Facebook Page
www.facebook.com/thiloyarmay
Viber Community
https://bit.ly/33PKFZ9
Call Thiloyarmay
09894777262
Facebook Group
https://bit.ly/2KKaAtF
Email Thiloyarmay
[email protected]

လိင်အကြောင်း ပိုမိုရှာဖွေရန်

အပျိုဖော်ဝင်ချိန်

အပျိုဖော်ဝင်ချိန်ဆိုတာ အမျိုးသမီးငယ်တွေအတွက်ကြီးမားသော ပြောင်းလဲမှုနဲ့ ကိုယ်ခန္ဓာ ဖွံဖြိုးမှုဖြစ်ပေါ်တဲ့အချိန်ဖြစ်ပါတယ်။ မိန်းကလေးတွေဟာသူတို့ရဲ့ရာသီဓမ္မတာစတင်ချိန်မှာအရေပြား၊အမွှေးအမျှင်၊ရင်သားကြီးထွားမှုနဲ့စိတ်အပြောင်းအလဲဖြစ်တာတွေတွေ့ကြုံခံစားရပါတယ်။ဒီပြောင်းလဲမှုအားလုံးက အကုန် တစ်ခါတည်းမဖြစ်ပေါ်ပေမဲ့လပေါင်းများစွာကနေနှစ်ပေါင်းများစွာဖြစ်ပေါ်လာပါတယ်။အရွယ်ရောက်ချိန်ဆိုတာလူတယောက်ကကလေးအရွယ်ကနေလူကြီးအရွယ်ထိစတင်ပြောင်းလဲလာတဲ့အချိန်ဖြစ်ပြီး မိန်းကလေးတွေမှာတော့ကိုယ်ဝန်ဆောင်နိုင်စွမ်းဖွံ့ဖြိုးတိုးတက်အောင်လုပ်ပေးတဲ့အချိန်ဖြစ်ပါတယ်။ များသောအားဖြင့်မိန်းကလေးတွေဟာအသက်၈နှစ်ကနေ၁၃နှစ်ကြားပြောင်းလဲမှုတွေစတင်တွေ့ကြုံရပြီး အချို့မိန်းကလေးတွေမှာတော့ဒီပြောင်းလဲမှုဖြစ်စဉ်တွေဟာအချိန်ကြာမှစတင်လာပါတယ်။

သင့်ရာသီဓမ္မတာလာချိန်စတင်ခြင်းကအပျိုဖော်ဝင်ချိန်ရဲ့အဓိကအစိတ်အပိုင်းဖြစ်ပြီးအမျိုးသမီးတယောက်ရဲ့ခန္ဓာကိုယ်ကိုကိုယ်ဝန်ဆောင်နိုင်အောင်လုပ်ပေးကာ လတစ်လျှောက်လုံးအပြောင်းအလဲတွေအများကြီးဖြစ်ပေါ်လာပါတယ်။

များသောအားဖြင့် မိန်းကလေးအသက်၁၂နှစ်နဲ့၁၄နှစ်ကြားတွင် ရာသီဓမ္မတာလာချိန်မတိုင်ခင်(သို့မဟုတ်)ရာသီဓမ္မတာလာပြီးနောက်ပိုင်းဖြစ်ပေါ်နိုင်ပါတယ်။အချို့မိန်းကလေးတွေမှာရာသီဓမ္မတာခွင်နဲ့ပတ်သက်လို့အလွန်စိတ်လှုပ်ရှားကြပြီးအချို့ကတော့စိတ်မသက်သာဖြစ်ကြပါတယ်။ဒါပေမဲ့အမျိုးသမီးအများစုမှာဓမ္မတာလာချိန်ကသူတို့ခန္ဓာကိုယ်ကျန်းမာသန်စွမ်းတာကိုပြတဲ့လက္ခဏာကောင်းတခုဖြစ်ပါတယ်။

