Facebook Page
www.facebook.com/thiloyarmay
Viber Community
https://bit.ly/33PKFZ9
Call Thiloyarmay
09894777262
Facebook Group
https://bit.ly/2KKaAtF
Email Thiloyarmay
[email protected]

လိင်အကြောင်း ပိုမိုရှာဖွေရန်

လိင်တံကျန်းမာရေး

ပန်းသေပန်းညှိုးခြင်းဆိုတာ လိင်ဆက်ဆံဖို့အတွက် လိင်တံထောင်မတ်လာစေဖို့နဲ့ ထောင်မတ်ထားနိုင်ဖို့ မစွမ်းဆောင်နိုင်ခြင်း - ပန်းသေပန်းညှိုးခြင်း (သို့မဟုတ်) လိင်ပိုင်းဆိုင်ရာလှုံဆော်မှု - ရာဂနှိုးဆွမှုများကြောင့် မဟုတ်ဘဲ လိင်တံနာကျင်နေခြင်းတွေ ပါဝင်ပါတယ်။
ဖြစ်ပွားရခြင်းအကြောင်းအရင်းများ
ပန်းသေပန်းညှိုးခြင်းဟာ ရုပ်ပိုင်းဆိုင်ရာ သက်ရောက်မှုတစ်ခုခုကြောင့် ဖြစ်ပွားတတ်ပါတယ်။ ယေဘူယျအကြောင်းအရင်းအများစုကတော့ -
• နှလုံးရောဂါ
• ကိုလက်စထရောမြင့်မားခြင်း
• သွေးတိုးခြင်း
• ဆီးချိုရောဂါ
• အရက်စွဲခြင်းနှင့် အရာဝတ္ထုပိုင်းညှင်းပန်းနှိပ်စက်မှုဆိုင်ရာ အခြားသောပုံစံများ
• အဝလွန်ခြင်း
• ဇီဝရုပ်ဖြစ်ပျက်မှုဆိုင်ရာရောဂါ - သွေးတိုးခြင်း၊ အင်ဆူလင်ပမာဏများ မြင့်မားခြင်း၊ ခါးတစ်ဝိုက်ရှိခန္ဓာကိုယ်အဆီနှင့် ကိုလက်စထရောများပြားခြင်းတို့ပါဝင်သည့် အခြေအနေ။
• အချို့သောဆရာဝန်ညွှန်ကြားသည့်ဆေးဝါးများ
• ဆေးရွက်ကြီးသုံးစွဲခြင်း
လူသိနည်းတဲ့ဖြစ်ပွားရခြင်းအကြောင်းအရင်းတွေကတော့ ပါကင်ဆန်ရောဂါ၊ အိပ်စက်မှုကစဉ့်ကလျားဖြစ်ခြင်း (ဒါမှမဟုတ်) တင်ပါးဆုံရိုးနေရာ (ဒါမှမဟုတ်) ကျောရိုးမကြီးကိုထိခိုက်စေနိုင်တဲ့ ထိခိုက်ဒဏ်ရာတွေပဲ ဖြစ်ပါတယ်။
ဦးနှောက်ဟာလည်း လိင်ပိုင်းဆိုင်ရာစိတ်လှုပ်ရှားခံစားမှုကနေအစပြုပြီး လိင်တံထောင်မတ်ခြင်းဖြစ်ပွားလာစေတဲ့ ရုပ်ပိုင်းဆိုင်ရာဖြစ်စဉ်ကို အစပျိုးပေးရာမှာ အဓိကနေရာမှ ပါဝင်ပါတယ်။ လိင်ပိုင်းဆိုင်ရာခံစားချက်တွေကို နှောင့်ယှက်နိုင်ပြီး ပန်းသေပန်းညှိုးဖြစ်ပွားစေခြင်း (ဒါမှမဟုတ်) ပိုမိုဆိုးရွားလာစေခြင်းတွေကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းများကတော့ -
• စိတ်ဓာတ်ကျဆင်းခြင်း၊ စိုးရိမ်ကြောင့်ကြပူပန်ခြင်း (သို့) အခြားစိတ်ပိုင်းဆိုင်ရာကျန်းမာရေးအခြေအနေများ
• စိတ်ဖိစီးမှုများခြင်း
• စိတ်ဖိစီးမှုကြောင့် အဆင်မပြေတဲ့ဆက်ဆံရေး (သို့) အခြားသောပူပန်သောကများကြောင့် ဖြစ်ပွားလာသော ဆက်ဆံရေးပြဿနာများ
လက္ခဏာရပ်များ
ပန်းသေပန်းညှိုးခြင်းလက္ခဏာရပ်တွေမှာ အောက်ဖော်ပြပါအချက်တွေ ပါဝင်တတ်ပါတယ်။
• လိင်တံထောင်မတ်ရာတွင် အခက်အခဲရှိခြင်း
• ထောင်မတ်ထားနိုင်ရန် မတတ်နိုင်ခြင်း
• လိင်ပိုင်းဆိုင်ရာစိတ်ဆန္ဒလျော့ကျခြင်း
ကုသမှု
လိင်တံထောင်မတ်ခြင်းဆိုင်ရာပြဿနာရပ်တွေရှိနေပါက မိသားစုဆရာဝန်နဲ့ စတင်တွေ့ဆုံတာကောင်းပါတယ်။ အောက်ဖော်ပြပါအချက်တွေဖြစ်ပွားနေရင် ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံပါ။
• ထောင်မတ်ခြင်းဆိုင်ရာစိုးရိမ်ပူပန်မှုတွေရှိလာပါက (ဒါမှမဟုတ်) စောတဲ့ (ဒါမှမဟုတ်) ကြန့်ကြာတဲ့သုတ်လွှတ်ခြင်းလိုမျိုး သုတ်လွှတ်ခြင်းဆိုင်ရာယိုယွင်းမှုအပါအဝင် တခြားလိင်ပိုင်းဆိုင်ရာပြဿနာနှင့်
• အဝလွန်ခြင်း၊ နှလုံးရောဂါ (သို့) ပန်းသေပန်းညှိုးခြင်းနဲ့ဆက်စပ်တဲ့ လူသိများတဲ့တခြားကျန်းမာရေးအခြေအနေရှိလာပါက သွားရောက်ပြသသင့်ပါတယ်။
ဖြစ်ပွားရတဲ့အကြောင်းအရင်း၊ ပန်းသေပန်းညှိုးခြင်း ခံစားရတဲ့ ပမာဏပြင်းထန်ခြင်းနဲ့ တခြားတိမ်မြုပ်နေတဲ့ကျန်းမာရေးအခြေအနေတွေပေါ်မူတည်ပြီး ကုသမှုနည်းလမ်းမျိုးစုံရှိပါတယ်။
စံကုသမှုတွေမှာ အောက်ဖော်ပြပါအခြေအနေတွေလိုမျိုး လူနေမှုဘဝပုံစံ/ သဘာဝဆန်ဆန်အပြောင်းအလဲတွေ ပါဝင်ပါတယ်။
• ကိုယ်လက်လှုပ်ရှားလုပ်ဆောင်ခြင်း
• ကိုယ်အလေးချိန်လျှော့ချခြင်း
• ဆေးလိပ်ဖြတ်ခြင်း
• အရက်သောက်သည့်ပမာဏအား ချုပ်ထိန်းခြင်း
ကျားတန်ဆာဆီသို့ သွေးစီးဆင်းမှုမြင့်တက်လာစေဖို့အတွက် ဆရာဝန်မှ အချို့သောဆေးဝါးတွေကို ညွှန်ကြားနိုင်ပါတယ်။ ဒါပေမယ့် အဲ့ဒီ့ဆေးတွေက ဘေးထွက်ဆိုးကျိုးတွေကိုလည်း ဖြစ်ပွားစေနိုင်ပါတယ်။ လေဖြတ်ခြင်း (ဒါမှမဟုတ်) ဆီးချိုရောဂါ (ဒါမှမဟုတ်) သွေးပေါင်ချိန်ကျဆင်းတာတွေဖြစ်ဖူးတဲ့အမျိုးသားတွေဟာ ဒီဆေးဝါးတွေကို မသုံးစွဲသင့်ပါဘူး။
ဆေးဝါးမှီဝဲစရာမလိုသောရွေးချယ်မှုများ
ဆေးဝါးမှီဝဲဖို့မလိုအပ်တဲ့ကုသမှုတွေကတော့
• ကျားတန်ဆာဆိုင်ရာလေဟာနယ်အားတွန်းထုတ်ခြင်း
• ကျားတန်ဆာအတွင်းသို့ထည့်သွင်းသည့်ပစ္စည်း
• သွေးကြောခွဲစိပ်မှု
တချို့အမျိုးသားတွေအတွက် ဒီနည်းလမ်းတွေအားလုံးကအကူအညီဖြစ်ပေမယ့် သဘာဝဆန်ဆန်ပြောင်းလဲမှုတွေကတော့ ထိရောက်မှုရှိပြီး အန္တရာယ်နည်းပါတယ်။
Source: http://www.mayoclinic.org/diseases-conditions/erectile-dysfunction/basics/definition/con-20034244
http://www.healthline.com/health/erectile-dysfunction/ed-natural-treatments#SeeaDoctor3

