Facebook Page
www.facebook.com/thiloyarmay
Viber Community
https://bit.ly/33PKFZ9
Call Thiloyarmay
09894777262
Facebook Group
https://bit.ly/2KKaAtF
Email Thiloyarmay
[email protected]

လိင်အကြောင်း ပိုမိုရှာဖွေရန်

မမျိုးဆက်ပွားအင်္ဂါ

အမျိုးသမီးတစ်ဦးရဲ့ပြင်ပလိင်ခန္ဓာဗေဒဆိုတာ မိန်းမကိုယ်၊ မိန်းမကိုယ်နှုတ်ခမ်းအပြင်၊ မိန်းမကိုယ်နှုတ်ခမ်းအတွင်း၊ မိန်းမအင်္ဂါအစေ့၊ မွေးလမ်းကြောင်းအပွင့်၊ ဆီးခုံနှင့် စအိုဝအပါအဝင် ခန္ဓာကိုယ်ပြင်ပမှာရှိတဲ့ လိင်အင်္ဂါဆိုင်ရာအစိတ်အပိုင်းတွေကို ဆိုလိုခြင်းဖြစ်ပါတယ်။ အဲ့ဒီအရာတွေ ဘယ်မှာနေရာမှာရှိသလဲဆိုတာ အမျိုးသမီးတွေ ပိုမိုသိရှိနားလည်စေဖို့ နည်းလမ်းကောင်းကတော့ လက်ကိုင်မှန်သုံးပြီး သင့်အင်္ဂါဇာတ်ကိုလေ့လာကြည့်ရှုတာဘဲ ဖြစ်ပါတယ်။ ဘယ်အစိတ်အပိုင်းကဘာဆိုတာကို လေ့လာတာနဲ့ပတ်သတ်ပြီး သင့်ခန္ဓာကိုယ်ကို သင့်ဘာသာသင်ကြည့်ပြီးလေ့လာတာက ကျန်းမာရေးနဲ့လိင်ပိုင်းဆိုင်ရာတွေအကြောင်း သင့်ကို ပိုမိုနားလည်စေနိုင်ပါတယ်။ အမျိုးသမီးတိုင်းမှာ လှတစ်မျက်နှာတစ်မျိုးစီရှိသလို ပြည့်စုံလှပတဲ့ ခန္ဓာကိုယ်ပုံစံတစ်မျိုးစီရှိကြတယ်ဆိုတာကို သတိရပါ။ ဒီပြင်ပလိင်အစိတ်အပိုင်းတွေက ဒီsiteမှာဖော်ပြထားတဲ့ပုံတွေနဲ့ ထပ်တူတော့ မတူညီနိုင်ပါဘူး။ ဒါပေမယ့် ဒီလိုမတူညီတာက ပုံမှန်ပါဘဲ။ ခန္ဓာကိုယ်တိုင်းက တစ်မူကွဲပြားတဲ့ပုံစံတွေနဲ့ သူ့ဘာသာသူတော့ တစ်မျိုးစီလှကြတာပါပဲ။

YRH_internal sexual anatomy-female section

မိန်းမကိုယ်

မိန်းမကိုယ်သည်အမျိုးသမီးတယောက်ရဲ့ အပြင်ပိုင်းလိင်အင်္ဂါ (မိန်းမလိင်အင်္ဂါစပ်)နှင့် သားအိမ်သားအိမ်ခေါင်းကို ဆက်သွယ်ပေးထားသော ကျုံ့နိုင်ဆန့်နိုင်သောလမ်းကြောင်းဖြစ်သည်။မိန်းမကိုယ်သည်တခုနှင့်တခုထပ်လျက်ရှိသော ရှုံကြွတစ်သျှူးနံရံများပါဝင်သော ပြွန်တစ်ခုဖြစ်သည်။နံရံများသည်မိန်းမကိုယ်ထဲသို့လက်ချောင်း (သို့မဟုတ်) ယောကျ်ားလိင်တန်ဆာဝင်နိုင်အောင် လုပ်ပေးထားပြီး မိန်းမကိုယ်ထဲမှ ကလေးထွက်လာအောင်လုပ်ပေးသည်။