ရာသီဓမ္မတာလာတဲ့အခါသွေးနဲ့တစ်သျှူးပေါင်းစပ်ထားတဲ့သွေးရည်ကြည်တွေဟာမိန်းမကိုယ်ကနေတလစီထွက်လာပါတယ်။အမျိုးသမီးတယောက်ရဲ့ခန္ဓာကိုယ်ဟာကိုယ်ဝန်ဆောင်ဖို့ပြင်ဆင်တဲ့အခါအရည်ကြည်တွေကသားအိမ်အတွင်းသားမှာဖြစ်ပေါ်လာပါတယ်။အမျိုးသမီးတယောက်ဟာကိုယ်ဝန်မရှိရင်ရာသီစက်ဝန်းကသားအိမ်အတွင်းသားကနေစီးဆင်းလာပါတယ်။

ရာသီစက်ဝန်းကသဘာဝအတိုင်းရှိတဲ့ခန္ဓာကိုယ်ဓါတုပစ္စည်း(သို့မဟုတ်)ဟော်မုန်းကြောင့်ဖြစ်ပေါ်လာရပြီးတလမှာတခါသားဥအိမ်ကနေသားဥတဥစီထုတ်ဖို့အချက်ပြပါတယ်။ရာသီစက်ဝန်းလာချိန်မှာသားဥနဲ့သားအိမ်အတွင်းသားကမိန်းမကိုယ်ကနေထွက်လာပါတယ်။ဒါကရာသီဓမ္မတာခွင်ရဲ့အစိတ်အပိုင်းတခုဖြစ်ပါတယ်။ဒီရာသီဓမ္မတာခွင်ကအမျိုးသမီးတယောက်အတွက်ကိုယ်ဝန်ဆောင်ကလေးရနိုင်ဖို့လုပ်ဆောင်ပေးပါတယ်။လိင်ဆက်ဆံတဲ့အတောအတွင်းသားဥကအမျိုးသားရဲ့သုက်ကောင်နဲ့ပေါင်းစပ်သန္ဓေအောင်ပြီးသားအိမ်အတွင်းအမြှေးလွှာမှာတွယ်ကပ်လာပြီးသန္ဓေသားလောင်းအဖြစ်ကြီးထွားလာပါတယ်။

ရာသီစက်ဝန်းဟာသွေးဆင်းနည်းတာနဲ့သွေးဆင်းများတာရှိပါတယ်။တခါတရံဓမ္မတာသွေးကအနီရောင်အရောင်ဖျော့အရောင်ရင့်ပါဝင်ပြီးအားလုံးကပုံမှန်ပါပဲ။သင့်ရာသီစက်ဝန်းကပထမနဲ့ဒုတိယရက်မှာသွေးဆင်းများပြီးကျန်တဲ့ရက်တွေမှာသွေးဆင်းနည်းသွားပါတယ်။ရာသီစက်ဝန်းကများသောအားဖြင့်၃ရက်နဲ့၅ရက်ကြားထိရှိပါတယ်။ပိုတိုတောင်းတဲ့ရာသီစက်ဝန်း(သို့မဟုတ်)ပိုကြာတဲ့ရာသီစက်ဝန်းရှိတာကပုံမှန်ဖြစ်ပြီးသွေးဆင်းချိန်က၇ရက်လောက်ရှိပါတယ်။အထူးသဖြင့်ပထမနှစ်မှာတလစီသင့်ရာသီစက်ဝန်းလာတဲ့ရက်မတူရင်လည်းပုံမှန်ပါပဲ။

ပထမဆုံးသင့်ရာသီစက်ဝန်းပုံမှန်မဟုတ်တာကိုမှတ်သားထားပါ။တလမှာ၂ခါ(သို့မဟုတ်)ရာသီစက်ဝန်းမလာတဲ့လတွေလည်းရှိပါတယ်။ပထမဆုံးသင့်ရာသီစက်ဝန်းကအချို့လတွေမှာရက်ပေါင်းများစွာကြာပြီးအခြားလတွေမှာတပတ်လောက်ကြာပါတယ်။ရာသီစက်ဝန်းကအချိန်မီပုံမှန်ပိုဖြစ်လာပါတယ်။သင့်ရာသီစက်ဝန်းနဲ့ပတ်သက်ပြီးစိုးရိမ်စရာရှိတာပဲဖြစ်ဖြစ်သွေးဆင်းများတာပဲဖြစ်ဖြစ်သွေးဆင်းချိန်ပြဿနာအပိုင်းကိုနှိပ်ကြည့်ပါ။