အမျိုးမျိုးသောလိင်ပိုင်းဆိုင်ရာကူးစက်ရောဂါတွေက လိင်အင်္ဂါကြွက်နို့တွေ၊ ကာလသားရောဂါ၊ chlamydia ဘတ်တီးရီးယားကြောင့်ဖြစ်ပွားသောရောဂါ၊ ဆစ်ဖလစ်ရောဂါနဲ့ လိင်အင်္ဂါရေယုန်တွေအပါအဝင် ကျားတန်ဆာကို ထိခိုက်စေနိုင်ပါတယ်။
ယေဘူယျရောဂါလက္ခဏာတွေကတော့ နာကျင်တဲ့ဆီးသွားခြင်း၊ ကျားတန်ဆာမှအရည်များထွက်ခြင်းနဲ့ ကျားတန်ဆာပေါ်မှာ (ဒါမှမဟုတ်) လိင်အင်္ဂါဧရိယာမှာ အနာ (ဒါမှမဟုတ်) မန်းရည်ရှိတဲ့အနာတွေပေါက်ခြင်းတွေဘဲ ဖြစ်ပါတယ်။

လိင်စိတ်လျော့ပါးခြင်းဟာ လိင်ပိုင်းဆိုင်ရာလုပ်ဆောင်မှုမှာ စိတ်ပါဝင်စားမှုလျော့ကျနေတာကို ပြသနေတာဖြစ်ပါတယ်။ အချိန်နဲ့အမျှ လိင်ကိစ္စမှာစိတ်ပါဝင်စားမှုဆုံးရှုံးလာတာဟာ သာမာန်ဖြစ်ပြီး လိင်စိတ်အဆင့်တွေဟာ ဘဝတစ်လျှောက်လုံးမှာ ပြောင်းလဲနေတတ်ပါတယ်။ ဒါပေမယ့် အချိန်အကြာကြီးလိင်စိတ်လျော့ပါးတာဟာ လူတစ်ချို့ကို စိုးရိမ်ပူပန်စေနိုင်ပါတယ်။ လိင်စိတ်လျော့ပါးတာဟာ တစ်ခါတစ်ရံမှာ တိမ်မြုပ်နေတဲ့ကျန်းမာရေးအခြေအနေတွေကို အချက်ပြနေတာ ဖြစ်နိုင်ပါတယ်။

ဖြစ်ပွားရခြင်းအကြောင်းအရင်းများ
အမျိုးသားတွေမှာ လိင်စိတ်လျော့ပါးရခြင်းရဲ့ ဖြစ်နိုင်ချေရှိတဲ့အကြောင်းအရင်းတချို့ကို အောက်မှာဖော်ပြထားပါတယ်။
တက်စတိုစထရုန်းနည်းပါးခြင်း - တက်စတိုစထရုန်းဟာ အရေးကြီးတဲ့ကျားဟော်မုန်းဖြစ်ပါတယ်။ အမျိုးသားတွေမှာ အဲ့ဒါကို ဝှေးစေ့ထဲမှာ ထုတ်လုပ်တာများပါတယ်။ သင့်တက်စတိုစထရုန်းအဆင့်တွေဟာ သင့်လိင်အင်္ဂါအတွင်းမှာ အခြေခံဖြစ်ပွားပါတယ်။
ဆေးဝါးများ - ဆေးဝါးတစ်ချို့သောက်သုံးတာကြောင့် လိင်စိတ်လျော့ပါးခြင်းဖြစ်စေနိုင်တဲ့ တက်စတိုစထရုန်းအဆင့်နိမ့်ခြင်း ဖြစ်လာနိုင်ပါတယ်။ ဥပမာအနေနဲ့ သွေးခုန်နှုန်းဆိုင်ရာဆေးဝါးတွေက သုတ်လွှတ်ခြင်းနဲ့ ထောင်မတ်ခြင်းတွေကို တားဆီးနှောင့်ယှက်နိုင်ပါတယ်။
စိတ်ဓာတ်ကျဆင်းခြင်း - စိတ်ဓာတ်ကျဆင်းခြင်းဟာ လူတစ်ယောက်ရဲ့ဘဝအစိတ်အပိုင်းအားလုံးကို ပြောင်းလဲစေနိုင်ပါတယ်။ စိတ်ဓာတ်ကျဆင်းနေတဲ့လူတွေက လိင်ကိစ္စအပါအဝင် စိတ်ပျော်ရွှင်မှုရဖူးတဲ့ကိစ္စရပ်တွေမှာ စိတ်ပါဝင်စားမှု လျော့ပါးခြင်း (ဒါမှမဟုတ်) လုံးဝပျောက်ဆုံးခြင်းတွေ ခံစားရနိုင်ပါတယ်။
နာတာရှည်ဖျားနာမှု - နာတာရှည်နာကျင်ကိုက်ခဲမှုလိုမျိုး နာတာရှည်ကျန်းမာရေးအခြေအနေရဲ့သက်ရောက်မှုတွေကြောင့် ကောင်းကောင်းနေလို့မကောင်းဘူးဆိုရင် သင့်ဦးစားပေးစာရင်းထဲမှာ လိင်ကိစ္စက နောက်ရောက်နေဖို့များပါတယ်။ ခန္ဓာကိုယ်က နေပြန်ကောင်းလာအောင် ကျော်ဖြတ်နိုင်ဖို့အာရုံစိုက်နေရတာကြောင့် ကင်ဆာလိုမျိုး တချို့ဖျားနာမှုတွေဟာ သင့်သုတ်ပိုးထုတ်လုပ်မှုကို လျော့ကျစေနိုင်ပါတယ်။
အိပ်စက်ခြင်းပြဿနာများ - အဟန့်အတားဖြစ်တဲ့ အိပ်စက်နေစဉ် အသက်ရှုခေတ္တရပ်ဆိုင်းခြင်း (အသက်ရှုတိမ်ခြင်းကြောင့် အိပ်စက်မှုအားအနှောင့်အယှက်ဖြစ်စေသော နာတာရှည်အခြေအနေ) ခံစားနေရတဲ့သူတစ်ယောက်ဟာ တက်စတိုစထရုန်းအဆင့်လျော့ပါးခြင်းဖြစ်တတ်တယ်လို့ လေ့လာမှုတစ်ရပ်မှာ တွေ့ရှိခဲ့ပါတယ်။ ဒီအခြေအနေကြောင့် လိင်ပိုင်းဆိုင်ရာလုပ်ဆောင်မှုကျဆင်းလာပြီး လိင်စိတ်လျော့ပါးခြင်း ဖြစ်ပွားလာတတ်ပါတယ်။ လေ့လာမှုထဲတွင် ပြင်းထန်တဲ့အိပ်စက်စဉ်အသက်ရှုရပ်ခြင်းခံစားနေရသူတွေရဲ့ထက်ဝက်နီးပါးလောက်ဟာ ညအချိန်မှာ တက်စတိုစထရုန်းအရမ်းနည်းပါးတဲ့အဆင့်တွေရှိတတ်တယ်လို့ သူတေသီတွေမှ တွေ့ရှိခဲ့ပါတယ်။
အသက်အရွယ်ရခြင်း - အမျိုးသားတွေဟာ သူတို့ရဲ့နှောင်းပိုင်းဆယ်ကျော်သက်အရွယ်မှာ လိင်စိတ်နဲ့ဆက်နွယ်မှုရှိတဲ့ တက်စရိုစထရုန်းအဆင့်တွေ အမြင့်ဆုံးရောက်ရှိနေတတ်ပါတယ်။ များသောအားဖြင့် အမျိုးသားတွေက သူတို့ရဲ့လိင်စိတ်ကွဲပြားခြားနားမှုကို အသက် (၆၀) ကနေ (၆၅) တစ်ဝိုက်ရောက်မှ သတိပြုမိတတ်ကြပါတယ်။
စိတ်ဖိစီးမှု - ဖိအားများတဲ့အချိန် (ဒါမှမဟုတ်) အခြေအနေတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေတယ်ဆိုရင် လိင်ပိုင်းဆိုင်ရာစိတ်ဆန္ဒလည်း လျော့ကျသွားတတ်ပါတယ်။ ဒါဟာဘာကြောင့်လဲဆိုတော့ စိတ်ဖိစီးမှုက ဟော်မုန်းအဆင့်တွေကို အနှောင့်အယှက်ဖြစ်စေနိုင်လို့ဖြစ်ပါတယ်။
ကုသမှုများ
လိင်စိတ်လျော့ပါးခြင်းကိုကုသတာဟာ များသောအားဖြင့် တိမ်မြုပ်နေတဲ့အခြေအနေကို ကုသခြင်းအပေါ်မှာ မူတည်နေတတ်ပါတယ်။ ဆေးပြောင်းသောက်ဖို့လိုနိုင်တာကြောင့် သင့်ဆရာဝန်နဲ့သွားတွေ့တာက အသက်ကိုဉာဏ်စောင့်ရာကျပါတယ်။ တကယ်လို့ လိင်စိတ်လျော့ပါးခြင်းမှာ စိတ်ပိုင်းဆိုင်ရာအကြောင်းအရင်းတွေရှိတယ်ဆိုရင် ဆက်ဆံရေးဆိုင်ရာပြဿသနာတွေကို ဖြေရှင်းဖို့အတွက် စိတ်ကုဆရာဝန်နဲ့ တွေ့ဆုံကြည့်ဖို့လိုနိုင်ပါတယ်။
လိင်စိတ်ကို သင့်ဘာသာသင်မြှင့်တင်ဖို့အတွက် လုပ်ဆောင်နိုင်တဲ့အဆင့်တွေရှိပါတယ်။ အောက်ဖော်ပြပါအချက်တွေကတော့ လိင်စိတ်မြှင့်တက်လာနိုင်ချေရှိတဲ့ကိစ္စရပ်တွေဘဲ ဖြစ်ပါတယ်။
• ပိုမိုကျန်းမာသောဘဝနေထိုင်မှုတွင် နေထိုင်ခြင်း
• လုံလောက်စွာအိပ်စက်ခြင်း
• စိတ်ဖိစီးမှုအား စီမံခန့်ခွဲခြင်း
• ပိုမိုကျန်းမာသောအစားအစာ စားသုံးခြင်း
Sources: http://www.webmd.com/men/features/revving-up-low-libido
http://www.healthline.com/health/low-testosterone/conditions-that-cause-low-libido#Overview1

