၁ကြိမ်ကအမျိုးသားအမျိုးသမီးနှစ်ဦးစလုံးမျိုးပွားမှုပြဿနာကြောင့်လည်းကောင်း သို့မဟုတ် သားသမီးမရနိုင်တဲ့အကြောင်းရင်းကိုရှာမတွေ့နိုင်ပါ။

ဒါကြောင့်အိမ်ထောင်သည်စုံတွဲတွေမှာသားသမီးမရတဲ့ပြဿနာတွေရှိနေရင်အမျိုးသား အမျိုးသမီးနှစ်ဦးစလုံးမျိုးပွားခြင်းပြဿနာတွေကိုစစ်ဆေးကြရပါမယ်။

အမျိုးသမီးမ ျား သားသမီးမရ နှုန်းဟာမြင့် တက်လာ ပါတယ်။ကျွမ်းကျင် သူတွေရဲ့ပြောဆိုချက်အရအမျိုးသမီးတွေဟာအသက်ပိုကြီးလာတဲ့ထိကလေးယူဖို့စောင့်စားနေကြပါတယ်။သားသမီးမရခြင်းဟာအမျိုးသမီးတွေ အတွက် ပြဿနာဖြစ် နိုင်ပါတယ်။ဆက်ဆံရေးတစ်ခုမှာ အသက်ငယ်ငယ်ကြီးကြီးတစ်ကိုယ်တည်း ဖြစ်ဖြစ်သားသမီးမရ ခြင်းဟာဘယ်အမျိုးသမီးကိုမဆိုသက်ရောက်နိုင်ပါတယ်။အမျိုးသမီး တစ်ယောက်အနေနဲ့ သားသမီးမရခြင်းကိုတွေ့ကြုံခံစားနေရတဲ့ကြောင်းရင်းများစွာရှိပါတယ်။

-သားဥမကြွေခြင်း သို့မဟုတ် ပုံမှန်သားဥမကြွေခြင်း

-သားဥပြွန်များပိတ်နေခြင်းကြောင့်သုက်ကောင်နှင့်သားဥတို့မတွေ့ဆုံနိုင်ခြင်း

-သားဥများက အရည်အသွေး နိမ့်ပါးခြင်း

-သားအိမ်ပုံသဏ္ဌာန်ကသန္ဓေအောင်မျိုးဥအတွက်သန္ဓေစွဲကပ်ဖို့အခက်အခဲဖြစ်ခြင်း

-နေရာလွဲမှားသားအိမ်တစ်သျှူးများရှိခြင်း

အချို့ကိစ္စတွေမှာသားမြုံခြင်းအတွက်သိနိုင်တဲ့အကြောင်းရင်းမရှိပါဘူး။ဒါကိုမရှင်းပြနိုင်တဲ့သားမြုံခြင်းလို့ခေါ်ပါတယ်။ဒါကအလွန်စိတ်အနှောင့်အယှက်ဖြစ်စေတဲ့စစ်ဆေးချက်ဖြစ်နိုင်ပါတယ်။ဒါပေမဲ့သင်ဟာမရှင်းပြနိုင်တဲ့သားမြုံခြင်းကိုစစ်ဆေးထားရင်တောင်မှသင့်မှာစဉ်းစားဖို့ကုသပုံနည်းလမ်းတွေ ရှိနေပါသေးတယ်။

အမျိုးသမီးတစ်ယောက်အတွက်ကိုယ်ဝန်ဆောင်ဖို့၁နှစ်လောက်ထိအချိန်ယူရပါတယ်။ဒါကပုံမှန်ပါပဲ။ ကျွမ်းကျင်ကျန်းမာရေးပညာရှင်တွေကတော့သားသမီးမရခြင်းအကြောင်းစမ်းသပ်တာကိုမရှာဖွေခင်အမျိုးသမီးတစ်ယောက်က၁နှစ်လောက်ကြိုးစားသင့်တယ်လို့အကြံပေးထားပါတယ်။ကိုယ်ဝန်ရဖို့မကြိုးစား ခင် ကျွမ်းကျင်ဆရာဝန် တွေထံသွားရောက်ပြီး ကိုယ်ဝန်မဆောင်မီ ကျန်းမာရေး အကြောင်းဆွေးနွေးတာ ကောင်းမွန်တဲ့ အကြံတစ်ခုပါ။တိကျသေချာ တဲ့ကျန်းမာ ရေးပြဿနာတွေကကိုယ်ဝန်ဆောင်ဖို့ ပိုမိုခက် အောင်ပြ ုလုပ်နိုင ်ပါတယ်။သင့်မှာအောက်ပါအကြောင်းတွေရှိခဲ့မယ်ဆိုရင်သင့်ဆရာဝန်နဲ့ မဆွေးနွေးခင် ကိုယ်ဝန်ရဖို့ကြိုးစားနေရင်၁နှစ်လုံးလုံးမစောင့်ပါနဲ့။