အပျိုဖော်ဝင်ချိန်အတွင်းမိန်းကလေးတယောက်ရဲ့ခန္ဓာကိုယ်ဟာသိသာထင်ရှားစွာပြောင်းလဲလာပါတယ်။များသောအားဖြင့်အသက်၈နှစ်နဲ့၁၃နှစ်ကြားမှာမိန်းကလေးတွေဟာအရင်ကကြီးထွားလာတာထက်ပိုပြီးလျင်မြန်စွာကြီးထွားလာပါတယ်။များသောအားဖြင့်မိန်းကလေးတွေဟာယောကျာ်းလေးတွေထက်ပြောင်းလဲမှုတွေကိုစောစောစီးစီးပိုကြုံတွေ့ရပြီးမိန်းကလေးတွေဟာသူတို့ရဲ့ယောကျ်ားလေးသူငယ်ချင်းနဲ့အတန်းဖော်ထက်ပိုပြီးအရပ်ရှည်လာတာကိုသတိထားမိမှာပါ။အပျိုုဖော်ဝင်ချိန်မှာမိန်းကလေးတယောက်ကြုံတွေ့ရတဲ့အချို့ပြောင်းလဲမှုများကတော့

  • ခန္ဓာကိုယ်ကောက်ကြောင်းပိုများလာခြင်း
  • တင်ပါးနှင့် ပေါင်ပို ကြီးထွားပြန့်ကားလာခြင်း
  • သင့်ခန္ဓာကိုယ်တည်ဆောက်မှုကြီးထွားခြင်း
  • ပုံမှန်ထက်အလေးချိန်တိုးလာခြင်း

ကြီးထွားနှုန်းမြန်တာကြောင့်သင့်အရေပြားတင်းနေတဲ့နေရာမှာအကြောပြတ်ရာ(သို့မဟုတ်)အမာရွတ်ဒဏ်ရာလေးတွေရှိပါတယ်(အချိန်ကြာလာရင်များသောအားဖြင့်ပျောက်ကွယ်သွားပါတယ်။) အမျိုးသမီးတွေမှာသူတို့ရဲ့ပေါင်နဲ့ရင်သားတဝိုက်မှာပေါ်လာလေ့ရှိပါတယ်။

အပျိုဖော်ဝင်ချိန်မှာမိန်းကလေးတွေရဲ့ရင်သားတွေကစတင်ကြီးထွားလာပါတယ်။ပထမပြောင်းလဲမှုကတော့နို့သီးခေါင်းအောက်မှာအဖုသေးလေးကြီးထွားလာပါတယ်။အရင်ဆုံးမိန်းကလေးတယောက်ကသူမရဲ့ရင်သားတွေယားယံတာကိုသတိပြုမိမှာပါ။ကြာလာတဲ့အခါသူမရဲ့ရာသီစက်ဝန်းအတွင်းရင်သားတွေနူးညံတာနာကျင်တာခံစားရပါတယ်။အထူးသဖြင့်သင့်ရင်သားနှစ်ဖက်လုံးကအရွယ်အစားမတူတာဖြစ်လေ့ဖြစ်ထရှိပါတယ်။

မိန်းကလေးတယောက်မှာခန္ဓာကိုယ်အမွှေးမျှင်တွေစတင်ထွက်ပေါ်လာပါတယ်။အထူးသဖြင့်ချိုင်းအောက်၊ဆီးခုံနေရာတဝိုက်နဲ့မျက်နှာပေါ်မှာထွက်လာပါတယ်။ဆယ်ကျော်သက်အရွယ်တွေမှာအချို့မိန်းကလေးတွေကမျက်နှာနဲ့ခန္ဓာကိုယ်မှာဝက်ခြံတွေပေါက်လာပါတယ်။ဝက်ခြံပေါက်တာထိန်းချုပ်ဖို့ပြဿနာရှိရင်ဆရာဝန်(သို့မဟုတ်)သူနာပြုဆရာမထံသွားရောက်ပါ။

