လိင်အကြောင်း ပြောမယ်
အောက်မှာ သင်နဲ့သင့်အဖော် လိင်ကိစ္စစကားစနိုင်ဖို့ နည်းလမ်းတချို့ ဖော်ပြထားပါတယ်။
- သင်ဘာကိုကြောက်လဲ၊ သင်ဘာကို စိတ်လှုပ်ရှားလဲ၊ သင်ဘာကိုမျှော်လင့်လဲဆိုတာ ပြောပြပါ။ သင့်အဖော်ရဲ့ လိင်ကိစ္စနဲ့ပတ်သတ်တဲ့ အတွေးတွေ၊ ခံစားချက်တွေကိုလည်း နားထောင်ပေးပါ။
- STD ရောဂါတွေနဲ့ ကိုယ်ဝန်ရမလာအောင် သင် ကိုယ့်ကိုယ်ကိုဘယ်လိုကာကွယ်မလဲဆိုတာ ဆွေးနွေးပြောဆိုပါ။ သင် လုပ်ဆောင်လို့ရမယ့် တခြားမတူညီတဲ့နည်းလမ်းဆိုင်ရာအချက်အလက်တွေ ရှာဖွေနေတယ်ဆိုရင် သားဆက်ခြားနည်းလမ်း သုံးကြည့်ပါ။
- အတိတ်တုန်းက လိင်ကိစ္စတက်ကြွလုပ်ဆောင်ခဲ့ဖူးတယ်ဆိုရင် ဆေးခန်းကိုသွားပြီး STD ရောဂါတွေရှိ၊မရှိ စစ်ဆေးပါ။
အရင်ကတည်းက လိင်ဆက်ဆံဖူးတယ်ဆိုရင်တောင်မှ သင်အဆင်သင့်ဖြစ်ကိုဖြစ်ရမယ်လို့ မဆိုလိုပါဘူး။ သက်တောင့်သက်သာမရှိရင် ဟင့်အင်းလို့ ငြင်းလိုက်ပါ။ သင့်ဆုံးဖြတ်ချက်အပေါ် သင့်အဖော်လေးစားလိုက်နာပါလိမ့်မယ်။ တစ်နည်းပြောရရင် သင့်အဖော်က ရပ်လိုက်ချင်ပြီဆိုတဲ့ လက္ခဏာတွေပြရင် သူ့ဆုံးဖြတ်ချက်ကို လေးစားလိုက်နာပါ။ ဘာမှတွေးမနေဘဲ ထုတ်သာပြောလိုက်ပါ။ လူတော်တော်နည်းနည်းကဘဲ ပထမဆုံးလိင်ဆက်ဆံတဲ့အချိန်မှာ မှန်မှန်ကန်ကန်ဆက်ဆံနိုင်တာပါ။ သူတို့ အကြိုက်ကိုသိနိုင်ဖို့ နှစ်တွေကြာအောင် အချိန်ယူရတတ်ပါတယ်။ နောက်ပိုင်းဆက်ပြီးလိင်ဆက်ဆံသည်ဖြစ်စေ၊ မဆက်ဆံသည်ဖြစ်စေ သင်ရော၊ သင့်အဖော်ပါ လုံခြုံ၊ စိတ်ချရပြီး သက်တောင့်သက်သာရှိတယ်လို့ ခံစားရဖို့ အရေးအကြီးဆုံးပါဘဲ။