Facebook Page
www.facebook.com/thiloyarmay
Viber Community
https://bit.ly/33PKFZ9
Call Thiloyarmay
09894777262
Facebook Group
https://bit.ly/2KKaAtF
Email Thiloyarmay
[email protected]

လိင်အကြောင်း ပိုမိုရှာဖွေရန်

မမျိုးဆက်ပွားကျန်းမာရေးပြသနာများ

တကယ်လို့ သင်ဟာ ဆီးလမ်းကြောင်းပိုးဝင်ခြင်း ခံစားနေရတယ်ဆိုရင်တော့ ဒီလိုခံစားနေရတာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ အမျိုးသမီး (၅)ယောက်မှာ (၁)ယောက်ဟာ သူတို့ဘဝတစ်လျှောက် ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို အနည်းဆုံး တစ်ကြိမ်တော့ခံစားဖူးကြပါတယ်။ UTI ဟာ ဆီးလမ်းကြောင်းဘယ်နေရာမှာမဆို ကူးစက်တတ်တဲ့ ရောဂါဖြစ်ပါတယ်။ ဆီးလမ်းကြောင်းဟာ ဆီးတွေ ပြုလုပ်၊ သိမ်းဆည်းပြီး ခန္ဓာကိုယ်ကနေ စွန့်ထုတ်ပေးပါတယ်။ ဆီးလမ်းကြောင်းမှ အောက်ပါအစိတ်အပိုင်းတွေ ပါဝင်ပါတယ်။

ကျောက်ကပ်များ – ဆီးပြုလုပ်ရန်အတွက် ခန္ဓာကိုယ်မှ အညစ်အကြေးများကို စုဆောင်းသည်။

ဆီးများကို ကျောက်ကပ်မှ ဆီးအိမ်သို့ ပို့ဆောင်ပေးသော ပြွန်များ – ဆီးများအား ကျောက်ကပ်မှ ဆီးအိမ်သို့ သယ်ဆောင်ပေးသည်။

ဆီးအိမ် – ဆီးအိမ်ပြည့်သွားသည်အထိ ဆီးများအား သိုလှောင်ပေးသည်။

ဆီးများကို ဆီးအိမ်မှ ခန္ဓာကိုယ်ပြင်ပသို့ စွန့်ထုတ်ရာပြွန် – ဆီးသွားသောအခါ ဆီးများအား ဆီးအိမ်မျ ခန္ဓာကိုယ်ပြင်ပသို့ သယ်ဆောင်ပေးသည့် ပြွန်တိုဖြစ်သည်။
UTI သည် ဆီးလမ်းကြောင်းအတွင်းမှ ဘတ်တီးရီးယားများကြောင့် ဖြစ်ပွားခြင်းဖြစ်သည်။ ၎င်းရောဂါသည် အောက်ဖော်ပြပါနည်းလမ်းမျိုးစုံဖြင့် ဖြစ်ပွားနိုင်သည်။

သန့်စင်ခန်းသွားပြီးသောအခါ အရှေ့မှအနောက်သို့ သုတ်ခြင်းကြောင့် မျိုးဗီဇကောင်များသည် ယောနိလမ်းကြောင်းအရှေ့ဖက်တွင်ရှိသော ဆီးများကို ဆီးအိမ်မှ ခန္ဓာကိုယ်ပြင်ပသို့ စွန့်ထုတ်ရာပြွန်အဝထဲသို့ ဝင်သွားတတ်သည်။
လိင်ဆက်ဆံနေစဉ်အတွင်းတွင် ယောနိလမ်းကြောင်းထဲမှ မျိုးဗီဇကောင်များသည် ဆီးများကို ဆီးအိမ်မှ ခန္ဓာကိုယ်ပြင်ပသို့ စွန့်ထုတ်ရာပြွန်ထဲသို့ တွန်းပို့ခြင်း ခံရတတ်သည်။
ဆီးသွားရန် ကြာမြင့်စွာ စောင့်ဆိုင်းရခြင်း။ ဆီးများ ဆီးအိမ်ထဲတွင် အချိန်ကြာမြင့်စွာ ရှိနေသည့်အခါ မျိုးဗီဇကောင်များ ပိုမိုထွက်ရှိလာပြီး ပိုမိုဆိုးရွားသော UTI ရောဂါဖြစ်ပွားလာပါတယ်။
ဆီးအိမ် လုံးဝဟာလာဟင်းလင်းဖြစ်သွားစေရန် ခက်ခဲစေသည့် ကျောက်ကပ်၌တည်နေသောကျောက်ကဲ့သို့သော အရာမှန်သမျှ
အခြားကျန်းမာရေးပြသနာများကို ခန္ဓာကိုယ်မှ ပြန်လည်တွန်းလှန်ရန် ခက်ခဲစေသည့် ဆီးချိုရောဂါရှိခြင်း၊
အက်စထရိုဂျင် လျော့နည်းခြင်းနှင့် သွေးဆုံးပြီးနောက် ယောနိလမ်းကြောင်းအတွင်း ပြောင်းလဲသွားခြင်း။ ဓမ္မတာလာခြင်းရပ်ဆိုင်းသွားသောအခါ သွေးဆုံးခြင်းဖြစ်ပွားသည်။
ရောဂါလက္ခဏာများ

