Facebook Page
www.facebook.com/thiloyarmay
Viber Community
https://bit.ly/33PKFZ9
Call Thiloyarmay
09894777262
Facebook Group
https://bit.ly/2KKaAtF
Email Thiloyarmay
[email protected]

လိင်အကြောင်း ပိုမိုရှာဖွေရန်

ရာသီစက်ဝန်း

ဓမ္မတာသွေးပုံမှန်စီးဆင်းတာကိုရာသီစက်ဝန်းလို့ခေါ်ပါတယ်။ ရာသီစက်ဝန်းပုံမှန်ရှိတယ်ဆိုတာက သင့်ခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့အစိတ်အပိုင်းတွေပုံမှန်အလုပ်လုပ်တာကိုပြတဲ့လက္ခဏာတစ်ခုဖြစ်ပါတယ်။ ရာသီစက်ဝန်းက ဟော်မုန်းလို့ခေါ်တဲ့အရေးကြီးတဲ့ခန္ဓာကိုယ်ဓါတုပစ္စည်းတွေကိုထောက်ပံ့ပေးပြီးကျန်းမာသန်စွမ်းစေပါတယ်။ လတိုင်းသင်ကိုယ်ဝန်ဆောင်ဖို့လည်း ပြင်ဆင်ပေးပါတယ်။ ရာသီစက်ဝန်းတစ်ခုကို ရာသီစလာတဲ့ ပထမနေ့မှ နောက်ရာသီလာတဲ့ ပထမနေ့ထိရေတွက်ပါတယ်။ ပျမ်းမျှရာသီစက်ဝန်းတစ်ခုက၂၈ရက်ကြာပါတယ်။ လူကြီးပိုင်းတွေမှာ ပုံမှန်ရာသီစက်ဝန်းက၂၁ရက်ကနေ ၄၅ရက်ကြားရှိနိုင်ပြီး ဆယ်ကျော်သက်အရွယ်တွေမှာ၂၁ရက်ကနေ၄၅ရက်ကြားရှိပါတယ်။ အချိန်တိုတောင်းတဲ့ရာသီစက်ဝန်း(သို့မဟုတ်)အချိန်ပိုကြာတဲ့ရာသီစက်ဝန်းရှိတာကဖြစ်နိုင်ပေမဲ့ပုံမှန်နှုန်းထက်သွေးဆင်းတာများတဲ့အခါဆရာဝန်နဲ့တွေ့ဆုံဖို့အကြံပေးလိုပါတယ်။

ရာသီစက်ဝန်းရဲ့ပထမတဝက်မှာ အီစတိုဂျင်ဟော်မုန်းတွေ စထွက်လာပါတယ်။အီစတိုဂျင်ကသင့်ကိုကျန်းမာသန်စွမ်းအောင်လုပ်ပေးတဲ့အရေးကြီးတဲ့အပိုင်းကပါဝင်ပြီး သင်အသက်အရွယ်ကြီးလာတဲ့အခါအထူးသဖြင့် အရိုးတွေကို ကျန်းမာတောင့်တင်းစေပြီး ကျန်းမာကြံ့ခိုင်အောင်လုပ်ပေးပါတယ်။ အီစတိုဂျင်က သားအိမ်အနားသားကိုလည်း ကြီးထွားလာစေပြီး ထူထဲလာအောင်လုပ်ဆောင်ပေးပါတယ်။ ကိုယ်ဝန်ဆောင်တဲ့အခါမှာ သားအိမ်အနားသားတွေက သန္ဓေသားလောင်းအတွက် အာဟာရတွေဖြည့်တင်းဖို့ ကူညီပေးပါတယ်။ သားအိမ်အနားသားက တဖြည်းဖြည်းကြီးထွားလာနေချိန်မှာ သားဥတစ်ဥက စတင်ရင့်မှည့်လာပါတယ်။ ပျမ်းမျှ၂၈ရက်ရှိတဲ့ရာသီစက်ဝန်းရဲ့၁၄ရက်လောက်မှာ မှည့်လာတဲ့ သားဥက သားဥအိမ်ထဲကထွက်ခွာသွားပြီး ဒါက သန္ဓေအောင်ဖို့ အဆင်သင့်ဖြစ်နေတဲ့လက္ခဏာတစ်ခုဖြစ်ပါတယ်။ ဒါကိုသားဥကြွေခြင်းလို့ခေါ်ပါတယ်။ အဲသားဥက သားဥအိမ်ထဲက ထွက်ခွာသွားပြီးနောက် သားဥပြွန်ကနေသားအိမ်ဆီသို့သွားပါတယ်။ ဟော်မုန်းအဆင့်မြင့်တက်လာပြီးကိုယ်ဝန်ဆောင်ဖို့သားအိမ်အတွင်းသားနံရံကကူညီပြင်ဆင်ပေးပါတယ်။အမျိုးသမီးတစ်ယောက်က သားဥမကြွေခင် ၃ရက်အတွင်း(သို့မဟုတ်)သားဥကြွေတဲ့ရက်မှာကိုယ်ဝန်ရနိုင်ချေရှိပါတယ်။ သင်သိထားသင့်တာကပျမ်းမျှရာသီစက်ဝန်းထက် ပိုတိုတောင်းတဲ့ရာသီစက်ဝန်း(သို့မဟုတ်) ပိုကြာတဲ့ရာသီစက်ဝန်းရှိတဲ့အမျိုးသမီးတွေဟာ ၁၄ရက်မတိုင်ခင်(သို့မဟုတ်)၁၄ရက်ကျော်ပြီးလျှင် သားဥကြွေကြပါတယ်။

အမျိုးသားတစ်ယောက်ရဲ့အဖိုမျိုးပွားဆဲလ်နဲ့ သားဥနဲ့ပေါင်းစပ်သန္ဓေအောင်ရင် အမျိုးသမီးဟာ ကိုယ်ဝန်ရရှိပြီး သားအိမ်နံရံမှာ သားဥတွယ်ကပ်လာပါတယ်။ တကယ်လို့ သားဥက သန္ဓေမအောင်တဲ့အခါမှာတော့ ပြိုကွဲသွားတတ်ပြီး အဲဒီ့နောက်ဟော်မုန်းထွက်နှုန်းကျဆင်းပြီး ထူထဲတဲ့သားအိမ်အနားသားတွေက ကွာကျလာမယ်၊ သွေးယိုစိမ့်ကျလာမယ်၊ ဒါကို ရာသီဓမ္မတာခွင်ဖြစ်ပေါ်လာတယ်လို့ ခေါ်ပါတယ်။

Source: http://www.womenshealth.gov/publications/our-publications/fact-sheet/menstruation.html

Ask your question

Do you know the secret to great sex? Being and staying curious. Dr Deep and our team love to answer your questions.

Ask anonymously Open Facebook Messenger