အရေပြားမလှီးရသေးတဲ့ (ဒါမှမဟုတ်) မှားယွင်းစွာအရေပြားလှီးထားသော အမျိုးသား၊ phimosis နှင့် paraphimosis ဆိုပြီး ကျားတန်ဆာ၏ လိင်တံထိပ်ငုံအရည်ပြားမှာ အခြေအနေနှစ်မျိုးဖြစ်ပေါ်နိုင်ပါတယ်။ အရည်ပြားမလှီးရသေးတာဟာ ကျားတန်ဆာရဲ့လိင်တံထိပ်ငုံအရည်ပြားကို မဖယ်ရှားရသေးတာဘဲဖြစ်ပါတယ်။
Phimosis - ဒီအခြေအနေဟာ ကျားတန်ဆာခေါင်းအနောက်ဘက်သို့ လိင်တံထိပ်ငုံအရေပြားပြန် မကျုံ့နိုင် (ပြန်မဆွဲနိုင်) တဲ့အခါ ဖြစ်ပေါ်တတ်ပါတယ်။ Phimosis ဟာ လိင်တံထိပ်ငုံအရေပြား (ဒါမှမဟုတ်) ကျားတန်ဆာခေါင်း မကြာခဏရောင်ရမ်းခြင်းဖြစ်ပွားစေတဲ့ နာကျင်တဲ့ကူးစက်မှုမျိုးဖြစ်ပွားလာစေပါတယ်။ ဒါပေမယ့် ဒီအခြေအနေမျိုးကို အများအားဖြင့် ကလေးငယ်တွေနဲ့ တစ်ခါတစ်ရံ အရွယ်ရောက်ပြီးသူူတွေမှာ တွေ့ရှိရတတ်ပါတယ်။
Paraphimosis - ဒီအခြေအနေဟာ လိင်တံထိပ်ငုံအရေပြားကိုပြန်လည်ဆွဲယူပြီးတဲ့အခါ ပိတ်မိ သွားပြီးနောက် ကျားတန်ဆာခေါင်းအနောက်ဘက်မှာကြုံု့သွားတဲ့အခါ ဖြစ်ပေါ်တတ်ပါတယ်။ ကျုံ့သွားခြင်းဟာ ပြင်းထန်တဲ့ပြဿနာတွေဖြစ်စေနိုင်တဲ့ ကျားတန်ဆာသွေးပိတ်ဆို့မှုဖြစ်ခြင်းကို ဖြစ် ပေါ်စေနိုင်ပါတယ်။ Paraphiosis ကို တကယ့်အရေးပေါ်ကိစ္စအဖြစ် မှတ်ယူတတ်ကြပါတယ်။ မွေးဖွားစဉ်လိင်တံထိပ်အရေပြားကိုဖြတ်ခြင်း (လိင်တံထိပ်ငုံအရည်ပြားကိုခွဲစိတ်ဖယ်ရှားခြင်း) (ဒါမှမဟုတ်) ယခင်လိင်တံထိပ်အရေပြားလှီးဖြတ်ထားခြင်းကို ပြန်လည်ပြင်ဆင်ခြင်းတွေဟာ ဒီအခြေအနေကိုတားဆီးနိုင်ပါတယ်။
ဖြစ်ပွားရသည့်အကြောင်းရင်းများ
Phimosis ဖြစ်ပွားရသည့်အကြောင်းရင်းများမှာ ကူးစက်ခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းမှုအားနည်းခြင်း နှင့်/ သို့ ယခင်လိင်တံထိပ်ငုံအရည်ပြားဒဏ်ရာရရှိမှုတွေပါဝင်ပါတယ်။
အချိန်ကြာမြင့်စွာလိင်တံထိပ်ငုံအရည်ပြားနောက်ပြန်ဆုတ်ခြင်း (အရည်ပြားကိုပြန်လည်ဆွဲယူခြင်း) ရဲ့ ဘယ်အခြေအနေ (ဒါမှမဟုတ်) လှုပ်ရှားမှုမဆိုဟာ paraphimosis ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်လာနိုင်ပါတယ်။
• မှားယွင်းစွာ အရည်ပြားလှီးဖြတ်မှုပြုလုပ်ထားသည့် ကျားတန်ဆာ
• ကြမ်းတမ်းသည့်လိင်ဆက်ဆံမှု၊ လက်ဖြင့်တစ်ကိုယ်ရည်အာသာဖြေခြင်းအပါအဝင်
• အမျိုးသားများအနေဖြင့် လိင်တံထိပ်ငုံအရည်ပြားကိုကျုံ့ပြီးနောက်တွင် မူလအနေအထားသို့ ပြန်မရောက်ခြင်း
ရောဂါလက္ခဏာများ
များသောအားဖြင့် ယောင်ရမ်းခြင်းဖြစ်ပေါ်တဲ့ လိင်တံထိပ်အရေပြားပြဿနာတွေ ဆိုးရွားပြင်းထန်လျှင် ရှိလာနိုင်တဲ့ ရောဂါလက္ခဏာတွေက အောက်ပါအတိုင်းဖြစ်ပါတယ်။
Phimosis ရှိနေတဲ့အမျိုးသားကလေးငယ်မှာ အောက်ပါအမှတ်အသားတွေနဲ့ ရောဂါလက္ခဏာ အနည်းငယ် (ဒါမှမဟုတ်) အားလုံး ရှိလာနိုင်ပါတယ်။
• ဆီးသွားရာတွင်အခက်အခဲရှိခြင်း - ဆီးသွားနေစဉ်နာကျင်ခြင်း (သို့) ဆီးထဲတွင်သွေးပါခြင်း တို့အပါအဝင်
• ကျားတန်ဆာနာကျင်ခြင်း
Paraphimosis ရှိနေတဲ့ အမျိုးသားတွေမှာ အောက်ပါထပ်တိုးရောဂါလက္ခဏာတွေရှိနိုင်ပါတယ်။
• ကျားတန်ဆာဆိုင်ရာနာကျင်မှု (တိတိကျကျဆိုလျှင် ဂလင်းများ)
• ကျားတန်ဆာဆိုင်ရာအရောင်ပြောင်းလဲခြင်း (သွေးစီးဆင်းမှုပြတ်တောက်သွားသည့်အခါ ဖြစ် ပေါ်သည်)၊ ကျားတန်ဆာသည် ဖြူဖျော့ဖျော့အရောင်၊ အပြာရောင်၊ ခဲရောင် (သို့) အမဲရောင် ဖြစ်လာနိုင်ပါသည်။
Paraphimosis ရှိနေသူမှာ လိင်တံထိပ်ငုံအရည်ပြားမူလအနေအထားသို့ပြန်မရောက်နိုင်ခြင်းနဲ့ ဂလင်းတွေ (ဒါမှမဟုတ်) လိင်တံထိပ်ငုံအရည်ပြား ဆက်တိုက်ဆိုလို ပိုပိုနာကျင်လာခြင်း၊ ယောင်ရမ်း လာခြင်း (ဒါမှမဟုတ်) အရောင်ပြောင်းလာခြင်းတွေဖြစ်ပေါ်လာပါလျှင် ချက်ခြင်းဆေးစစ်ဆေးကုသမှုခံယူပါ။