-နေရာလွဲမှားသန္ဓေဆောင်ခြင်း

-ရာသီဓမ္မတာပုံမှန်မလာခြင်း

-တင်ပါးဆုံတွင်းပိုင်းရောင်ရမ်းရောဂါရှိခြင်း

-ထပ်ခါတလဲလဲကိုယ်ဝန်ပျက်ကျခြင်း

-သိုင်းရွိုက်ပြဿနာရှိခြင်း

အချို့ကျွန်းကျင်ဆရာဝန်တွေက အသက် ၃၅ နှစ်ကျော်အမျိုးသမီးတွေအနေနဲ့ ကိုယ်ဝန်ရဖို့ ၆ လ ကြိုးစားပြီးနောက် သားမြုံကြောင်း စမ်းသပ်နည်း ရှာဖွေသင့်တယ်လို့ အကြုံပြု ထောက်ခံထားပါတယ်။

တိကျသေချာတဲ့အကြောင်းရင်းတွေကအမျိုးသမီးတစ်ယောက်ရဲ့သားသမီးမရခြင်းကိုတိုးမြှင့်စေနိုင်ပါတယ်။

အကြောင်းရင်းကတော့

-လိင်ဆက်ဆံရာကတဆင့်ကူးစက်နိုင်တဲ့ရောဂါနောက်ခံ(သို့မဟုတ်)ဟော်မုန်းဆိုင်ရာ ပြောင်းလဲမှုတွေဖြစ်စေတဲ့ကျန်းမာရေးပြသာနာများ

-အသက်အရွယ်-၃၅နှစ်အထက်

-ခန္ဓာကိုယ်အလေးချိန်များလွန်းခြင်း(သို့မဟုတ်)အလေးချိန်နည်းလွန်းခြင်း

-chemotherapy သို့မဟုတ် ကင်ဆာဓာတ်ရောင်ခြည်ကုသမှု

-ခဲနှင့်ပိုးသတ်ဆေးကဲ့သို့ပတ်ဝန်းကျင်အဆိပ်အတောက်များ

-မူးယစ်ဆေးဝါးအလွန်အကျွံသုံးစွဲမှု(သို့မဟုတ်)အရက်သေစာသောက်စားမှု

-အစားအသောက်ချို့တဲ့ခြင်း

-ဆေးလိပ်သောက်ခြင်း

သားသမီးမရခြင်းအကြောင်းစစ်ဆေးချက်က လပေါင်းများစွာကြာတဲ့အတွက်ကြောင့်အဖြေချက်ချင်းမရရင်အားမလျှော့ပါနဲ့။သားသမီးမရခြင်းအ ကြောင်းစမ်းသပ်နည်းသည်များသောအားဖြင့်ကျွမ်းကျင်ဆရာဝန်နှင့်ရုပ်ပိုင်းဆိုင်ရာစစ်ဆေးချက်များပြုလုပ်ပြီးသင့်ရဲ့ဆေးပညာနောက်ကြောင်းကိုမေးမြန်းခြင်းဖြင့်စတင်ပါတယ်။ရုပ်ပိုင်းဆိုင်ရာစစ်ဆေးချက်သည်ပုံမှန်တင်ပါးဆုံပိုင်းစစ်ဆေးချက်နဲ့တူညီပါတယ်။ ဆရာဝန်အနေနဲ့ultrasoundသုံးပြီးသားဥအိမ်နဲ့သားအိမ်ကိုကြည့်ရှုပါမယ်။သင့်ဟော်မုန်းတွေကို စစ်ဆေးဖို့သွေးစစ်ရပါမယ်။သင့်အနေနဲ့ရာသီဓမ္မတာခွင်တစ်ခုအလွန် သွေးစစ်ဆေးချက်အနည်းငယ် လိုအပ်ပါတယ်။