ကူးစက်ခံရပါက အောက်ဖော်ပြပါလက္ခဏာများထဲမှတချို့ (သို့) အားလုံး ခံစားရနိုင်ပါသည်။

ဆီးသွားသောအခါ နာကျင်ခြင်း (သို့) စူးခနဲနာကျင်ခြင်း၊ ဆီးအများအပြားသွားရန် ဆန္ဒရှိသော်လည်း အမှန်တကယ်ဆီးသွားသောအခါ ဆီးသိပ်မထွက်ခြင်း၊
ဗိုက်အောက်ပိုင်းမှ ဖိအားများ၊
ဆီးနံ့ဆိုးရွားစွာနံခြင်း (သို့) နို့ကဲ့သို့ တိမ်ကဲ့သို့ (သို့) အနီဆွေးဆွေး အဆင်းသဏ္ဍာန်ရှိခြင်း၊ ဆီးထဲတွင် သွေးပါပါက ဆရာဝန်နှင့် ချက်ချင်းသွားရောက်ဆွေးနွေးပါ။
မောပန်းနွမ်းလျခြင်း (သို့) ယိုင်နေခြင်း (သို့) အဖျားရှိခြင်း။
ကုသမှု

UTI ရောဂါတွေကို ပဋိဇီဝဆေးဝါးတွေ၊ ကူးစက်စေသော ဘတ်တီးရီးယားများအား သတ်သည့်ဆေးဝါးတွေနဲ့ ကုသနိုင်ပါတယ်။ ဆေးဘယ်လောက်ကြာကြာသောက်သုံးရမလဲဆိုတာ ဆရာဝန်ညွှန်ကြားပါလိမ့်မယ်။ သက်သာလာရင်တောင်မှ ဆေးအကုန်သေချာသောက်ပါ။ အမျိုးသမီးအများစုကတော့ တစ်ရက်၊နှစ်ရက်အတွင်း သက်သာလာတတ်ကြပါတယ်။ ပဋိဇီဝဆေးဝါးတွေမှီဝဲနေရတာကြောင့် ရေအများအပြားသောက်ပြီး ရေဓာတ်ဖြည့်ပါ။
ကာကွယ်ခြင်း

ဆီးလမ်ကြောင်းပိုးဝင်မှုမဖြစ်အောင် အောက်ဖော်ပြပါ ရိုးရှင်းတဲ့နည်းလမ်းလေးတွေကို လိုက်ပါလုပ်ဆောင်ကြည့်ပါ။