ကုသမှု
Paraphimosis ဟာ အများအားဖြင့် အရေးပေါ်ဆေးကုသမှုမလိုအပ်ပါ။ ဒါပေမယ့် အကယ်၍ ဆီးသွားဖို့အခက်အခဲရှိခြင်း (ဒါမှမဟုတ်) ဆီးသွားလမ်းကြောင်းအပေါ်ပိုင်းမှာပူလောင်ခြင်းတွေရှိလာပါက ၁၂-၂၄ နာရီအတွင်း ဆရာဝန်နဲ့ဆက်သွယ်သင့်ပါတယ်။
Paraphimosis ဟာ ဆေးပညာဆိုင်ရာအရေးပေါ်ဖြစ်ပါတယ်။ တကယ်လို့ ချက်ခြင်းကုသမှုမခံယူခဲ့ပါက ဂလင်းနဲ့လိင်တံထိပ်ငုံအရည်ပြားရဲ့ အသားပုပ်ခြင်းဖြစ်လာနိုင်ပါတယ်။ ယောင်ရမ်းခြင်းလျှော့ချဖို့အတွက် ကျားတန်ဆာမှာ ရေခဲကပ်ပါ။ ဒါပေမယ့် ရေခဲနဲ့ တိုက်ရိုက်ဖိအားနည်းလမ်းနဲ့ လွယ်လွယ် မသက်သာစေဘူးဆိုရင် အနီးဆုံးဆေးရုံ (ဒါမှမဟုတ်) ဆရာဝန်ရုံးခန်းသို့ ချက်ခြင်းသွားရောက်ပါ။
ဆရာဝန်ဟာလည်း ရေခဲနဲ့ တိုက်ရိုက်ဖိအားနည်းလမ်းကို ပြန်လည်လုပ်ဆောင်လာနိုင်ပါတယ်။
• လိင်တံထိပ်ငုံအရည်ပြားမလွတ်လပ်သေးပါက ဆက်လုပ်ရမည့် လုပ်ငန်း စဉ်တွေကိုဆောင်ရွက်ဖို့အတွက် ဆရာဝန်ဟာ ဆီးလမ်းကြောင်းဆိုင်ရာပါရဂူကိုဆက်သွယ်ပါလိမ့်မယ်။
Sources: http://www.emedicinehealth.com/foreskin_problems/article_em.htm

အမျိုးသမီးတွေမှာ အဖြစ်များပေမယ့် အမျိုးသားတွေလည်း ကျားတန်ဆာခေါင်းပိုင်းယောင်ယမ်းခြင်းဖြစ်တဲ့ balanitis လို့သိကြတဲ့အခြေအနေဖြစ်စေနိုင်တဲ့ မှိုကူးစက်ရောဂါတွေကို ခံစားရနိုင်ပါတယ်။
မှိုကူးစက်ရောဂါ (candida) ဖြစ်ပွားစေနိုင်တဲ့ မှိုဟာ ပုံမှန်အားဖြင့် အရေပြားပေါ် အထူးသဖြင့် စိုစွတ်တဲ့အရေပြားပေါ်မှာရှိတတ်တာကြောင့် အမျိုးသားတွေမှာဖြစ်ပွားတဲ့ မှိုကူးစက်ရောဂါတွေဟာ အဖြစ်များပါတယ်။
ဖြစ်ပွားရခြင်းအကြောင်းအရင်းများ
ယောနိမှိုကူးစက်ရောဂါတွေနဲ့မတူဘဲ အမျိုးသားတစ်ယောက်ဟာ မှိုကူးစက်ရောဂါရှိတဲ့သူတစ်ယောက်ယောက်နဲ့ လိင်ဆက်ဆံမိတဲ့အခါမှာ များသောအားဖြင့် လိင်ပိုင်းဆိုင်ရာကတစ်ဆင့် ကျားတန်ဆာဆိုင်ရာမှိုကူးစက်ရောဂါတွေ ရရှိဖြစ်ပွားလာတတ်ပါတယ်။ ဒါပေမယ့်လည်း သင် အောက်ဖော်ပြပါအချက်အလက်တွေနဲ့ကိုက်ညီနေပြီဆိုရင်တော့ သင့်မှာ မှိုကူးစက်ရောဂါကနေ balanitis အဖြစ်ကူးပြောင်းသွားဖို့ များနေပါပြီ။
• လိင်တံထိပ်အရေပြားကို မဖြတ်ထားခြင်း (ကျားတန်ဆာမှ လိင်တံထိပ်ငုံအရေပြားကို မဖယ်ရှားရသေးခြင်း)
• ပဋိဇီဝဆေးဝါးများအား ကာလရှည်ကြာအသုံးပြုခြင်း
• ဆီးချိုရောဂါရှိခြင်း
• HIV ကြောင့်ကဲ့သို့သော ခုခံအားကို ဖျက်ဆီးသည့် ရောဂါရှိနေခြင်း
• အဝလွန်ခြင်း
• တစ်ကိုယ်ရည်သန့်ရှင်းမှုအားနည်းခြင်း

လက္ခဏာရပ်များ
ရောဂါလက္ခဏာတွေကတော့ -
• ကျားတန်ဆာပေါ်တွင် စိုစွတ်သောအရေပြားရှိခြင်း (အရေပြားအခေါက်များထဲတွင်စုနေသည့် ထူထဲသော ဖြူရော်သည့်အရာများစုနေခြင်း)
• ကျားတန်ဆာပေါ်တွင် ဖြူရော်သောအရေပြားနေရာများရှိခြင်း
• ကျားတန်ဆာခေါင်းထိပ်တစ်ဝိုက်တွင် အနီကွက်ထခြင်း၊ ယားယံခြင်း (သို့) ပူစပ်ပူလောင်အထိအတွေ့ခံစားရခြင်း
• ဆီးသွားစဉ် (သို့) လိင်ဆက်ဆံစဉ်အချိန်တွင် နာကျင်ခြင်း
• လိင်တံထိပ်ငုံအရေပြားမှ အနံ့ဆိုးထွက်ခြင်း
• လိင်တံထိပ်ငုံအရေပြားအား ပြန်လည်ဆွဲထုတ်ရာတွင် ခက်ခဲခြင်းတို့ဘဲ ဖြစ်ပါတယ်။

ကုသမှု
အမျိုးသားမှိုကူးစက်ရောဂါအများစုဟာ ဆေးဆိုင်မှာမေးမြန်းဝယ်ယူနိုင်တဲ့ မှိုတိုက်ဖျက်တဲ့ဆေးဝါးတွေနဲ့ အလွယ်တကူကုသနိုင်ပါတယ်။ ရေပန်းစားတဲ့ (ဒါမှမဟုတ်) ပုံမှန်သောက်သုံးရတဲ့ မှိုတိုက်ဖျက်သောကုသမှုတွေ အလုပ်မဖြစ်ပါက ဆရာဝန်နှင့်သွားတွေ့ဖြစ်အောင်တွေ့ပါ။
သင်နဲ့သင့်အဖော်နှစ်ယောက်လုံးမှာ မှိုကူးစက်ရောဂါလက္ခဏာရပ်တွေရှိနေရင် အချင်းချင်းပြန်လည်ကူးစက်ခြင်းမဖြစ်ပွားစေဖို့အတွက် နှစ်ဦးလုံး ကုသမှုခံယူကြဖို့ အရေးကြီးပါတယ်။
Sources: http://www.everydayhealth.com/yeast-infection/guide/men/
http://www.mayoclinic.org/healthy-living/mens-health/in-depth/penis-health/art-20046175?pg=1
http://www.mayoclinic.org/male-yeast-infection/expert-answers/faq-20058464