သားဥပြွန်နဲ့သားအိမ်ချို့ယွင်းချက်ရှိမရှိစမ်းသပ်နည်းဖြစ်တဲ့HSGစမ်းသပ်နည်းကိုအသုံးပြုပါတယ်။ အမျိုးသမီးအနေနဲ့စစ်ဆေးခံရမယ့်စားပွဲပေါ်မှာရှိရပါတယ်။သားအိမ်ခေါင်းထဲကိုပြွန်တစ်ချောင်းထည့်ပါတယ်။ဆိုးဆေး(သို့မဟုတ်)ဓာတ်ငွေ့တစ်မျိုးဟာပြွန်တလျှောက်ရောက်နေပါတယ်။ဆိုးဆေးကြည့်ရှုဖို့ ဓာတ်မှန်ရိုက်စက်သုံးရပါမယ်။ဆရာဝန်အနေနဲ့ သားအိမ်နဲ့သားဥပြွန်တစ်လျှောက်လှုပ်ရှားမှုကို စောင့်ကြည့်ရပါတယ်။ဓာတ်ငွေ့ကိုအသုံးပြုရင်ဆရာဝန်နှစ်ဦးကဓာတ်ငွေ့ပူဖောင်းသံနားထောင်ဖို့ ဆရာဝန်သုံးနားကြပ်ကိုအသုံးပြုရပါမယ်။ဒီနည်းကသားဥပြွန်တွေပွင့်တယ်ဆိုတာပြောပြနိုင်တဲ့ နည်းဖြစ်ပါတယ်။

သားသမီးမရခြင်းကုသမှုခံယူနေတဲ့အမျိုးသမီးအများစုဟာဆေးဝါးမှီဝဲကြရတယ်။ဆေးဝါးမှီဝဲတာကဟောမုန်းနဲ့သားဥကြွေခြင်းပြသာနာတွေကိုကုသပေးဖို့ဖြစ်ပါတယ်။သန္ဓေအောင်ဖို့ဆေးသောက်ရာမှာဘေးထွက်ဆိုးကျိုးတွေရှိပါတယ်။သင်သောက်သုံးရမယ့်ဆေးဝါးတွေရဲ့ဖြစ်နိုင်တဲ့အကျိုးကျေးဇူးတွေကို သင့်ဆရာဝန်နဲ့တိုင်ပင်ပြောဆိုပါ။

သားဥနဲ့သုတ်ကောင်တွေပေါင်းစပ်ရန်ကူညီဖို့ဆေးဝါးတစ်ခုတည်း(သို့မဟုတ်)အခြားကုသနည်းတွေနဲ့အသုံးပြုရပါမယ်။ဖြစ်နိုင်ခြေအများဆုံးရှိတဲ့ကုသနည်းနှစ်မျိုးမှာ

သားအိမ်ထဲကိုသုက်ပိုးထည့်ပေးနည်း—သုတ်ရည်ကိုအမျိုးသားဆီမှစုဆောင်းရရှိပါတယ်။သုတ်ကောင်ဆေးကြောနည်းကကျန်တဲ့သုတ်ရည်ထဲကကျန်းမာသန်စွမ်းတဲ့သုတ်ကောင်ကိုခွဲပေးဖို့လုပ်ဆောင်ပေးပါတယ်။ဆရာဝန်ကသားအိမ်ထဲ သုက်ကောင်တွေတိုက်ရိုက်ထည့်ပေးပါတယ်။သုက်ကောင်တွေထည့်ပေးခြင်းဖြင့်သုတ်ကောင်တွေဟာသားဥနဲ့ပိုမိုနီးကပ်စေပါတယ်။သုက်ကောင်များထည့်ပေးခြင်းဖြင့်သုက်ကောင်များသားဥဆီရောက်ရှိနိုင်ရန်အချိန်နှင့်အကွာအဝေးလျော့ချသက်သာစေပါတယ်။

ခန္ဓာကိုယ်ပြင်ပ၌သန္ဓေအောင်စေခြင်း—အမျိုးသမီးဟာသားဥမြောက်များစွာမှည့်လာစေရန်ဆေးဝါးတွေမီဝဲကြတယ်။ဆရာဝန်ကသားဥတွေကိုဖယ်ရှားပေးပါတယ်။အမျိုးသားဆီကရတဲ့သုက်ရည်ကိုသားဥတွေနဲ့အတူဓာတ်ခွဲခန်းမှာအတူထား ပါတယ်။သားဥအချို့မျိုးအောင်ပြီးနောက်သားအိမ်ထဲကိုထည့်ပေးပါတယ်။သားအိမ်နံရံမှာ သားဥတစ်ခု(သို့မဟုတ်)တစ်ခုထက်ပိုတဲ့သားဥတွေသန္ဓေတည်စွဲကပ်နေရင်ကိုယ်ဝန်ရနိုင်ပါတယ်။

Ask your question

Do you know the secret to great sex? Being and staying curious. Dr Deep and our team love to answer your questions.

Ask anonymously Open Facebook Messenger