ရေဆာသောအခါ ရေသောက်ပါ။
ဆီးသွားချင်စိတ်ဖြစ်လာလျှင် ချက်ချင်းဆီးသွားပါ။ မအောင့်ထားပါနဲ့။
မိန်းမအင်္ဂါဇာတ်အား သန့်ရှင်းပြီး ခြောက်သွေ့အောင် ထားပါ။
လိင်မဆက်ဆံမီနှင့် လိင်ဆက်ဆံပြီးပြီးချင်း ဆီးသွားပါ။
လိင်ဆက်ဆံနေစဉ်အတွင်း UTI ဖြစ်ပွားလာအောင် အစပျိုးသည့် အနေအထားပုံစံများကို ရှောင်ရှားပါ။
ယောနိလမ်းကြောင်းအတိုင်းလိင်ဆက်ဆံနေစဉ်အတွင်း ရာဘာစေး (သို့) အမျိုးသမီးသုံးကွန်ဒုံးများအား အသုံးပြုပါ။
UTI ဖြစ်ပွားနေမှုကို ခံစားသိရှိပါက ကူးစက်ရခြင်းအကြောင်းအရင်းများ ရှိပါသလားလို့ သင့်ကျန်းမာရေးတိုင်ပင်ဆောင်ရွက်ပေးသူအား မေးမြန်းဆွေးနွေးချင်ပါလိမ့်မည်။ ကူးစက်ခြင်းပြန်လည်မဖြစ်ပွားလာစေရန် သင့်ကျန်းမာရေးတိုင်ပင်ဆောင်ရွက်ပေးသူမှ ပဋိဇီဝဆေးဝါးများ သောက်သုံးခိုင်းပါလိမ့်မည်။

အရင်းအမြစ် :
http://www.womenshealth.gov/publications/our-publications/fact-sheet/endometriosis.html
http://www.womenshealth.gov/publications/our-publications/fact-sheet/uterine-fibroids.html
https://www.plannedparenthood.org/learn/stds-hiv-safer-sex/pelvic-inflammatory-disease-pid?_ga=1.49116910.977518502.1452055423

Endometriosis ရောဂါဆိုတာက အမျိုးသမီးတွေကိုယ်ဝန်ရှိနေစဉ်ကာလအတွင်းမှာ ကလေးငယ်ရှင်သန်ကြီးထွားရာနေရာဖြစ်တဲ့ သားအိမ်အပေါ်သက်ရောက်မှုရှိတဲ့ ယေဘူယျကျန်းမာရေးပြသနာတစ်ရပ်ပါ။ Endometrium လို့ခေါ်တဲ့ သားအိမ်ကိုအနားသတ်ပေးထားတဲ့တစ်သျှူးတွေ သားအိမ်မဟုတ်တဲ့ တခြားတစ်နေရာမှာ သွားဖွံဖြိုးတဲ့အခါ Endometriosis ရောဂါဖြစ်ပွားလာတတ်ပါတယ်။ ဒီတစ်သျှူးတွေဟာ သားဥအိမ်တွေ၊ သားအိမ်အနောက်ဖက်တွေနဲ့ အူမကြီး (ဒါမှမဟုတ်) ဆီးအိမ်အပေါ်ဖက်တွေမှာ ကြီးထွားဖွံဖြိုးလာတတ်ပါတယ်။ ခန္ဓာကိုယ်တခြားအစိတ်အပိုင်းတွေမှာလည်း ဖြစ်တောင့်ဖြစ်ခဲကြီးထွားဖွံဖြိုးလာတတ်ပါတယ်။

ရောဂါလက္ခဏာများ

Endoetriosis ရောဂါရဲ့ ယေဘူယျရောဂါလက္ခဏာကတော့ နာကျင်တာပါဘဲ။ Endometriosis ရောဂါခံစားနေရတဲ့အမျိုးသမီးတွေဟာ အောက်မှာဖော်ပြထားသလိုမျိုး နာကျင်မှုမျိုးစုံ ခံစားရတတ်ပါတယ်။