ဆီးလမ်းကြောင်းပိုးဝင်းခြင်း (UTIs) ဟာ ကျောက်ကပ်များ၊ ဆီးလမ်းကြောင်း၊ ဆီးအိမ် (ဒါမှမဟုတ်) ဆီးပြွန်တွေမှာဖြစ်ပွားတဲ့ ကူးစက်ရောဂါဖြစ်ပါတယ်။ UTIs ဟာ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုမိုအဖြစ်များပေမယ့် ဘယ်သူမဆိုဖြစ်ပွားနိုင်ချေရှိပါတယ်။ အဲ့ဒါတွေဟာ ခန္ဓာကိုယ်ကနေမထွက်ကျမီ ဆီးတွေဖြတ်သန်းသွားတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ ပတ်သက်နေပါတယ်။ အနုဇီဝမျိုးစိတ်တွေ (ဒါမှမဟုတ်) မျိုးဗီဇတွေ အများအားဖြင့် ဘတ်တီးရီယားတွေကြောင့် UTIs ဖြစ်ပွားရခြင်းဖြစ်ပါတယ်။ ကွဲပြားခြားနားတဲ့ UTI အမျိုးအစားတွေကတော့ -
ဆီးပြွန်ယောင်ယမ်းခြင်း - ဆီးပြွန် - ဆီးအိမ်မှဆီးတွေကို ခန္ဓာကိုယ်အပြင်ဘက်ဆီ သယ်ဆောင်ပေးတဲ့ပြွန်၌ ကူးစက်ဖြစ်ပွားခြင်း။ UTI (သို့) STI ကြောင့် ဆီးပြွန်ယောင်ယမ်းခြင်းဖြစ်ပွားနိုင်ပါတယ်။
Cystitis – ဆီးအိမ်တွင်ကူးစက်ဖြစ်ပွားခြင်း (UTI ၏ဖြစ်ပွားမှုအများဆုံးအမျိုးအစား)
Pyelonephritis – ကျောက်ကပ်တွင်ကူးစက်ဖြစ်ပွားခြင်း (ပို၍ပြင်းထန်သည်။)

ရောဂါလက္ခဏာများ
ကျောက်ကပ်တွင်ကူးစက်ဖြစ်ပွားခြင်း
လူတစ်ဦးမှာ ကျောက်ကပ်ကူးစက်ရောဂါရှိနေပြီဆိုရင် သူတို့ဟာ အပေါ်ဘက်နောက်ကျောနဲ့ဘေးဘက်နာကျင်မှု၊ အဖျားကြီးခြင်း၊ တုန်ရီခြင်း၊ ချမ်းစိမ့်စိမ့်ဖြစ်ခြင်း၊ မောပန်းလွယ်ခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာအပြောင်းအလဲတွေ ခံစားရတတ်ပါတယ်။
ဆီးအိမ်တွင်ကူးစက်ဖြစ်ပွားခြင်း
လူတစ်ဦးမှာ ဆီးအိမ်ကူးစက်ရောဂါရှိနေပြီဆိုရင် သူတို့ဟာအဖျား၊ သွေးဖိအားနိမ့်ခြင်း၊ ဝမ်းဗိုက်ပိုင်းနဲ့ အနိမ့်ပိုင်းနောက်ကျောအောင့်ခြင်းတွေ ခံစားရတတ်ပါတယ်။
ဖြစ်ပွားရခြင်းအကြောင်းအရင်းများ
ဆီးတွေဟာ ပုံမှန်အားဖြင့် ပိုးသတ်ပြီးသားဖြစ်ပါတယ်။ ဆိုလိုတာက ဘတ်တီးရီးယား၊ မှို (ဒါမှမဟုတ်) ဗိုင်းရပ်တွေ မပါဝင်ဘူးဆိုတာပါဘဲ။ ဆီးစနစ်ကိုကူးစက်ဖို့အတွက် ဘတ်တီးရီယားဟာ ဆီးပြွန် ကနေတဆင့် သွေးကြောကိုဖြတ်ပြီး ဝင်ရောက်လာတတ်ပါတယ်။ အဖြစ်အများဆုံးတရားခံကတော့ အစာခြေလမ်းကြောင်းကိုအဝင်ရောက်ဆုံးဖြစ်တဲ့ E.coli လို့ခေါ်တဲ့ ဘတ်တီးရီယားဖြစ်ပါတယ်။ အဲ့ဒါက အများအားဖြင့် စအိုကနေ ဆီးပြွန်အထိ ပျံ့နှံ့သွားတတ်ပါတယ်။
Mycoplasma နဲ့ chlamydia လိုမျိုး အခြားအရမ်းသေးငယ်တဲ့သက်ရှိတွေက အမျိုးသားတွေရော အမျိုးသမီးတွေမှာပါ ဆီးလမ်းကြောင်း၌ကူးစက်ဖြစ်ပွားခြင်းကို ဖြစ်စေနိုင်ပါတယ်။ အဲ့ဒီ့အရမ်းသေးငယ်တဲ့သက်ရှိတွေဟာ လိင်ဆက်ဆံခြင်းကတစ်ဆင့် ကူးစက်တာကြောင့် ကူးစက်ခြင်းတွေကို စမ်းသပ်သိရှိတာနဲ့ ပြန်လည်ကူးစက်ခြင်းမဖြစ်စေဖို့အတွက် နှစ်ယောက်လုံး ဆေးဝါးကုသမှုခံယူဖို့ လိုအပ်ပါတယ်။ အောက်ဖော်ပြပါကိစ္စရပ်တွေက UTI အဆင့်မြင့်လာခြင်းဖြစ်နိုင်ချေကို မြင့်မားစေနိုင်ပါတယ်။
• လိင်ဆက်ဆံခြင်း (အထူးသဖြင့် လူအများအပြားနဲ့ (ဒါမှမဟုတ်) အဖော်အသစ်တွေနဲ့ မကြာခဏ၊ ပြင်းထန်စွာဆက်ဆံပါက)
• ဆီးချိုရောဂါ
• တစ်ကိုယ်ရည်သန့်ရှင်းမှုအားနည်းခြင်း
• ဆီးအိတ်လုံးဝကုန်စင်သွားရန်ခက်ခဲခြင်း
• ဆီးထုတ်ယူသည့်ပြွန်အသုံးပြုရခြင်း
• အူမကြီးအား မထိန်းချုပ်နိုင်ခြင်း
• ဆီးစီးဆင်းမှုပိတ်ဆို့ခြင်း
• ကျောက်ကပ်တွင်တည်သည့်ကျောက်များ
• ဆီးလမ်းကြောင်းတွင်ပါဝင်သော လုပ်ငန်းစဉ်များ
• ရောဂါပြီးစနစ်ကျဆင်းခြင်း
• ပဋိဇီဝဆေးဝါးများ အများအပြားအသုံးပြုခြင်း (အထူးသဖြင့် အူမကြီးနှင့် ဆီးလမ်းကြောင်းဆိုင်ရာသဘာဝပန်းပင်အား အနှောင့်အယှက်ဖြစ်စေနိုင်သော)
လက္ခဏာရပ်များ
UTI ရဲ့အဖြစ်များတဲ့ လက္ခဏာရပ်တွေကတော့ -
• ပုံမှန်ထက်ပို၍ဆီးသွားခြင်း (သေးပေါက်ခြင်း)
• ဆီးသွားရန် အလွန်အားထုတ်ရပြီး ဘာမှ မသွားခြင်း
• ဆီးသွားစဉ်အတွင်း နာကျင်ခြင်း (သို့) ပူစပ်ပူလောင်ဖြစ်ခြင်း
• ဆိုးရွားသည့်အနံအသက်ရှိသောဆီးသွားခြင်း
• အဖျားရှိခြင်း (သို့) ချမ်းစိမ့်စိမ့်ဖြစ်ခြင်း
• မအီမသာဖြစ်ခြင်းနှင့် အော့အန်ခြင်း
• ဝမ်းဗိုက်အောက်ပိုင်းတွင် နာကျင်ခြင်း (ဝမ်းခေါင်း)
*ဆီးသွားစဉ်အတွင်း နာကျင်ခြင်း (သို့) ပူစပ်ပူလောင်ဖြစ်ခြင်းဟာ chlamydia ဘတ်တီးရီယားကြောင့်ဖြစ်ပွားသောရောဂါ၊ ကာလသားရောဂါ၊ လိင်အင်္ဂါရေယုန်နဲ့ trichomonads ကပ်ပါးပိုးကြောင့်ဖြစ်ပွားသောကူးစက်ရောဂါလိုမျိုး STI ၏လက္ခဏာရပ်တစ်ခုဖြစ်ပါတယ်။ တကယ်လို့ သင် ဒီလက္ခဏာရပ်ကိုခံစားနေရတယ်ဆိုရင် သင့်ကျန်းမာရေးစောင့်ရှောက်သူကို ချက်ချင်းခေါ်ဆိုပြီး စမ်းသပ်စစ်ဆေးပါ။
ကုသမှု
သင့်မှာ UTI ရှိနေပြီလို့ထင်ရင် သင့်ကျန်းမာရေးစောင့်ရှောက်သူနဲ့သွားတွေ့ဖို့ အရေးကြီးပါတယ်။ ဒါမှသာ သူတို့က ခွဲခြမ်းစိပ်ဖြာပြီး သင့်ကို ကုသပေးနိုင်မှာပါ။ သင့်မှာ UTI ရှိနေတယ်ဆိုရင် သင့်ကျန်းမာရေးစောင့်ရှောက်သူက ကူးစက်ခြင်းဖြစ်စေနိုင်တဲ့ ဘတ်တီးရီးယားတွေသေစေဖို့အတွက် ပဋိဇီဝဆေးဝါးညွှန်ကြားပါလိမ့်မယ်။ အဲ့ဒီ့ပဋိဇီဝဆေးဝါးတွေကို (၃) ရက်ကနေ (၇) ရက်အထိ (ပိုကြာကောင်းကြာနိုင်ပါတယ်) သောက်သုံးရနိုင်ပြီး သောက်သုံးရတဲ့ကာလက ကူးစက်ခြင်းရဲ့ပြင်းထန်ဆိုးရွားတဲ့အခြေအနေပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်။ သင်စပြီးသက်သာလာပြီဆိုရင်တောင်မှ သင့်ကျန်းမာရေးစောင့်ရှောက်သူညွှန်ကြားတဲ့ ဆေးကုန်အောင်သောက်ဖို့တော့ အရမ်းအရေးကြီးပါတယ်။ ပဋိဇီဝဆေးဝါးတွေကိုကုန်အောင်မသောက်သုံးပါက ကူးစက်ခြင်းပြန်လည်ဖြစ်ပွားနိုင်ပါတယ်။
သင့်ကျန်းမာရေးစောင့်ရှောက်သူက UTI ခံစားနေရစဉ်အချိန်မှာ ရေများများသောက်ဖို့နဲ့ မကြာခဏဆီးသွားပြီး ဆီးအိမ်ကိုရှင်းလင်းဖို့ပါ အကြံပေးပါလိမ့်မယ်။ သင့်ဆီးအိမ် သူ့ဘာသာသူရှင်းလင်းနေစေဖို့နဲ့ မကြာခဏဆီးသွားဖို့ အရေးကြီးပါတယ်။
တကယ်လို့ ဆီးအိမ်အောင့်ခြင်း (ဝမ်းဗိုက်အောက်ပိုင်းမှာ ပေါ်လာလိုက်၊ ပျောက်သွားလိုက်ဖြစ်တဲ့ ဗိုက်အောင့်နာကျင်မှု) ခံစားရတယ်ဆိုရင် သင့်ကျန်းမာရေးစောင့်ရှောက်သူက နာကျင်မှုသက်သာစေမယ့်ဆေးဝါးတွေ ညွှန်ကြားပါလိမ့်မယ်။ ဆီးအိမ်အောင့်ခြင်းကိုသက်သာစေနိုင်တဲ့ တချို့ဆေးဝါးတွေကြောင့် ဆီးတွေဟာ လိမ္မော်ရောင်ပြောင်းသွားနိုင်ပါတယ်။ ဒါဟာ လုံးဝကိုပုံမှန်ဖြစ်တဲ့ဘေးထွက်ဆိုးကျိုးဖြစ်ပြီး ဆေးသောက်နေတဲ့အချိန်အတွင်းဘဲ ဒီလိုဖြစ်မှာဖြစ်ပါတယ်။
Sources: http://www.medicalnewstoday.com/articles/189953.php#causes_of_urinary_tract_infections
https://www.betterhealth.vic.gov.au/health/conditionsandtreatments/urinary-tract-infections-uti
http://youngmenshealthsite.org/guides/urinary-tract-infection/

