Facebook Page
www.facebook.com/thiloyarmay
Viber Community
https://bit.ly/33PKFZ9
Call Thiloyarmay
09894777262
Facebook Group
https://bit.ly/2KKaAtF
Email Thiloyarmay
[email protected]

လိင်အကြောင်း ပိုမိုရှာဖွေရန်

လူပျိုဖော်ဝင်ချိန်

လူပျိုဖော်ဝင်ချိန်ဆိုတာ လူငယ်တွေမှာကြီးမားတဲ့ပြောင်းလဲမှုနဲ့ ဖွံ့ဖြိုးကြီးထွားမှုအချိန်ဖြစ်ပါတယ်။ ဒီပြောင်းလဲမှုအားလုံးကချက်ချင်းမဖြစ်ပေါ်ပေမဲ့လပေါင်းများစွာမှနှစ်ပေါင်းများစွာကြာအောင်ပြောင်းလဲမှုတွေဖြစ်ပေါ်ပါတယ်။ လူပျိုဖော်၊အပျိုဖော်ဝင်ချိန်ဆိုတာလူတယောက်ဟာကလေးဘဝမှလူကြီးဘဝသို့စကူးပြောင်းတဲ့အချိန်ဖြစ်ပါတယ်။ အမျိုးသားငယ်အများစုမှာဒီပြောင်းလဲမှုကိုအသက်၉နှစ်ကနေ၁၄နှစ်ကြားစတင်ကြုံတွေ့ရပါတယ်။

ပထမဆုံးခန္ဓာကိုယ်ပြောင်းလဲမှုကတော့သင့်ဝှေးစေ့ကြီးထွားလာတာဖြစ်ပါတယ်။ဒီကြီးထွားမှုကိုသတိမထားမိပေမဲ့သင့်ခန္ဓာကိုယ်ဟာလူပျိုဖော်စဝင်တာကိုပြပေးတဲ့ပထမသင်္ကေတဖြစ်ပါတယ်။ဦးနှောက်ရဲ့အထူးသီးသန့်အစိတ်အပိုင်းမှထွက်တဲ့ဟော်မုန်းတွေဟာဝှေးစေ့တွေကိုပိုမိုကြီးထွားလာစေပါတယ်။ကပ်ပယ်အိတ်အရေပြားကပိုပါးလာပြီးဝှေးစေ့တွေကအောက်ကိုတွဲကျလာပါတယ်။နောက်ပိုင်းယောကျ်ားလိင်တံအောက်ခြေနဲ့ကပ်ပယ်အိတ်တဝိုက်မှာဆီးခုံမွှေးတွေထွက်လာပါတယ်။ယောကျ်ားလိင်တံလည်းပိုပိုကြီးလာပါတယ်။

အဲဒီ့အတောအတွင်းသင့်ခန္ဓာကိုယ်တခုလုံးကသူ့ဘာသာပြောင်းလဲမှုတွေဖြစ်ပေါ်နေပါတယ်။လက်မောင်းအောက်မှာအမွှေးမျှင်တွေစထွက်လာပါတယ်။နောက်ပိုင်းမျက်နှာ၊လက်မောင်း၊ခြေထောက်နဲ့ရင်အုပ်တွေမှာအမွှေးမျှင်တွေထွက်လာပါတယ်။ခန္ဓာကိုယ်ကအရပ်အမောင်းပိုမိုမြင့်လာပြီးကြွက်သားတွေနဲ့ပိုမိုတောင့်တင်းလာပါတယ်။အရိုးတွေကြီးထွားမှုနဲ့အတူကြွက်သားတွေဆွဲဆန့်ရတာကြောင့်လက်မောင်းနဲ့ခြေထောက်မှာနာကျင်မှုကိုခံစားရပါတယ်။သင့်အသံကလည်းပိုသြလာပါတယ်။အဲဒီလိုဖြစ်တာနဲ့သင့်အသံအက်ကွဲကြောင်းဖြစ်တာကိုသတိထားမိမှာပါ။ဒါပေမဲ့အကြာကြီးမဖြစ်ပါဘူး။