အမျိုးသမီးတယောက်သည် ကာမစိတ်မကြွတဲ့အခါ မိန်းမကိုယ်သည် ၂ – ၄ လက်မရှည်ပြီး ကာမဆန္ဒဖြစ်လာတဲ့ အခါ ၄ – ၈ လက်မ ရှည်ပါသည်။

မိန်းမကိုယ်ရဲ့လုပ်ငန်းစဉ် ၃ ခုရှိပါသည်။

  • ကိုယ်ခန္ဓာမှဓမ္မတာသွေးစီးဆင်းအောင်ပြုလုပ်ပေးခြင်း
  • လက်(သို့မဟုတ်)ကာမစိတ်ဖြစ်အောင်လုပ်ပေးတဲ့အရုပ်(သို့မဟုတ်)ယောကျ်ားလိင်တန်ဆာတို့ဖြင့်ထိုးသွင်းလို့ရအောင်ပြုလုပ်ပေးခြင်း
  • ကလေးမွေးဖွားလို့ရအောင်ပြုလုပ်ပေးခြင်း

 

သားအိမ်ခေါင်း

သားအိမ်ခေါင်းသည် မိန်းမကိုယ်အဆုံးဘက်သ သားအိမ်ရဲ့ ကျဉ်းမြောင်းနိမ့်ကျတဲ့ အပိုင်းဖြစ်သည်။ မိန်းမကိုယ်ရဲ့ ပျော့ပျောင်းတဲ့နံရံတွေနဲ့ နှိုင်းယှဉ်ရင် သားအိမ်ခေါင်းသည် အလယ်တည့်တည့်တွင် အချိုင့်ငယ်လေးရှိတဲ့ နှာခေါင်းမာနေသလို မျိုးခံစားရပါသည်။ သားအိမ်ခေါင်းတွင်းရှိ အချိုင့်ငယ်သည် သားအိမ်ထဲရောက်သော အပေါက်ဖြစ်သည်။ ဝင်ပေါက်အလွန်သေးငယ်သည်။ ပုံမှန်အားဖြင့် သားအိမ်မှဓမ္မတာသွေးဆင်းခြင်း အဖြူဆင်းခြင်း (သို့မဟုတ်) သားအိမ်ထဲသို့ အဖြူရောင်အရည်ကြည်များ ဝင်ရောက်ခြင်းသာ သားအိမ်ခေါင်းကနေဖြတ်သန်းစီးဆင်းပါသည်။ ကလေးမွေးဖွားနေစဉ်အတောအတွင်း သားအိမ်ခေါင်းသည် ကလေးထွက်လာအောင် အဆမတန်ကျယ်နိုင်စွမ်းရှိသော်လည်း လက်ချောင်း (သို့မဟုတ်) ယောကျ်ားလိင်တန်ဆာအား သားအိမ်ခေါင်းအတွင်းသို့ ရောက်အောင်မလုပ်နိုင်ပါ။

 

သားအိမ်

သားအိမ်သည် သစ်တော်သီးပုံစံ သန်မာကြွက်သားများ ပါရှိသောမျိုးပွားအင်္ဂါဖြစ်ပြီး အမျိုးသမီးများ ပုံမှန်ကိုယ်ဝန်ဆောင်နေစဉ် ကလေးဖွံ့ဖြိုးကြီးထွားရန် နှင့်ရာသီဓမ္မတာသွေး စီးဆင်းရန်လုပ်ဆောင်ပေးသော နေရာဖြစ်ပါသည်။ သားအိမ်သည်ပုံမှန်အားဖြင့် အမျိုးသမီးတယောက်ရဲ့ လက်သီးဆုပ်အရွယ် ပမာဏလောက်ရှိသည်။ ကိုယ်ဝန်ဆောင်နေစဉ်အတောအတွင်း သားအိမ်သည် အကြိမ်ပေါင်းများစွာ လက်သီးဆုပ်အရွယ်အစားလောက် ဆွဲဆန့်နိုင်ပါသည်။ လိင်စိတ်ကြွနေစဉ် သားအိမ်အောက်ခြေသည် ဝမ်းဗိုက်ဆီသို့ မတင်ပေးပြီး မိန်းမကိုယ်နေရာ ပိုကျယ်အောင် လုပ်ပေးခြင်းကို သားအိမ်ကျုံဆန့်ခြင်းဟု ခေါ်ပါသည်။