အလွန်နာကျင်တဲ့ ဓမ္မတာလာချိန် နာကျင်ကိုက်ခဲမှုများ။ နာကျင်ကိုက်ခဲမှုဟာ အချိန်ကြာလာတာနဲ့အမျှ ပိုဆိုးလာတတ်ပါတယ်
နောက်ကျောဖက်နဲ့ တင်ပါးဆုံရိုးများ နာတာရှည်နာကျင်ကိုက်ခဲခြင်း၊
လိင်ဆက်ဆံနေစဉ်အချိန်အတွင်းနဲ့ လိင်ဆက်ဆံအပြီးမှာ နာကျင်ကိုက်ခဲခြင်း။ ဒါကို အသည်းခိုက်အောင်နာကျင်မှုလို့ ညွှန်းဆိုလေ့ရှိပြီး ဒီနာကျင်မှုဟာ ယောနိလမ်းကြောင်းအဝကနေ ယောကျာ်းအင်္ဂါစတင်ထိုးသွင်းချိန်မှာ ခံစားရတဲ့နာကျင်မှုနဲ့ မတူညီပါဘူး။
အူအတွင်းနာကျင်ကိုက်ခဲခြင်း
လှုပ်လိုက်တိုင်းနာကျင်တဲ့ အူမကြီးလှုပ်ရှားမှုတွေ (ဒါမှမဟုတ်) ဓမ္မတာလာချိန်အတွင်း ဆီးသွားစဉ် နာကျင်ခြင်းများ။ ဖြစ်တောင့်ဖြစ်ခဲတချို့အခြေအနေတွေမှာဆိုရင် သင့်ဆီး (ဒါမှမဟုတ်) ဝမ်းထဲမှာ သွေးစလေးတွေ ပါလာတတ်ပါတယ်။
ဓမ္မလာမလာမီ ကြားကာလတွေမှာ အစက်အပြောက်ထွက်ခြင်း (ဒါမှမဟုတ်) သွေးဆင်းခြင်း။ ဓမ္မတာမလာမီကြားကာလတွေမှာ သွေးဆင်းတယ် (ဒါမှမဟုတ်) အစက်အပြောက်ထွက်တယ်ဆိုရင် Endometriosis ရောဂါအပြင် တခြားရောဂါတစ်ခုခုဖြစ်နေတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီလိုခဏခဏဖြစ်နေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသသင့်ပါတယ်။
အစာအိမ် (အစာခြေခြင်း) ပြသနာရပ်များ။ ဒီပြသနာရပ်တွေထဲမှာ အထူးသဖြင့် ဓမ္မတာလာချိန်အတွင်း ဝမ်းသွားတာ၊ ဝမ်းချုပ်တာ၊ ဖောရောင်တာ (ဒါမှမဟုတ်) မအီမသာ မူးဝေအော့အန်တာတွေ ပါဝင်ပါတယ်။
မျိုးမပွားနိုင်ခြင်း (သို့မဟုတ်) ကိုယ်ဝန်မရနိုင်ခြင်း။
ကုသမှု

Endometriosis ရောဂါအတွက် ဆေးမရှိပါဘူး။ ဒါပေမယ့် ရောဂါလက္ခဏာတွေနဲ့ ဖြစ်ပွားလာတဲ့ ပြသနာတွေအတွက်တော့ ကုသနည်းရှိပါတယ်။ ကုသဖို့အတွက် သင့်ရဲ့ရွှေးချယ်မှုကို ဆရာဝန်ထံ ပြောပြပါ။ တကယ်လို့ သင်ကကိုယ်ဝန်ရဖို့မကြိုးစားဘူးဆိုရင် ယေဘူယျအားဖြင့်တော့ ဟော်မုန်းဆိုင်ရာ သန္ဓေတားခြင်းက ကုသမှုရဲ့ပထမအဆင့်ပါဘဲ။ ဒီကုသမှုမှာ

