Facebook Page
www.facebook.com/thiloyarmay
Viber Community
https://bit.ly/33PKFZ9
Call Thiloyarmay
09894777262
Facebook Group
https://bit.ly/2KKaAtF
Email Thiloyarmay
[email protected]

လိင်အကြောင်း ပိုမိုရှာဖွေရန်

ဖိုမျိုးဆက်ပွားကျန်းမာရေးပြသနာများ

လိင်တံကျန်းမာရေးကိုကာကွယ်ဖို့အောက်ပါအဆင့်တွေအတိုင်းလုပ်ဆောင်နိုင်ပါတယ်။

ဥပမာ –

လိင်ပိုင်းဆိုင်ရာအရတာဝန်သိပါ။
ကွန်ဒုံးသုံးပါ(သို့မဟုတ်)စစ်ဆေးပြီးတဲ့လက်တွဲဖော်နဲ့အပြန်အလှန်တစ်ဦးတည်းဆက်ဆံတဲ့ဆက်ဆံရေးကိုထိန်းသိမ်းပါကလိင်ဆက်ဆံရာကတဆင့်ကူးစက်နိုင်တဲ့ရောဂါပိုးတွေနဲ့ကင်းဝေးသွားပါတယ်။
ကာကွယ်ဆေးထိုးပါ။
အသက်၂၆နှစ်(သို့မဟုတ်)၂၆နှစ်ထက်ပိုငယ်ရင်လိင်အင်္ဂါကြွက်နို့ရောဂါပိုးကိုကာကွယ်ဖို့လိင်အင်္ဂါကြွက်နို့ကာကွယ်ဆေးထိုးဖို့စဉ်းစားပါ။ရောဂါလက္ခဏာမပြရင်တောင်မှသင်ရောဂါပိုးကူးစက်ခံရနိုင်ပြီးအမျိုးသမီးတွေမှာလိင်အင်္ဂါကြွက်နို့ပိုးကသားအိမ်ခေါင်းကင်ဆာကိုဖြစ်စေပါတယ်။
ခန္ဓာကိုယ်ပိုင်းဆိုင်ရာလှုပ်ရှားတက်ကြွအောင်နေပါ။သင့်တင့်တဲ့ကာယပိုင်းဆိုင်ရာလှုပ်ရှားမှုတွေကလိင်တံမမာတောင့်တာရဲ့ဆိုးကျိုးကိုသိသိသာသာလျော့ချပေးပါတယ်။
ကျန်းမာရေးကောင်းအောင်လေ့ကျင့်ပါ။သင်ရွှေပန်းမဖြတ်ရရင်တန်ဆာထိပ်ဖုံးအရေပြားအောက်ခြေကိုပုံမှန်ရေနဲ့ဆပ်ပြာကိုသုံးပြီးဆေးကြောပါ။
ဆေးဝါးတွေကိုသိထားပါ။သုံးစွဲမယ့်ဆေးဝါးတွေနဲ့ဖြစ်နိုင်ချေရှိတဲ့ဘေးထွက်ဆိုးကျိုးတွေကိုဆရာဝန်နဲ့ဆွေးနွေးပါ။
စိတ်ကျန်းမာရေးကိုဂရုစိုက်ပါ။စိတ်ကျခြင်းနဲ့အခြားစိတ်ပိုင်းဆိုင်ရာကျန်းမာရေးအခြေအနေတွေအတွက်ကုသနည်းတွေရှာဖွေပါ။
ဆေးလိပ်ဖြတ်ပြီးသောက်သုံးတဲ့အရက်ပမာဏကိုကန့်သတ်ထားပါ။သင်ဆေးလိပ်သောက်ရင်ပထမခြေလှမ်းအတိုင်းလုပ်ပြီးဆေးလိပ်ဖြတ်ဖို့ဆုံးဖြတ်ပါ။
ပုံမှန်အသုံးပြုခြင်း-မကြာခဏလိင်ဆက်ဆံခြင်းကလိင်တံမမာတောင့်တာကိုထိန်းသိမ်းဖို့ကူညီပေးပါတယ်။
မှတ်ထားရမှာကအချို့လိင်တံပိုင်းဆိုင်ရာပြဿနာတွေကိုမကာကွယ်နိုင်ပါ။နေ့စဉ်ယောကျ်ားလိင်တံကိုစစ်ဆေးခြင်းကလိင်တံအခြေအနေကိုသိရှိပြီးပြောင်းလဲမှုတွေကိုဖော်ထုတ်ပေးပါတယ်။ပုံမှန်စမ်းသပ်စစ်ဆေးမှုပြုလုပ်တာကသင့်လိင်တံကိုသက်ရောက်စေတဲ့ပြဿနာတွေကိုအမြန်ဆုံးစစ်ဆေးတွေ့ရှိဖို့ကူညီပေးပါတယ်။