 

သားဥပြွန်

သားဥပြွန်များသည် ကျဉ်းမြောင်းသော သားဥပြွန် ၂ ခုဖြစ်ပြီး သားဥအိမ်မှ သားအိမ်ဆီသို့ သားဥများကို သယ်ဆောင်ပေးသည်။ သုတ်ကောင်များသည် သားဥများနှင့် ပေါင်းစပ်သန္ဓေအောင်ရန် သားဥပြွန်တွေဆီသို့ ရောက်ရှိသွားသည်။

 

မျိုးဥလက်ခံအိတ်

မျိုးဥလက်ခံအိတ်များသည် သားဥပြွန်တခုစီရဲ့ အဆုံးဘက်မှာရှိတဲ့ လက်ချောင်းငယ်လေးတွေ ဒါဇင်လိုက်ရှိတဲ့ ပုံစံမျိုးဖြစ်ပြီး သားဥအိမ်မှပြွန်ဆီသို့ သားဥတွေကို သယ်ဆောင်ပေးပါသည်။

 

ဘာသိုလင်ဂလင်းများ

ဘာသိုလင်ဂလင်းများသည် ဂလင်း ၂ ခုဖြစ်ပြီး ကာမစိတ်ကြွနေတဲ့ အတောအတွင်း မိန်းမကိုယ်ကို ချောမွေ့စိုစွတ်အောင် အရည်ကြည်တွေကို ထုတ်လွှတ်ပေးသည်။ မိန်းမကိုယ်အပေါက်ရဲ့ တဖက်စီမှာ တည်ရှိပါသည်။ များသောအားဖြင့် သင်ကိုယ်တိုင် မတွေ့မြင်မခံစားနိုင်ပါ။

 

ဂျီပြောက် (G-spot)

G-Spot သည် မိန်းမကိုယ်အရှေ့ဘက်ခြမ်း နံရံပေါ်မှာ တည်ရှိပြီး ဝမ်းဗိုက်ပိုင်းနဲ့ အနီးဆုံးရှိသည်။ မိန်းမကိုယ်အတွင်းမှာ ၁ – ၂ လက်မ လောက်ရှိပါသည်။ G Spot သည် အလွန်ခံစားရလွယ်ပြီး ကာမစိတ်ကြွနေချိန်မှာ ဖောင်းလာသည်။ အချို့အမျိုးသမီးတွေ အတွက် G Spot လှုံ့ဆော်ကြွတဲ့အခါ ကာမဆန္ဒပြီးမြောက်ခြင်းသို့ ရောက်ရှိနိုင်ပါသည်။

 

ဆီးလမ်းကြောင်းပြွန်

ဆီးသွားလမ်းကြောင်းပြွန်သည် ဆီးအိမ်ကို သန့်စင်ပေးပြီး ခန္ဓာကိုယ်မှ ဆီးတွေကို စွန့်ထုတ်ပေးပါသည်။