သန္ဓေတားခြင်းက ဓမ္မတာလာချိန်ကို တားဆီးခြင်း (ဒါမှမဟုတ်) ရက်တိုတောင်းစေခြင်းတွေ လုပ်ဆောင်ပေးပါတယ်။
သားဆက်ခြားသောက်ဆေး၊ သားဆက်ခြားထိုးဆေးတွေနဲ့ သားဆက်ခြားကိရိယာထည့်သွင်းခြင်းလိုမျိုး ဟော်မုန်းဆိုင်ရာ သန္ဓေတားနည်းတွေက နာကျင်ကိုက်ခဲမှုတွေနဲ့ ရာသီသွေးဆင်းခြင်းတွေကို လျော့နည်းစေတတ်ပါတယ်။
ဟော်မုန်းဆိုင်ရာ သန္ဓေတားနည်းက အလွန်အမင်းနာကျင်တာတို့ ပြင်းထန်တဲ့ရောဂါလက္ခဏာတို့ မခံစားရတဲ့အမျိုးသမီးတွေအတွက် အကောင်းဆုံးပါဘဲ။
တကယ်လို့ သင်က ကိုယ်ဝန်ရဖို့ကြိုးစားနေတယ်ဆိုရင်တော့ ဆရာဝန်က Gonadotropin ထွက်ရှိစေတဲ့ ဟော်မုန်း (GnRH) Agonist ကြွက်သားဆိုင်ရာဆေး ညွှန်းပါလိမ့်မယ်။ ဒီဆေးက ခန္ဓာကိုယ်ကနေ သားဥကြွေတာတွေ၊ ဓမ္မတာစက်ဝန်းတွေနဲ့ Endometriosis ရောဂါတွေပိုဆိုးမလာအောင် ရပ်ပစ်ပါတယ်။ ဒီကုသမှုဟာ ယာယီသွေးဆုံးကိုင်ခြင်းကို ဖြစ်စေပေမယ့် Endometriosis ရောဂါပိုမဆိုးလာအောင် ထိန်းထားနိုင်ပါတယ်။ ဆေးသောက်တာရပ်လိုက်တာနဲ့တစ်ပြိုင်နက် ဓမ္မတာပြန်ဆင်းပြီး ကိုယ်ဝန်ရနိုင်ချေပိုများလာတတ်ပါတယ်။

ဟော်မုန်းဆိုင်ရာကုသမှုတွေက သက်သာရာမရစေဘူးဆိုရင် (ဒါမှမဟုတ်) မျိုးအောင်ခြင်းဆိုင်ရာ ပြသနာတွေရှိစေတယ်ဆိုရင် ပြင်းထန်တဲ့Endometriosis ရောဂါခံစားနေတဲ့ အမျိုးသမီးတွေဟာ ခွဲစိတ်ကုသလို့ရပါတယ်။ ခွဲစိတ်နေစဉ်အတွင်းမှာ ခွဲစိတ်ဆရာဝန်ဟာ Endometriosis ရောဂါဖြစ်ပွားနေတဲ့နေရာကိုရှာပြီး ဒီရောဂါဖြစ်နေတဲ့နေရာတဝိုက်ကို ဖယ်ရှားလိုက်ပါလိမ့်မယ်။ သင်က ကိုယ်ဝန်ဆောင်ဖို့မကြိုးစားဘူးဆိုရင် ခွဲစိတ်ပြီးတဲ့အခါ ဟော်မုန်းကုသမှုတွေ ရံဖန်ရံခါပြန်လည်စတင်ရပါလိမ့်မယ်။

သားအိမ်လုံးတွေဟာ ကလေးမွေးတဲ့ထားတဲ့အမျိုးသမီးတွေမှာ အများဆုံးဖြစ်ပွားတတ်တဲ့ ကင်ဆာမဟုတ်တဲ့ အဖုလုံးတွေ ဘဲဖြစ်ပါတယ်။ ဒီအလုံးတွေဟာ သားအိမ်နံရံအတွင်းနဲ့ သားအိမ်နံရံတစ်ဝိုက်မှာ ကြီးထွားဖွံဖြိုးနေတတ်ပြီး ကြွက်သားဆဲလ်တွေ အခြားတစ်သျှူးတွေနဲ့ ဖြစ်တည်နေတဲ့ အရာတွေဘဲဖြစ်ပါတယ်။ ဒီအလုံးတွေဟာ သားအိမ်ထဲမှာ တစ်လုံးတည်းဖွံဖြိုးနေတတ်သလို အများအပြားလည်း ရှိနေတတ်ပါတယ်။ သူတို့တွေဟာ ပန်းသီးအစေ့လောက် သေးငယ်တတ်သလို ဂရိတ်ဖရုသီးလောက်လည်း ကြီးမားတတ်ပါတယ်။ ပုံမှန်မဟုတ်တဲ့ဖြစ်ရပ်တွေမှာဆိုရင် သူတို့ဟာ အလွန်ကြီးလာတတ်ပါတယ်။ အလုံးတွေဖြစ်ပွားလာမှုကို မသိရှိနိုင်ပါဘူး။ အဝလွန်လာတာ အလွန်ဝဖိုင့်လာတာတွေဟာ သားအိမ်အလုံးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပါတယ်။