သင့်လိင်တံပိုင်းဆိုင်ရာပြဿနာတွေကိုဆရာဝန်နဲ့ဆွေးနွေးဖို့အခက်အခဲဖြစ်နေရင်သင့်ကျန်းမာရေးအတွက်မရှက်ပါနဲ့။

Source: http://www.mayoclinic.org/healthy-lifestyle/mens-health/in-depth/penis-health/art-20046175

အမျိုးမျိူးသောအချက်တွေကလိင်တံကျန်းမာရေးကိုသက်ရောက်စေနိုင်ပါတယ်။ တစ်ချို့ကပြောင်းလဲပြီး တစ်ချို့ကမပြောင်းလဲနိုင်ပါ။ ဥပမာ- အကာအကွယ်မဲ့လိင်ဆက်ဆံခြင်း-သင်အကာအကွယ်မဲ့လိင်ဆက်ဆံတဲ့အခါလိင်ဆက်ဆံရာကတဆင့်ကူးစက်နိုင်တဲ့ရောဂါပိုးတွေကူးစက်နိုင်ပါတယ်။
နှလုံးရောဂါနဲ့ဆီးချိုရောဂါဆီးချိုကြောင့်ကန့်သတ်ထားတဲ့သွေးစီးဆင်းမှုနဲ့သွေးကြောတင်းလာတာတွေကလိင်တံမမာတောင့်မစွမ်းဆောင်နိုင်တာတွေဖြစ်စေနိုင်ပါတယ်။

သေချာတဲ့ဆေးဝါးတွေနဲ့ကုသမှုနည်းတွေကသင့်လိင်တံကျန်းမာရေးကိုသက်ရောက်စေနိုင်ပါတယ်။ဥပမာအားဖြင့်ဆီးကျိတ်ကင်ဆာကုသနည်းအတွက်ဆီးကျိတ်နဲ့အနီးနားတစ်သျှူးတွေကိုခွဲထုတ်ဖယ်ရှားတဲ့အခါဆီးမထိန်းနိုင်တာတွေ၊လိင်တံမမာတောင့်နိုင်တာတွေဖြစ်နိုင်ပါတယ်။

ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်ခြင်းကလိင်တံမမာတောင့်တာရဲဆိုးကျိုးကိုနှစ်ဆဖြစ်စေပါတယ်။

ဟော်မုန်းအဆင့်
ဟော်မုန်းမညီမျှမှုတွေဖြစ်တဲ့တက်စတိုစတီရုန်းချို့တဲ့မှုနဲ့ပရိုလက်တင်ဟော်မုန်းအလွန်များတာတွေကလိင်တံမမာတောင့်တာမစွမ်းဆောင်နိုင်တာတွေနဲ့ဆက်စပ်နေပါတယ်။