Female external anatomy section

မိန်းမကိုယ်

မိန်းမကိုယ်ဆိုတာကတော့ အမျိုးသမီးအင်္ဂါဆိုင်ရာ အစိတ်အပိုင်းအမျိုးစုံပါဝင်တဲ့ အရာဖြစ်ပါတယ်။ မိန်းမကိုယ်မှာ ဆီးခုံ၊ မိန်းမကိုယ်နှုတ်ခမ်း၊ မိန်းမအင်္ဂါအစေ့၊ ဆီးလမ်းကြောင်းဝနဲ့ စအိုဝအစရှိတဲ့ အစိတ်အပိုင်း(၅)မျိုးပါဝင်ပါတယ်။ များသောအားဖြင့် လူတွေက မိန်းမကိုယ်နဲ့ မွေးလမ်းကြောင်းပွင့်ကို ရောနေတတ်ကြပါတယ်။ မွေးလမ်းကြောင်းပြွန်လို့လည်း အများသိကြတဲ့ မွေးလမ်းကြောင်းပွင့်က ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ သားအိမ်ခေါင်းနဲ့ သားအိမ်ကို ခန္ဓာကိုယ်ပြင်ပမှာရှိတဲ့ မိန်းမကိုယ်နဲ့ ဆက်စပ်ပေးထားတာ ဖြစ်ပါတယ်။

 

မိန်းမကိုယ်နှုတ်ခမ်း

မိန်းမကိုယ်နှုတ်ခမ်း (ခေါ်) မိန်းမကိုယ်ဘေးနှုတ်ခမ်းသားတွေက မွေးလမ်းကြောင်းပွင့်ကို ဝန်းရံထားတဲ့ ခေါက်လန်နေတဲ့အရေပြားတွေဘဲ ဖြစ်ပါတယ်။ မိန်းမကိုယ်နှုတ်ခမ်းတွေက အရွယ်အစား၊ ပုံသဏ္ဍာန်၊ အရောင်နဲ့ မျက်နှာပြင်အနေအထားတွေ ကွဲပြားတတ်ကြပြီး အဲ့ဒီ့မိန်းမကိုယ်နှုတ်ခမ်းတွေက သင့်ရဲ့မိန်းမကိုယ်ကို ကျန်းမာ၊ပြည့်စုံနေအောင် လုပ်ပေးတဲ့ အစိတ်အပိုင်းတွေဘဲ ဖြစ်ပါတယ်။ မိန်းမကိုယ်နှုတ်ခမ်းအပြင်ရော အတွင်းပါ နှစ်မျိုးလုံးက အာရုံခံစားနိင်စွမ်းမြင့်မားပြီး သင်ရမက်ထကြွလာတဲ့အခါ နဂိုအရွယ်အစားထက် ပိုမိုကြီးမားဖြိုးမောက်လာပြီး ပွင့်လာပါတယ်။

မိန်းမကိုယ်နှုတ်ခမ်းအပြင် – အပြင်ဖက်မိန်းမကိုယ်နှုတ်ခမ်းတွေဟာ အတွင်းဖက်မိန်းမကိုယ်နှုတ်ခမ်းကိုယ်နှုတ်ခမ်းသားတွေအပြင်ဖက်မှာရှိတဲ့ အရေပြားအခေါက်အချိုးနှစ်ခုဖြစ်ပြီး အဆီများတဲ့တစ်သျူးလည်း ဖြစ်ပါတယ်။ အရွယ်ရောက်ဖွံဖြိုးပြီးအချိန်မှာ မိန်းမကိုယ်နှုတ်ခမ်းအပြင်တွေဟာ ဆီးစပ်မွှေးတွေနဲ့ ဖုံးအုပ်သွားတတ်ပါတယ်။
မိန်းမကိုယ်နှုတ်ခမ်းအတွင်း – မိန်းမအင်္ဂါအစေ့နားမှာ စတင်ပြီး မွှေးလမ်းကြောင်းပွင့်မှာ အဆုံးသတ်တဲ့ အပြင်ဖက်မိန်းမကိုယ်နှုတ်ခမ်းရဲ့ အတွင်းဖက်မှာရှိတဲ့ အရေပြား အခေါက်အချိုးတွေဘဲ ဖြစ်ပါတယ်။ အတွင်းဖက်မိန်းမကိုယ်နှုတ်ခမ်းသားတွေက သင်ရဲ့ရင့်ကျက်ခြင်း၊ တွန့်ခေါက်ခြင်း (သို့) ချောမွေ့ခြင်းတွေအလိုက် ကြီးထွားပြီး အရောင်လည်း ပြောင်းလဲတတ်ပါတယ်။ ပြီးတော့ တစ်ခါတစ်ရံမှာ အဲ့ဒါတွေက အပြင်ဖက်မိန်းမကိုယ်နှုတ်ခမ်းတွေကြားက ပြူထွက်နေတတ်ပါတယ်။ အပြင်ဖက်မိန်းမကိုယ်နှုတ်ခမ်းသားတွေကို ဆွဲဖြဲလိုက်ရင် အတွင်းဖက်မိန်းမကိုယ်နှုတ်ခမ်းသားတွေကို တွေ့မြင်နိုင်ပါတယ်။