အသက်(၅၀)ရောက်ရင် အမျိုးသမီး (၂၀)ရာခိုင်နှုန်းကနေ (၈၀)ရာခိုင်နှုန်းဟာ ဒီအလုံးတွေ ထွက်လာတတ်ပါတယ်။ အမျိုးသမီးတွေရဲ့အသက်(၄၀)ကျော် (၅၀)အစောပိုင်းကာလတွေမှာ ဒီအလုံးတွေအများဆုံး ထွက်လာတတ်ပါတယ်။ အကျိတ်အများစုဟာ ဘာရောဂါလက္ခဏာမှမပြတတ်ပေမယ့် ဒီအလုံးတွေရှိနေတဲ့အမျိုးသမီးတချို့မှာတော့ အောက်ဖော်ပြပါအတိုင်း ခံစားရတတ်ပါတယ်။

ရာသီသွေးများပြားခြင်း (သွေးအားနည်းရောဂါဖြစ်ပွားသည်အထိ ရာသီသွေးများပြားတတ်ပါတယ်) (ဒါမှမဟုတ်) ဓမ္မတာလာချိန်အတွင်း နာကျင်ကိုက်ခဲခြင်း၊
– တင်ပါးဆုံရိုးနေရာ (အစာအိမ်အောက်ပိုင်းနေရာ) မှာ ပြည့်တင်းနေသလို ခံစားရခြင်း၊

– ဝမ်းဗိုက်ေအောက်ပိုင်း ကြီးမားလာခြင်း၊

– မကြာခဏဆီးသွားခြင်း၊

– လိင်ဆက်ဆံစဉ် နာကျင်ခြင်း၊

– အောက်ပိုင်းနောက်ကျောဖက် နာကျင်ခြင်း၊

– ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးခွဲစိတ်မွေးဖွားခြင်းထက် (၆)ဆ အန္တရာယ်ပိုများတဲ့ ရင်သွေးမွေးဖွားစဉ်ကာလတွေမှာ ရောဂါသစ်ထပ်တိုးလာခြင်း

– အလွန်ဖြစ်ခဲတဲ့ မျိုးမအောင်ခြင်းလိုမျိုး မျိုးပွားခြင်းဆိုင်ရာ ပြသနာရပ်များ

ကုသမှု
သင့်မှာအလုံးတွေထွက်နေပေမယ့် ဘာရောဂါလက္ခဏာမှမပြဘူးဆိုရင် ကုသမှုခံယူစရာမလိုအပ်ပါဘူး။ ဆရာဝန်က သင်ပုံမှန်ပြသ၊စစ်ဆေးခံနေစဉ်အတွင်း ဒီအလုံးတွေပိုကြီးလာလားဆိုတာ စစ်ဆေးပါလိမ့်မယ်။ အလုံးတွေထွက်နေပြီး ရောဂါလက္ခဏာအပြင်းစားမရှိသေးဘူးဆိုရင် လျော့ပါးနေသေးတဲ့နာကျင်မှုတွေကို ထိန်းချုပ်ဖို့သုံးတဲ့ တန်ပြန်ဆေးဝါးကုသမှုကို ဆရာဝန်က အကြံပေးပါလိမ့်မယ်။ ဒီအလုံးဆိုင်ရာရောဂါလက္ခဏာတွေကို ထိန်းချုပ်ဖို့အတွက် သန္ဓေတားဖို့သုံးတဲ့ဆေးဝါးအများအပြားကိုလည်း ဆေးအညွှန်းပေးနိုင်ပါတယ်။