ဒီပြောင်းလဲမှုအားလုံးကပုံမှန်ဖြစ်ပြီးလူတယောက်စီမှာဖွံ့ဖြိုးကြီးထွားမှုကိုမတူတဲ့အချိန်မတူတဲ့နည်းလမ်းတွေနဲ့တွေ့ကြုံရတာကိုမှတ်သားထားပါ။သင့်သူငယ်ချင်းအချို့ကသင့်ထက်ဖွံ့ဖြိုးမှုစတင်တာပိုစောနိုင်သလိုပိုလဲနောက်ကျနိုင်ပေမဲ့ဒါတွေကပုံမှန်ပါပဲ။အထူးသဖြင့်ဖွံ့ဖြိုးကြီးထွားချိန်မှာအစားအသောက်ကောင်းကောင်းစား၊အိပ်ရေးဝဝအိပ်တာနဲ့ကျန်းမာအောင်နေထိုင်ပြီးခန္ဓာကိုယ်ကိုဂရုစိုက်ဖို့အရေးကြီးပါတယ်။

အပျိုဖော်ဝင်ချိန်အတောအတွင်းသင့်ခန္ဓာကိုယ်ဟာအရင်ကနဲ့ကွဲပြားခြားနားနေပြီးစိတ်မသက်သာဖြစ်တာမျိုး၊ရှက်တာမျိုးတွေဖြစ်ပေါ်လိမ့်မယ်။လူတိုင်းဒီပြောင်းလဲမှုတွေဖြတ်ကျော်ရတာကိုမှတ်သားထားပါ။ဒါကဘဝအစိတ်အပိုင်းတခုဖြစ်ပြီးမိန်းကလေးတိုင်းသူတို့နှုန်းနဲ့ကြီးထွားကြပါတယ်။

တခါတရံမိန်းကလေးတယောက်ကသူမရဲ့ခန္ဓာကိုယ်ပုံစံ၊သူမရဲ့ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးခံစားရတာတွေကိုအပြင်းအထန်ရုန်းကန်ရပါတယ်။Magazineထဲကမော်ဒယ်လေးတွေကသူတို့ခန္ဓာကိုယ်ကိုပြီးပြည့်စုံမှုရှိတယ်လို့ထင်တဲ့အခါတကယ်တော့ခက်ခဲပါတယ်။ဒါပေမဲ့Magazineနဲ့အွန်လိုင်းပေါ်မှာမြင်ရတဲ့အရာတော်တော်များများကအတုအယောင်နဲ့ကျန်းမာရေးနဲ့မညီညွတ်တဲ့ပုံစံတွေဖြစ်နေပါတယ်။သင့်ရဲ့ပင်ကိုစရိုက်လက္ခဏာတွေနဲ့တိုင်းတာပါ။(ခန္ဓာကိုယ်အရွယ်အစားသင့်ခန္ဓာကိုယ်ပုံစံတွေမဟုတ်ပါဘူး။)

အပျိုဖော်ဝင်ချိန်အတွင်းဆယ်ကျော်သက်တွေကခန္ဓာကိုယ်ပြောင်းလဲမှုသာမကစိတ်ပြောင်းလဲမှုတွေပါတွေ့ကြုံခံစားရပါတယ်။အတွေ့အကြုံအရဟော်မုန်းအပြောင်းအလဲ၊ခန္ဓာကိုယ်ဖွံ့ဖြိုးကြီးထွားလာတာနဲ့အလျောက်ဦးနှောက်ဖွံ့ဖြိုးမှုအပါအဝင်အသက်အရွယ်အရရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေဖြစ်ပေါ်လာပါတယ်။အချို့တွေကလူမှုရေးရာဖိအားပေးခံရမှုများ၊ပြောင်းလဲသွားတဲ့ရုပ်ရည်သွင်ပြင်ကိုပူပန်ခြင်း၊ကျောင်းရဲ့လိုလားတောင်းဆိုချက်တွေ၊ဖိအားတွေကြုံရပါတယ်။