 

မွေးလမ်းကြောင်းပွင့်

ကြွက်သားပြွန်ဟာ အပြင်ဖက်လိင်အင်္ဂါအစိတ်အပိုင်းတွေကနေ သားအိမ်အထိ ဆက်စပ်နေတာဖြစ်ပါတယ်။ ရင်သွေးငယ်တွေကို မွေးဖွားနိုင်ဖို့ ကျယ်လာတတ်တဲ့ မွေးလမ်းကြောင်းပွင့်ဟာ လိင်ဆက်ဆံနေစဉ်အတွင်း အမျိုးသားအင်္ဂါဝင်ရောက်သွားတတ်တဲ့ နေရာဖြစ်တဲ့အပြင် ခန္ဓာကိုယ်ကနေ ရာသီသွေးတွေ ဆင်းသွားတတ်တဲ့နေရာလည်း ဖြစ်ပါတယ်။ အပြင်ဖက်ကနေကြည့်ရင်တော့ အပေါက်ဝလေးကိုဘဲ မြင်နိုင်မှာ ဖြစ်ပါတယ်။

 

အပျိုအမြှေးပါး

ngph_7 (1)

မွေးလမ်းကြောင်းပွင့်တစ်ဝိုက်မှာ မွေးလမ်းကြောင်းအနားသတ်အဝန်းလို့လည်း အများသိကြတဲ့ ကညာမြှေးအကြွင်းအကျန်တွေကို တွေ့နိုင်ပါတယ်။ ဒါတွေဟာ မွေးလမ်းကြောင်းပေါက်အတွင်းမှာဘဲရှိတဲ့ အပေါက်ဝကို တစ်စိတ်တစ်ပိုင်းပိတ်ဆို့ထားတဲ့ အမြှေးပါးပါးပါးလေးတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒါက အများအားဖြင့်တော့ အပေါက်ဝကို ဘယ်တော့မှ အပြည့်အဝမပိတ်ဆို့ထားတတ်ပါဘူး။ လိင်ဆက်ဆံအပြီးမှာ ကညာမြှေးတွေက အရွယ်အစားနဲ့ ပုံသဏ္ဍာန် ကွဲပြားသွားတတ်ကြပါတယ်။ အမျိုးသမီးအများစုမှာတော့ ဒီကညာမြှေးတွေက အလွယ်တကူဆန့်ထွက်သွားတတ်ပြီး ကညာမြှေးတွေဆန့်ထွက်သွားပြီးတာတောင်မှ တစ်သျူးအခေါက်အချိုးလေးနည်းနည်းကတော့ ကျန်ရှိနေတတ်ပါတယ်။

 

