fbpx

လိင်အကြောင်း ပိုမိုရှာဖွေရန်

လိင်အကြောင်း နားလည်ခြင်း

လူတွေကလိင်ကိုမတူညီတဲ့နည်းလမ်းအမျိုးမျိုးနဲ့အဓိပ္ပာယ်ဖွင့်ဆိုကြတယ်။ အချို့ကယောကျ်ားလိင်တံမိန်းမကိုယ်ထဲရောက်သွားတာနဲ့လိင်ဆက်ဆံတယ်လို့ယုံကြည်ကြပေမဲ့လူတိုင်းအတွက်တော့မမှန်ကန်ပါဘူး။ လိင်နဲ့ဆိုင်တဲ့မတူညီတဲ့ထင်မြင်ယူဆချက်အများကြီးရှိပါတယ်။

  • ယောနိလမ်းကြောင်းမှလိင်ဆက်ဆံခြင်း(ယောကျ်ားလိင်တံမိန်းမကိုယ်ထဲသို့ထိုးသွင်းလိင်ဆက်ဆံခြင်း)
  • ပါးစပ်ဖြင့်လိင်ဆက်ဆံခြင်း(ပါးစပ်ဖြင့်မျိုးပွားလိင်အင်္ဂါများကိုထိတွေ့ခြင်း)
  • စအိုဝဖြင့်လိင်ဆက်ဆံခြင်း(ယောကျ်ားလိင်တံစအိုဝထဲသို့ထိုးသွင်းလိင်ဆက်ဆံခြင်း)
  • လိင်အင်္ဂါပွတ်သပ်ခြင်း(အဝတ်အစားဝတ်ဆင်ပြီးလိင်ပိုင်းဆိုင်ရာပြုလုပ်ခြင်း)
  • လက်ဖြင့်ထိုးသွင်းနှိုးဆွခြင်း(လက်ဖြင့်မျိုးပွားလိင်အင်္ဂါများကိုထိတွေ့ခြင်း)
  • မိမိကိုယ်ကိုအာသာဖြေခြင်း(ကိုယ်တိုင်စိတ်ကျေနပ်မှုရအောင်ပြုလုပ်ခြင်း)

အချို့တွေကအခြားလိင်ပိုင်းဆိုင်ရာပုံစံတွေမှာပါဝင်ဖို့နှစ်သက်ပေမဲ့အချို့တွေကတော့မနှစ်သက်ကြပါဘူး။အချို့တွေကလိင်ပိုင်းဆိုင်ရာအခြားပုံစံတွေမှာစိတ်ကျေနပ်မှုရရှိပေမဲ့အချို့ကတော့စိတ်ကျေနပ်မှုမရရှိပါဘူး။လူတိုင်းမှာမတူညီတဲ့ဦးစားပေးမှုတွေရှိပြီးမတူတဲ့နည်းလမ်းအမျိုးမျိုးနဲ့စိတ်ကျေနပ်မှုကိုရှာဖွေကြတယ်။သင်လိင်ပိုင်းဆိုင်ရာဘယ်အရာတွေကြိုက်တာကအခြားသူတွေနဲ့မတူတာကပုံမှန်ပါပဲ။
လိင်ကိုဘယ်လိုပဲအဓိပ္ပာယ်ဖွင့်ဖွင့်အခြားသူနဲ့လိင်ဆက်ဆံတာကတာဝန်အများကြီးရှိပါတယ်။လိင်မဆက်ဆံခင်လိင်ဆက်ဆံလို့ရလာမယ့်အကျိုးဆက်တွေဖြစ်တဲ့လိင်ဆက်ဆံရာကတဆင့်ကူးစက်နိုင်တဲ့ရောဂါပိုးတွေနဲ့ကိုယ်ဝန်ဆောင်တာတွေရှိလာမယ်ဆိုရင်သင့်ကိုသက်တောင့်သက်သာဖြစ်စေမယ့်အရာတွေစဉ်းစားဖို့အရေးကြီးပါတယ်။သင့်ကိုသက်တောင့်သက်သာမဖြစ်စေတဲ့အရာတွေကိုစဉ်းစားဖို့အရေးကြီးပါတယ်။သင်လုပ်ချင်တဲ့အရာကိုလုပ်နေတဲ့ကြားကအဆင်ပြေတယ်လို့စိတ်ကိုပြောင်းလဲလိုက်ပါ။သင်လုပ်ချင်ရင်အချိန်မရွေးရပ်တန့်နိုင်ပါတယ်။
လိင်ဆက်ဆံဖို့သင်စဉ်းစားနေရင်သင့်အဖော်နဲ့ပြောဆိုပြီးသင်တို့နှစ်ယောက်စလုံးကိုဘေးကင်းစေတဲ့နည်းတွေဖြစ်တဲ့ကွန်ဒုံးအသုံးပြုခြင်း(လိင်ဆက်ဆံရာကတဆင့်ကူးစက်နိုင်တဲ့ရောဂါပိုးတွေကိုကာကွယ်ရန်)နဲ့သန္ဓေတားနည်းအသုံးပြုခြင်း(ကိုယ်ဝန်ဆောင်တာကိုကာကွယ်ရန်)စတဲ့နည်းလမ်းတွေကိုရှာဖွေပါ။
သင်သားဆက်ခြားသန္ဓေတားနည်းရွေးချယ်မှုများအကြောင်း လေ့လာရန် သန္ဓေတားနည်းများကိုရှာဖွေခြင်းအကြောင်းတွင် ဖတ်ရှုနိုင်ပါသည်။

Ask your question

Do you know the secret to great sex? Being and staying curious. Dr Deep and our team love to answer your questions.

Ask anonymously Open Facebook Messenger