သင့်နို့သီးခေါင်းအောက်မှာဖူးရောင်တာနဲ့နူးညံတာနေတာကိုသတိထားမိမှာပါ။အချို့ယောကျ်ားလေးတွေမှာသူတို့ရင်သားတွေစတင်ကြီးထွားလာတာနဲ့ပတ်သက်ပြီးတခုခုမှားနေလားဆိုတာစိုးရိမ်ကြပါတယ်။လူပျိုဖော်ဝင်ချိန်အတောအတွင်းထုတ်လွှတ်ပေးတဲ့ဟော်မုန်းတွေကြောင့်ဖူးရောင်တာဖြစ်ပေါ်လာတာပါ။အချိန်ကြာလာတာနဲ့ဖူးရောင်တာပျောက်ကွယ်သွားပါတယ်။တနှစ်အတွင်းမှာဖူးရောင်တာမပျောက်ရင်(သို့မဟုတ်)သင်စိုးရိမ်ပူပန်နေရင်ဆရာဝန်နဲ့သွားရောက်ပြသသင့်ပါတယ်။

အားကစားလုပ်ပြီးချိန်နဲ့တရက်တာပြီးဆုံးချိန်မှာသင့်ခန္ဓာကိုယ်ကနေကွဲပြားတဲ့အနံ့အသက်တွေထွက်လာတာကိုသတိထားမိမှာပါ။ဒါကလူပျိုဖော်ဝင်ချိန်ဖြစ်လေ့ရှိတဲ့လက္ခဏာတွေထဲကတခုဖြစ်ပြီးဒါကပုံမှန်ပါပဲ။ဒီလိုဖြစ်ပြီဆိုနေ့တိုင်းရေချိုးပြီးအနံ့အသက်ပျောက်ဆေး၊ချွေးနံ့ပျောက်ဆေးတွေအသုံးပြုပါ။

ဝက်ခြံပေါက်တာကလူပျိုဖော်ဝင်ချိန်အတောအတွင်းဖြစ်လေ့ရှိပါတယ်။အရေပြားအဆီများပြီးသင့်အရေပြားအပေါက်ငယ်အတွင်းမှာကြီးထွားလာတဲ့ဘက်တီးရီးယားတွေကြောင့်ဝက်ခြံဖြစ်ပေါ်လာပါတယ်။ကျန်းမာရေးကောင်းပြီးဆေးဝါးနဲ့ဆိုဝက်ခြံကိုထိန်းချုပ်နိုင်ပါတယ်။သင့်မျက်နှာကိုပွတ်တိုက်ဆေးကြောတာကဝက်ခြံကိုပိုမိုဆိုးရွားစေပါတယ်။

ယောကျ်ားလေးအများစုမှာလူပျိုဖော်ဝင်ချိန်အတွင်းစိတ်ခံစားမှုအတက်အကျအများကြီးရှိပါတယ်။ဝမ်းနည်းတာ၊စိတ်ဆိုးတာတွေဖြစ်ပြီးဘာကြောင့်ဖြစ်လဲဆိုတာတော့မသိကြပါဘူး။တခဏအတွင်းဆိုးရွားလာပြီးနောက်တော့ပျော်လာတယ်။တခြားကလေးတွေကသင့်အကြောင်းနဲ့ပတ်သက်ပြီးဘာတွေစဉ်းစားနေမလဲဆိုတာစိုးရိမ်ပူပန်ကြပါတယ်။မိဘတွေနဲ့အရင်လိုနီးနီးကပ်ကပ်မနေချင်တော့သလိုခံစားရတယ်။ဒီခံစားချက်တွေကလူပျိုဖော်ဝင်ချိန်ရဲ့ပုံမှန်အစိတ်အပိုင်းဖြစ်ပြီးဆယ်ကျော်သက်အရွယ်မှာဖြစ်လေ့ရှိပါတယ်။၂ပတ်ထက်ပိုပြီးဝမ်းနည်းရင်၊ဒေါသထွက်ရင်၊စိတ်ကျရင်(သို့မဟုတ်)ကျောင်းသွားတာမျိုးနေ့စဉ်လုပ်ရတဲ့အလုပ်တွေမှာဒုက္ခဖြစ်ရင်သင်ဘယ်လိုခံစားရလဲဆိုတာလူကြီးတယောက်နဲ့ပြောဆိုတိုင်ပင်ပါ။ကောင်းမွန်တဲ့ရွေးချယ်မှုအချို့ကတော့သင်ယုံကြည်ရတဲ့မိဘတွေ၊ဆရာ၊ဆရာမ(သို့မဟုတ်)ဆရာဝန်တွေပါပဲ။

Ask your question

Do you know the secret to great sex? Being and staying curious. Dr Deep and our team love to answer your questions.

Ask anonymously Open Facebook Messenger