သုတ်လွှတ်စောခြင်းဟာ လိင်ဆက်ဆံမှုမပြီးမီ (ဒါမှမဟုတ်) ပြီးလျှင်ပြီးချင်း မထိန်းချုပ်နိုင်ပဲ သုတ် လွှတ်ခြင်းဖြစ်ပြီး လိင်ဆက်ဆံသူနှစ်ဦးစလုံးစိတ်ကျေနပ်မှုမရခြင်းဖြစ်လာနိုင်ပါတယ်။ ဒါက အမျိုးသားလိင်ပိုင်းဆိုင်ရာကိုယ် အင်္ဂါအစိတ်အပိုင်းတစ်ခုခုချို့ယွင်းနေတဲ့အကြောင်းက တွေ့ရအများဆုံး ပုံစံတွေထဲကတစ်ခုဖြစ်ပြီး အမျိုး သားတိုင်းကို ၎င်းတို့ဘဝရဲ့အချက်တစ်ချို့မှာ ထိခိုက်စေနိုင်ပါတယ်။
ဖြစ်ပွားရသည့်အကြောင်းရင်းများ
သုက်လွှတ်စောခြင်းရဲ့အဖြစ်အပျက်အများစုမှာ ရှင်းလင်းတဲ့အကြောင်းရင်းမရှိပါဘူး။ လိင်ပိုင်းဆိုင် ရာအတွေ့အကြုံနဲ့ အသက်အရွယ်အရ အမျိုးသားတွေဟာ ထိန်းအားကောင်းဖို့ တနည်းအားဖြင့် သုတ်လွှတ်တာကို ထိန်းချုပ်နှောင့်နှေးစေဖို့ သင်ယူကြပါတယ်။ စော၍သုတ်လွှတ်ခြင်းဟာ ဆက်ဆံဖော်အသစ်နဲ့ ဖြစ်ပွားတတ်ပါတယ်။ ၎င်းဟာ သေချာတဲ့လိင်ပိုင်းဆိုင်ရာအခြေအနေတွေမှာသာ ဖြစ်ပေါ်တတ်ပါတယ် (ဒါမှမဟုတ်) သုက်မလွှတ်တာကြာလို့လည်း ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်ရင် အများစုက စိုးရိမ်ပူပန်ခြင်း၊ အပြစ်ရှိသလိုခံစားရခြင်း (ဒါမှမဟုတ်) စိတ်ဓာတ်ကျခြင်းလိုမျိုး စိတ်ပိုင်းဆိုင်ရာအချက်တွေ ဖြစ်လာနိုင်ပါတယ်။ တချို့ကိစ္စတွေမှာ ဟိုမုန်းဆိုင်ရာကိစ္စရပ်များ၊ ထိခိုက်ဒဏ်ရာရခြင်း (ဒါမှမဟုတ်) ဆေးဝါးတွေရဲ့ဘေးထွက်ဆိုးကျိုးလိုမျိုး ဆေးပညာဆိုင်ရာကိစ္စရပ်တွေနဲ့လည်း ဆက်စပ်နေနိုင်ပါတယ်။
လက္ခဏာရပ်များ
အဓိကရောဂါလက္ခဏာရပ်ဟာ ကာမစပ်ယှက်မှုစတင်ခြင်းမတိုင်မီ (ဒါမှမဟုတ်) စတင်ပြီးချက်ခြင်း မထိန်းချုပ်နိုင်ပဲသုတ်လွှတ်ခြင်းဖြစ်ပါတယ်။ သုတ်လွှတ်ခြင်းဟာ အနည်းငယ်သောလိင်ပိုင်းဆိုင်ရာ လှုံဆော်မှုနဲ့ ထိုသူဆန္ဒမရှိမီကတည်းက ဖြစ်ပေါ်လာတတ်ပါတယ်။
ကုသမှုများ
သုက်လွှတ်စောခြင်းရဲ့ ဖြစ်ရပ်တော်တော်များများမှာ ၎င်းရဲ့ကိုယ်ပိုင်အချိန်ပိုမှာ ပိုမိုကောင်းမွန်လာတတ်ပါတယ်။ ကုသမှုမလိုအပ်တတ်ပါဘူး။ လေ့ကျင့်မှုအနားယူခြင်းနည်းလမ်းတွေ (ဒါမှမဟုတ်) အတူနေစဉ် အာရုံလွဲခြင်းနည်းလမ်းတွေကိုအသုံးပြုခြင်းဟာ သုတ်လွှတ်ခြင်းနှောင့်နှေးစေဖို့ ကူညီပေးပါတယ်။ တချို့သောအမျိုးသားတွေအတွက် အရက်၊ ဆေးရွက်ကြီး (ဒါမှမဟုတ်) တရားမဝင်မူးယစ်ဆေးတွေသုံးစွဲခြင်းကို ရပ်လိုက်ခြင်း (ဒါမှမဟုတ်) ဖြတ်လိုက်ခြင်းဟာ သုတ်လွှတ်ခြင်းအား ဘယ်လိုကောင်းမွန်စွာထိန်းချုပ်ရမည်ဆိုတာကို တိုးတက်လာစေပါတယ်။
သင့်ဆရာဝန်ဟာ သင့်နှင့်သင့်အဖော်ကို သုတ်လွှတ်ခြင်းနှောင့်နှေးစေဖို့ ကူညီပေးနိုင်တဲ့ နည်းလမ်းတွေကို လေ့ကျင့်ဖို့အကြံပြုပါလိမ့်မယ်။ ဥပမာအနေနဲ့ သုတ်လွှတ်ခြင်းဖြစ်စေတဲ့ အာရုံခံစားမှုတွေကို ခွဲခြားဖို့နဲ့ ထိန်းချုပ်ဖို့ သင်ယူရပါလိမ့်မယ်။ ကျားတန်ဆာရဲ့အာရုံခံခြင်းကို လျှော့ချဖို့အတွက် ကွန်ဒုံးအသုံးပြုဖို့ ကြိုးစားနိုင်ပါတယ်။ ဒါမှမဟုတ် ကာမစပ်ယှက်စဉ်အတွင်း ကွဲပြားတဲ့အနေအထား (ကျောဘက်ဖြင့်လဲလျောင်းခြင်း) ကို ကြိုးစားကြည့်နိုင်ပါတယ်။ နှစ်သိမ့်ဆွေးနွေးခြင်း (ဒါမှမဟုတ်) အပြုအမူတွေကို ပြောင်းလဲခြင်းတွေကလည်း စော၍သုတ်လွှတ်ခြင်းနဲ့ပတ်သက်တဲ့ စိုးရိမ်မှုကိုလျှော့ချဖို့အတွက် အကူအညီဖြစ်နိုင်ပါတယ်။
Sources: http://www.webmd.com/men/tc/premature-ejaculation-topic-overview