မိန်းမအင်္ဂါစေ့

မိန်းမအင်္ဂါစေ့ဆိုတာကတော့ ကာမစည်းစိမ်ခံစားဖို့အတွက်သက်သက်သာပါရှိတဲ့ ပွစိစိတစ်သျူးတစ်မျိုး ဖြစ်ပါတယ်။ မိန်းမကိုယ်ထိပ်မှာတော့ မိန်းမအင်္ဂါစေ့ရဲ့ထိပ်လေးကိုဘဲ မြင်နိုင်ပါတယ်။ တခြားကျန်ရှိနေတဲ့အစိတ်အပိုင်းတွေကတော့ မိန်းမအင်္ဂါစေ့ပေါင်းမိုးလို့ခေါ်တဲ့ မိန်းမကိုယ်နှုတ်ခမ်းသားတွေအောက်မှာ မြုပ်နေတတ်ပါတယ်။ မိန်းမအင်္ဂါစေ့ထိပ်လေးရဲ့ အရွယ်အစားဟာ ပဲစေ့လောက်အရွယ်ငယ်ငယ်ကနေ ရွှေပဲသီးအစေ့လောက်ကြီးကြီးအထိ အရွယ်အစားကွဲပြားနိုင်ပါတယ်။ ကျန်ရှိတဲ့ မိန်းမကိုယ်စေ့ကတော့ ခန္ဓာကိုယ်အတွင်းမှာရှိပြီး (၅)လက်မလောက်ရှည်ပါတယ်။ မိန်းမအင်္ဂါစေ့ရဲ့ အာရုံခံစားနိုင်စွမ်းက လူတစ်ဦးနဲ့တစ်ဦး ကွဲပြားနိုင်ပါတယ်။ အဲ့ဒါက အမျိုးသားတန်ဆာလိုမျိုးဘဲ ကာမစပ်လျှက်လိုစိတ်ကြွလာတဲ့အချိန်အတွင်းမှာ မာတောင့်လာပြီး ဖြိုးမောက်ဖောင်းကားလာတတ်ပါတယ်။ ဒါပေမယ့် အမျိုးသားတန်ဆာနဲ့မတူတာကတော့ ဒီမိန်းမအင်္ဂါစေ့က ကာမစည်းစိမ်ခံစားဖို့သက်သက်သာ ရည်ရွယ်ပါရှိတာဖြစ်ပါတယ်။ အခြေခံအားဖြင့် မိန်းမအင်္ဂါစေ့က သင်ခံစားလို့ကောင်းစေဖို့သက်သက်သာ ပါရှိတာဖြစ်ပါတယ်။ ပြီးတော့ များသောအားဖြင့် မိန်းမအင်္ဂါစေ့မှာ နာ့ဖ်ကြောအဆုံးသတ်တွေ ထောင်နဲ့ချီပြီးပါရှိတာကြောင့် အာရုံခံစားမှုအထူးကောင်းမွန်တတ်ပါတယ်။

 

ဆီးလမ်းကြောင်းအပေါက်

တကယ်လို့ အတွင်းဖက်နှုတ်ခမ်းတွေကို (မိန်းမကိုယ်နှုတ်ခမ်းအတွင်း) အတွင်းဖက်နှုတ်ခမ်းသားအဆက်နေရာကနေ မိန်းမအင်္ဂါစေ့အောက်ဖက်အထိ ဆွဲဖြန့်လိုက်ပါက အစက်လေး (သို့) အကွဲအဟလေးကို မြင်ရပါလိမ့်မယ်။ အဲ့ဒါကတော့ ဆီးလမ်းကြောင်း အပြင်ဖက်အပေါက်ဖြစ်ပြီး တိုတုတ်(လက်မဝက်ခန့်)ကာ ပါးလွှာတဲ့ ဆီးအိမ်နဲ့ဆက်စပ်နေတဲ့ပြွန်ဖြစ်တဲ့ ဆီးလမ်းကြောင်းအပေါက် ဖြစ်ပါတယ်။

Ask your question

Do you know the secret to great sex? Being and staying curious. Dr Deep and our team love to answer your questions.

Ask anonymously Open Facebook Messenger