ခံစားချက်တွေကပိုမိုပြင်းထန်အားကောင်းလာပါလိမ့်မယ်။တစ်မိနစ်မှာလူတယောက်ကကမ္ဘာ့ထိပ်ဆုံးရောက်သွားသလိုနောက်မိနစ်မှာအမှိုက်ပုံထိကျသွားသလိုခံစားရပါတယ်။ဝမ်းနည်းတာကခက်ခဲပါတယ်။အဲဒီလိုဖြစ်ရင်သင့်ကိုအားပေးထောက်ပံံ့ပေးမယ့်သင့်ယုံကြည်ရတဲ့မိဘတွေနဲ့လူကြီးတွေကိုပြောပြခြင်းကအကူအညီဖြစ်စေပါတယ်။

လူတယောက်မှာလိင်ပိုင်းဆိုင်ရာအတွေးတွေနဲ့လှုံ့ဆော်မှုတွေလည်းရှိပါတယ်။မိန်းကလေးနဲ့ယောကျ်ားလေးတွေကလိင်ပိုင်းဆိုင်ရာအပြန်အလှန်ဆွဲဆောင်ကြတယ်။ဆယ်ကျော်သက်အချို့ကလိင်စိတ်ပြင်းထန်တာတွေ့ရပါတယ်။အသက်ပိုကြီးလာလေဒီခံစားချက်တွေကမပြင်းထန်တော့ပါဘူး။ဆယ်ကျော်သက်အချို့ကလိင်စိတ်ခံစားမှုကိုဖြေလျော့ဖို့မိမိဘာသာအာသာဖြေဖို့ရွေးချယ်ကြပြီးအချို့တွေကတော့ဒီခံစားချက်ကျော်လွန်ဖို့စောင့်စားကြတယ်။မိန်းကလေးယောကျ်ားလေးရောကိုယ်တိုင်သီးသန့်အာသာဆန္ဒဖြေခြင်းကပုံမှန်ပါပဲ။ဆယ်ကျော်သက်တွေအတွက်သူတို့ဘဝမှာလိင်ပိုင်းဆိုင်ရာဆက်ဆံရေးနဲ့မထိတွေ့ခင်သူတို့ခန္ဓာကိုယ်ကိုပိုမိုနားလည်လာအောင်လုပ်ဆောင်ပေးပါတယ်။

အပျိုဖော်ဝင်ချိန်ကအလွန်ရှှုပ်ထွေးပါတယ်။စိတ်ခံစားမှုကထိန်းချုပ်မှုကင်းမဲ့နေရင်တောင်စိတ်အပြောင်းအလဲကဖွံ့ဖြိုးကြီးထွားမှုရဲ့ပုံမှန်အစိတ်အပိုင်းတခုပါပဲ။လူတိုင်းလူပျိုဖော်ဝင်ချိန်၊အပျိုဖော်ဝင်ချိန်ကိုဖြတ်သန်းကြရပြီးလူကြီးမိဘနဲ့ပြောဆိုတိုင်ပင်ခြင်းကလူတယောက်ရဲ့ခံစားချက်ကိုကူညီပေးပါတယ်။မိမိထက်အသက်ကြီးတဲ့မောင်နှမသားချင်း၊ဝမ်းကွဲမောင်နှမတွေ၊အဒေါ်တွေ၊ဦးလေးတွေ၊အဘိုးအဘွားတွေနဲ့ပြောဆိုတိုင်ပင်ခြင်းကအကူအညီဖြစ်စေပါတယ်။

စိတ်ဖိစီးမှုများရင်တောင်သင်ကဘယ်သူလဲ၊သင်ဘယ်အရာကိုဂရုစိုက်လဲ၊ဘယ်လိုတန်ဖိုးထားလဲ၊သင်ဖြစ်ချင်တဲ့လေးစားရတဲ့လူမျိုးဖြစ်အောင်ထုတ်ဖော်ဖို့အခွင့်ကောင်းတခုလည်းဖြစ်ပါတယ်။

Sources: http://girlshealth.gov/body/puberty/changes mind.html

http://www.plannedparenthood.org/teens/my body/puberty.html

http://girlshealth.gov/body/period/index.html

Ask your question

Do you know the secret to great sex? Being and staying curious. Dr Deep and our team love to answer your questions.

Ask anonymously Open Facebook Messenger