ဟိုမုန်း ပမာဏနည်းသော သန္ဓေတားဆေးတွေက အလုံးတွေကြီးမလာအောင်နဲ့ ရာသီသွေးမများပြားလာအောင် ထိန်းချုပ်ပေးနိုင်ပါတယ်။ အလုံးတွေက တော်တန်ရုံ (ဒါမှမဟုတ်) ပြင်းပြင်းထန်ထန်နာကျင်တယ်ဆိုရင် ခွဲစိတ်တာက သူတို့ကို ကုသဖို့ အကောင်းဆုံးနည်းလမ်းဖြစ်မှာပါ။ ဆရာဝန်က သင့်အတွက်အကောင်းဆုံးဖြစ်စေမယ့် ရွှေးစရာနည်းလမ်းတွေကို ပြောပြပါလိမ့်မယ်။

အမျိုးသမီးများ၏သားဥအိမ်များ (သို့) အယ်ဒီနယ် ဂလင်းတစ်စုံမှ ကျားဟော်မုန်းများကို ပုံမှန်ထက်ထုတ်လုပ်သည့်အခါ PCOS ရောဂါဖြစ်ပွားသည်။ နောက်ဆက်တွဲအနေဖြင့် သားဥအိမ်ပေါ်တွင် အရည်ကြည်အိတ် (အရည်အပြည့်ရှိနေသောအိတ်များ) ဖြစ်လာတတ်သည်။ အဝလွန်သောအမျိုးသမီးများသည် အရည်ကြည်အိတ်များအပြားဖြစ်တည်နေသော သားဥအိမ်ရောဂါ ပိုမိုဖြစ်ပွားနိုင်ချေရှိသည်။

ရောဂါလက္ခဏာများ

မျိုးမအောင်ခြင်း
တင်ပါးဆုံရိုးနာကျင်ခြင်း
မျက်နှာ၊ ရင်ဘတ်၊ အစာအိမ်၊ လက်ချောင်းများ (သို့) ခြေချောင်းများပေါ်တွင် အမွေးထူလာခြင်း
အမွေးပြောင်လာခြင်း (သို့) အမွေးပါးလာခြင်း
ဝက်ခြံထွက်လာခြင်း၊ အသားအရေအဆီပြန်ခြင်း (သို့) ဗောက်ထခြင်း
အညိုရင့်ရောင်အကွက်ထူထူများ ဖြစ်လာခြင်း (သို့) အသားမည်းလာခြင်း

PCOS ရောဂါရှိတဲ့အမျိုးသမီးတွေဟာ ဆီးချိုရောဂါ၊ နှလုံးသွေးကြောဆိုင်ရာရောဂါများဖြစ်ပွားစေနိုင်သော အခြေအနေရှိသည့် ရောဂါ၊ နှလုံးရောဂါနဲ့ သွေးတိုးရောဂါများ ဖြစ်ပွားနိုင်ချေ ပိုများပါတယ်။ ရောဂါလက္ခဏာတွေကို ဆေးဝါးတွေနဲ့ ထိန်းထားလို့ရပါတယ်။ သန္ဓေတားဆေးတွေဟာ အမျိုးသမီးတွေ ပုံမှန်ဓမ္မတာလာချိန်အတိုင်းဖြစ်အောင်၊ ကျားဟော်မုန်းအဆင့် လျော့သွားအောင်နဲ့ ဝက်ခြံတွေပျောက်သွားအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ အခြားဆေးဝါးတွေကတော့ အမွေးပေါက်ခြင်းကို လျော့နည်းစေပြီး သွေးဖိအားနဲ့ ကိုလက်စထရောကို ထိန်းညှိပေးပါတယ်။ ဒါပေမယ့် ပျောက်ကင်းအောင်ကုသဖို့ နည်းလမ်းတော့ မရှိပါဘူး။ တကယ်လို့ သင့်မှာ POCS ရှိနေတယ်လို့ထင်ရင် သင်ရွှေးချယ်နိုင်မယ့်နည်းလမ်းတွေအကြောင်းကို သင့်ကျန်မာရေးတိုင်ပင်ဆောင်ရွက်ပေးသူနဲ့ ပြောဆိုဆွေးနွေးကြည့်ပါ။

Ask your question

Do you know the secret to great sex? Being and staying curious. Dr Deep and our team love to answer your questions.

Ask anonymously Open Facebook Messenger