စိတ်ပိုင်းဆိုင်ရာပြဿနာများ
စိတ်ကျတာတွေဖြစ်စေပါတယ်။လိင်တံမာတောင့်တဲ့ပြဿနာတွေနဲ့တွေ့ကြုံဖူးရင်နောက်တခါထပ်ဖြစ်မှာမျိုးစိုးရိမ်ပူပန်တာမျိုးစိတ်ကျတာမျိုးဖြစ်စေပါတယ်။ပန်းသေပန်းညှိုးဖြစ်စေတာကိုဦးတည်နေပါတယ်။ဒဏ်ရာဖြစ်တဲ့ကလေးလိင်အကြမ်းဖက်ခံရတာကလိင်ဆက်ဆံမှုနဲ့ဆက်စပ်နေတဲ့နာကျင်မှုကိုဖြစ်စေပါတယ်။

အာရုံကြောပိုင်းဆိုင်ရာအခြေအနေများ
လေဖြတ်ခြင်း၊ကျောရိုးတိုင်နဲ့နောက်ကျောနာကျင်မှုများ၊ခက်မာမှုပြဿနာတွေနဲ့ရူးသွပ်မှုတွေကဦးနှောက်မှလိင်တံဆီသို့အာရုံကြောတုံ့ပြန်မှုတွေပြောင်းရွှေ့တာကိုသက်ရောက်စေနိုင်ပြီးလိင်တံမမာတောင့်တာကိုဖြစ်စေပါတယ်။

အသက်ကြီးလာခြင်း
သင်အသက်ကြီးလာတာနဲ့တက်စတိုစတီရုန်းအဆင့်ကပုံမှန်အားဖြင့်ကျဆင်းလာပါတယ်။အဲဒါကလိင်မှုရေးရာစိတ်ဝင်စားမှုကိုလျော့ကျစေပြီးလိင်တံမာတောင့်အောင်လုပ်ဖို့လှုံ့ဆော်မှုအများကြီးလိုအပ်ပြီးနောက်ထပ်လိင်တံမမာတောင့်အောင်မလုပ်ခင်အတင်းအကျပ်သုက်ရည်စွန့်ထုတ်ဖို့နည်းလာပြီးအချိန်လည်းပိုလိုအပ်ပါတယ်။

အဓမ္မခက်ခက်ခဲခဲလိင်ဆက်ဆံခြင်း(သို့မဟုတ်)မိမိကိုယ်ကိုကာမဆန္ဒအာသာဖြေခြင်း
လိင်တံမာတောင့်နေစဉ်အတောအတွင်းလိင်တံကရုတ်တရက်အတင်းအကျပ်ကွေးခံရတဲ့အခါလိင်တံကျိုးပဲ့တာတွေဖြစ်စေပါတယ်။လိင်တံကျိုးပဲ့တာကရှားပေမဲ့ဖြစ်နိုင်ပါတယ်။

သင့်မှာအောက်ပါအကြောင်းအရာတွေရှိရင်ဆရာဝန်နဲ့တတ်နိုင်သမျှအမြန်ဆုံးညှိုနှိုင်းတိုင်ပင်ပါ။

သုက်ရည်စွန့်ထုတ်မှုပြောင်းလဲခြင်း
ဆီးသွားတဲ့အခါသုက်ရည်စွန့်ထုတ်တဲ့အခါသွေးပါခြင်း
လိင်တံအင်္ဂါမှာကြွက်နို့၊အဖုအပိမ့်၊အနာနဲ့ယားနာများဖြစ်ခြင်း
ကွေးနေတဲ့လိင်တံကလိင်ဆက်ဆံရာမှာနာကျင်တာတွေ၊အနှောင့်အယှက်တွေဖြစ်စေပါတယ်။ ဆီးသွားတဲ့အခါ(သို့မဟုတ်)ဆီးအိတ်မှာဘာမှမရှိပဲဆီးသွားဖို့လှုံ့ဆော်တဲ့အခါပူလောင်နေတဲ့အထိအတွေ့ ၊ လိင်တံဒဏ်ရာရပြီးနောက်ပြင်းပြင်းထန်ထန်နာကျင်ခြင်း၊

Ask your question

Do you know the secret to great sex? Being and staying curious. Dr Deep and our team love to answer your questions.

Ask anonymously Open Facebook Messenger