အမျိုးသားတစ်ယောက်ပြီးမြောက်ဖို့အတွက် လိင်ပိုင်းဆိုင်ရာလှုံဆော်မှုတွေကို မိနစ် ၃၀ ထက်မနည်း ကြာတယ်ဆိုရင်တော့ သုတ်လွှတ်ကြာခြင်းဆိုတဲ့ ပြသနာ ရှိနေပြီလို့ဆိုနိုင်ပါတယ်။ တချို့အမျိုးသားတွေဟာ ကိုယ်တိုင်အာသာဖြေခြင်း (ဒါမှမဟုတ်) ပါးစပ်ဖြင့်လှုံဆော်ခြင်းနဲ့သာ သုတ်လွှတ်နိုင်ပါတယ်။ တချို့ဆိုလျှင် လုံးဝသုတ်မလွှတ်နိုင်ပါ။
ရာသက်ပန် သုတ်လွှတ်နှေးတဲ့ ပြဿနာဟာ အခြေအနေအရ သုက်လွှတ်နှေးတဲ့ပြသနာနဲ့ ကွာခြားပါတယ်။ တချို့အမျိုးသားတွေဟာ လိင်ပိုင်းဆိုင်ရာအခြေအနေအားလုံးမှာ ယေဘူယျအားဖြင့် သုတ်လွှတ်နှေးတဲ့ ပြဿနာရှိပါတယ်။ တခြားအမျိုးသားတွေအတွက် ၎င်းဟာ သေချာတဲ့အဖော် (ဒါမှမဟုတ်) သေချာတဲ့အခြေအနေတွေမှာသာ ဖြစ်ပေါ်ပါတယ်။ ၎င်းကို “အခြေအနေအရ သုတ်လွှတ်မှုနှောင့်နှေးခြင်း” ဟု သိရှိကြပါတယ်။
ရှားပါးတဲ့ဖြစ်ရပ်တွေအနေနဲ့ကတော့ နှလုံးရောဂါ (ဒါမှမဟုတ်) ဆီးချိုရောဂါတွေလိုမျိုး ဆိုးရွားလာတဲ့ ကျန်းမာရေးပြဿနာတွေရဲ့လက္ခဏာလည်းဖြစ်ပါတယ်။
ဖြစ်ပွားသည့်အကြောင်းရင်းများ
စိတ်ပိုင်းဆိုင်ရာသောကတွေ၊ နာတာရှည်ကျန်းမာရေးအခြေအနေတွေနဲ့ ဆေးကုသမှုကိုတုန့်ပြန် ခြင်းတွေအပါအဝင် သုက်လွှတ်နှေးဖို့အတွက် အလားအလာရှိတဲ့ တခြားသောအကြောင်းရင်းများစွာရှိပါတယ်။
သုက်လွှတ်နှေးခြင်း ရဲ့စိတ်ပိုင်းဆိုင်ရာအကြောင်းရင်းတွေဟာ စိတ်ဒဏ်ရာအတွေ့အကြုံအရ ဖြစ်ပေါ်လာနိုင်ပါတယ်။ ယဉ်ကျေးမှုဆိုင်ရာ (ဒါမှမဟုတ်) ကိုးကွယ်မှုဆိုင်ရာတားမြစ်ချက်တွေဟာ လိင်ဆက်ဆံခြင်းကို ဆိုးရွားတဲ့အဓိပ္ပါယ်သက်ရောက်မှုပေးနိုင်ပါတယ်။ စိုးရိမ်ပူပန်ခြင်းနဲ့ စိတ်ဓာတ်ကျခြင်း နှစ်ခုစလုံးဟာ လိင်ပိုင်းဆိုင်ရာစိတ်ဆန္ဒကို ချုပ်တည်းထားစေနိုင်ပြီး သုက်လွှတ်နှေးစေတဲ့ ရလာဒ်ကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။
ကိုယ့်အဖော်နဲ့ အဆင်မပြေတာ၊ ဆက်ဆံရေးအဆင်မပြေတာ၊ ဒေါသကြီးတာတွေက သုက်လွှတ်နှေးခြင်း ပြသနာကို ပိုဆိုးစေပါတယ်။ မိမိစိတ်ကူးပုံဖော်ထားတဲ့ ကာမဆက်ဆံမှုအတိုင်း မိမိအဖော်နဲ့ နှိုင်းယှဉ်ကွားခြားနေလို့ စိတ်ပျက်နေရင်လည်း သုက်လွှတ်နှေးနိုင်ပါတယ်။ ဒီပြဿနာရှိတဲ့အမျိုးသားတွေဟာ အဖော်နဲ့ လှုံ့ဆော်တဲ့အတောအတွင်းမဟုတ်ပဲ လက်နဲ့တစ်ကိုယ်ရည်အာသာဖြေနေစဉ်အတွင်းမှာဘဲ သုတ်လွှတ်နိုင်ပါတယ်။
သေချာတဲ့ဓာတုပစ္စည်းတွေဟာ သုတ်လွှတ်ခြင်းနဲ့သက်ဆိုင်တဲ့နာဗ့်ကြောတွေကို ထိခိုက်စေနိုင်ပါတယ်။ အဖော်ပါပါ၊ မပါပါ သုတ်လွှတ်ခြင်းကို ထိခိုက်စေပါတယ်။ အောက်ပါဆေးကုသခြင်းတွေဟာ DE ကိုဖြစ်ပွားစေပါတယ်။
• စိတ်ကျရောဂါဆေးများ
• စိတ်ရောဂါဆေးများ
• သွေးတိုးခြင်းအတွက် ဆေးကုသခြင်းများ
• ဆီးရွှင်ဆေးများ
• အရက်
ခွဲစိတ်မှုများ (ဒါမှမဟုတ်) စိတ်ဒဏ်ရာဟာလည်း သုက်လွှတ်နှေးခြင်းကိုဖြစ်စေနိုင်ပါတယ်။
သုက်လွှတ်နှေးခြင်းဖြစ်ပွားစေတဲ့ ရုပ်ပိုင်းဆိုင်ရာအကြောင်းရင်းတွေမှာ အောက်ဖော်ပြပါအချက်တွေ ပါဝင်နိုင်ပါတယ်။
• ကျောရိုး (သို့) ကျားတန်ဆာရှိ နာဗ့်ကြောများ ထိခိုက်ပျက်စီးခြင်း
• နာဗ့်ကြောများကိုထိခိုက်ပျက်စီးစေသည် သေချာသည့်အဖိုသုတ်ရည်ဂလင်းဆိုင်ရာခွဲစိတ်မှု များ
• ကျားတန်ဆာဝန်းကျင်ရှိသွေးဖိအားကိုဆိုးကျိုးသက်ရောက်စေသည့် နှလုံးရောဂါ
• ကူးစက်မှုများ၊ အထူးသဖြင့် အဖိုသုတ်ရည်ဂလင်း (သို့) ဆီးလမ်းကြောင်းဆိုင်ရာကူးစက်မှုများ
• နာဗ့်ကြောဆိုင်ရာ (သို့) လေဖြတ်ခြင်း
• သိုင်းရွိုက်ဟိုမုန်းနိမ့်နေခြင်း
• တက်စ်အိုစရုန်းအဆင့်များနိမ့်နေခြင်း
• သုတ်လွှတ်ခြင်းလုပ်ငန်းစဉ်ကို နှောက်ယှက်နိုင်သည့် မွေးရာပါချို့တဲ့မှုရှိခြင်း
ယာယီသုတ်လွှတ်ခြင်းပြဿနာဟာ စိုးရိမ်ပူပန်ခြင်းနဲ့ စိတ်ဓာတ်ကျခြင်းကိုဖြစ်စေနိုင်ပါတယ်။ ၎င်းဟာ အခြေခံရုပ်ပိုင်းဆိုင်ရာ အကြောင်းရင်းကို ဖြေရှင်းပြီးရင်တောင်မှ ပြန်ပေါ်လာနိုင်ပါတယ်။
ကုသမှုများ
ကုသမှုဟာ အခြေခံအကြောင်းရင်းပေါ်မှာမူတည်နိုင်ပါတယ်။ တကယ်လို့ သင့်မှာ ရာသက်ပန်ပြ ဿနာတွေရှိနေတဲ့အခါ (ဒါမှမဟုတ်) လုံးဝသုတ်မလွှတ်ဖူးတဲ့အခါ သင့်မှာ ဖွဲ့စည်းတည်ဆောက်ပုံ မွေးရာပါချို့ယွင်းချက်ရှိနေ၊ မနေကို ဆီးလမ်းကြောင်းဆိုင်ရာပါရဂူမှ ဆုံးဖြတ်ပေးနိုင်ပါတယ်။ သင်ရဲ့သမားတော်မှ ဆေးကုသခြင်းဟာ အကြောင်းရင်းဟုတ်၊ မဟုတ်ကို ဆုံးဖြတ်ပေးနိုင်ပါတယ်။ ဒီလိုဖြစ်ပွားပြီးပါက သင့်ရဲ့ဆေးကုသခြင်းကို ပြန်လည်ထိန်းညှိမှုတွေ ပြုလုပ်မှာဖြစ်ပြီး ရောဂါလက္ခဏာရပ်တွေကိုလည်း စောင့်ကြည့်မှာဖြစ်ပါတယ်။
တချို့သောဆေးကုသခြင်းတွေက သုက်လွှတ်နှေးခြင်းကို အထောက်အကူဖြစ်စေဖို့သုံးပေမယ့် ၎င်းအတွက် ဘာတစ်ခုကိုမှ သီးသန့်သတ်မှတ်ထားခြင်းမရှိပါဘူး။ ဒါကြောင့် ဆရာဝန်နဲ့ တိုင်ပင်ဖို့လိုပါတယ်။
Sources:
http://ow.ly/bbc7302zv42

ကာမဆက်ဆံမှုပြီးမြောက်ချိန်အတောအတွင်း သုတ်သွေးဟာ ကျားတန်ဆာကနေထွက်လာရမယ့် အစား ဆီးအိမ်အတွင်းကို ဝင်ရောက်သွားတဲ့အခါ သုက်နောက်ပြန်စီးခြင်း ဖြစ်ပေါ်ပါတယ်။ လိင်ဆက်ဆံမှုအထွဋ်အထိပ်ကိုရောက်နေပေမယ့် အနည်းငယ်သာ (ဒါမှမဟုတ်) လုံးဝ သုတ်သွေးမလွှတ်နိုင်တာမျိုး ဖြစ်နိုင်ပါတယ်။ ၎င်းကို ခြောက်သွေ့တဲ့ကာမဆက်ဆံမှုပြီးမြောက်ခြင်းလို့ ခေါ်ပါတယ်။ သုက်နောက်ပြန်စီးခြင်းဟာ အန္တရာယ်မရှိပေမယ့်လည်း အမျိုးသားမြုံခြင်းကို ဖြစ်စေနိုင်ပါတယ်။ သုက်နောက်ပြန်စီးခြင်း ကုသမှုနည်းလမ်းကတော့ မြုံခြင်းကို တဖြည်းဖြည်းချင်း ပြန်လည်ကောင်းမွန်လာအောင်လုပ်ခြင်းသာဖြစ်ပါတယ်။
ဖြစ်ပွားရသည့်အကြောင်းရင်းများ
ဆီပြွန်နှင့် ဝှေးစေ့များအရင်က ခွဲစိတ်မှုခံယူခဲ့ခြင်း၊ ဆီးချိုးရောဂါ၊ သွေးတိုးရောဂါ ကုသဖို့အသုံးပြုတဲ့ ဆေးဝါးတွေ အပါအဝင် တချို့သောဆေးကုသမှုများ (သွေးတိုးခြင်း) နဲ့တချို့သော ခံစားမှုကိုပြောင်းလဲစေတဲ့ ဆေးဝါးတွေကြောင့် သုက်နောက်ပြန်စီးခြင်း ဖြစ်ပေါ်နိုင်ပါတယ်။
အဲ့ဒီ့အခြေအနေဟာ များသောအားဖြင့် ဖြစ်ခဲပေမယ့်လည်း ဆီးအိမ်အတွင်းသုတ်သွေးရှိနေခြင်းဟာ အန္တရာယ်မရှိပါဘူး။ ၎င်းသုတ်သွေးဟာ ဆီးနဲ့ရောပြီး သာမန်ဆီးသွားခြင်းအဖြစ် ခန္ဓာကိုယ်ကနေ စွန့်ထွက်သွားပါတယ်။ ဆီးချိုရောဂါရှိတဲ့အမျိုးသားတွေနဲ့ လိင်အင်္ဂါဆိုင်ရာဆီးနဲ့ဆိုင်တဲ့ဆွဲဆန့်သောခွဲစိပ်မှု ပြုလုပ်ထားသူတွေဟာ အဆိုပါအခြေအနေဖြစ်ပေါ်ဖို့အတွက် မြင့်မားတဲ့အခွင့်အရေးရှိပါတယ်။
ရောဂါလက္ခဏာများ
• သုတ်လွှတ်စဉ် အမျိုးသားလိင်တံဆာပေါက်မှ သုတ်သွေး အနည်းငယ်သာစွန့်ထုတ်ခြင်း (သို့) စွန့်ထုတ်မှုမရှိခြင်း။
• ကလေးမရခြင်း
• လိင်ခံစားမှုအထွဋ်အထိတ်ရောက်ပြီးနောက် ဆီးသွားစဉ်အရောင်ညစ်နေခြင်း
ကုသမှု
တကယ်လို့ သုက်နောက်ပြန်စီးခြင်းဟာ ဆေးဝါးတွေကြောင့်ဖြစ်ပါက ဆေးဆက်မသောက်တာက အခြေအနေကို ဖြေရှင်းကောင်း ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ ဆီးချိုရောဂါတွေကြောင့် (ဒါမှမဟုတ်) ဆီးလမ်းကြောင်းနဲ့ ပတ်သက်၍ခွဲစိတ်မှုကြောင့် ဖြစ်တဲ့ သုက်နောက်ပြန်စီးခြင်းအမျိုးအစားသည် မူးယစ်ဆေးဝါးနဲ့တူတဲ့ epinephrine (pseudoephedrine (ဒါမှမဟုတ်) imipramine ကဲ့သို့သော) အသုံးပြုခြင်းကို တုန့်ပြန်ကောင်းတုန့်ပြန်နိုင်မှာဖြစ်ပါတယ်။
Sources: http://www.webmd.com/sexual-conditions/retrograde-ejaculation
http://ow.ly/G2n9302BLty

Ask your question

Do you know the secret to great sex? Being and staying curious. Dr Deep and our team love to answer your questions.

Ask anonymously Open Facebook Messenger