Facebook Page
www.facebook.com/thiloyarmay
Viber Community
https://bit.ly/33PKFZ9
Call Thiloyarmay
09894777262
Facebook Group
https://bit.ly/2KKaAtF
Email Thiloyarmay
[email protected]

လိင်အကြောင်း ပိုမိုရှာဖွေရန်

ပုံမှန်မဟုတ်တဲ့ သားအိမ်သွေးဆင်းခြင်း

ရာသီစက်ဝန်းရှိတာထက်ပိုပြီးသွေးဆင်းရင်ပုံမှန်မဟုတ်တဲ့သားအိမ်သွေးဆင်းခြင်းဖြစ်ပါတယ်။ပါဝင်တဲ့အရာတွေကတော့

 

  • ရာသီစက်ဝန်းနှစ်ခုကြားသွေးဆင်းခြင်း
  • လိင်ဆက်ဆံပြီးနောက်သွေးဆင်းခြင်း
  • ဓမ္မတာလာနေစဉ်ဘယ်အချိန်မဆိုသွေးစွန်းရုံမျှသွေးဆင်းခြင်း
  • ပုံမှန်ထက်ပိုပြီးရက်ပေါင်းများစွာသွေးဆင်းခြင်း
  • သွေးဆုံးပြီးနောက်သွေးဆင်းခြင်းပုံမှန်မဟုတ်တဲ့သွေးဆင်းခြင်းကအကြောင်းရင်းအများကြီးရှိနိုင်ပါတယ်။ဆယ်ကျော်သက်အရွယ်တွေနဲ့မီးယပ်သွေးဆင်းချိန်နီးနေတဲ့အမျိုးသမီးတွေဟော်မုန်းအပြောင်းအလဲတွေကပုံမှန်မဟုတ်တဲ့ရာသီစက်ဝန်းနဲ့အတူအချိန်ကြာကြာဆင်းတဲ့ရာသီစက်ဝန်းလည်းဖြစ်ပေါ်စေပါတယ်။အကြောင်းရင်းကဟော်မုန်းပြောင်းလဲမှုဖြစ်ရင်တောင်ကုသမှုခံယူပါ။ပုံမှန်မဟုတ်တဲ့သွေးဆင်းတာမျိုးမကြာခဏကြုံနေရရင်ဆရာဝန်နဲ့တိုင်ပင်ပြောဆိုပါ။

သားဥလုံလောက်စွာမရရှိမှု

သားဥလုံလောက်စွာမရရှိမှုဆိုတာအသက်၄ဝအောက်အမျိုးသမီးတွေမှာပုံမှန်ရှိနေကျသူမရဲ့သားဥအိမ်တွေဆုံးရှုံးတာဖြစ်ပါတယ်။သားဥဆုံးရှုံးရင်ပုံမှန်ပမာဏရှိတဲ့အီစတိုဂျင်ဟော်မုန်ုးလည်းမထုတ်နိုင်ပဲသားဥလည်းမထွက်ပုံမှန်မထွက်ပါဘူး။သားမြုံခြင်း(ကလေးမရနိုင်တာ)ကဖြစ်လေ့ရှိတဲ့ရလဒ်တခုပါ။

သားဥအိမ်လုံလောက်စွာမရှိတဲ့အမျိုးသမီးတွေမှာရာသီစက်ဝန်းမရှိတာ(သို့)ပုံမှန်ရာသီဓမ္မတာလည်းမလာနိုင်ပါ။သားဥလုံလောက်စွာမရရှိတဲ့အမျိုးသမီးတွေမှာကိုယ်ဝန်ဆောင်ဖို့ခက်ခဲသော်လည်းဖြစ်နိုင်ချေရှိပါသေးတယ်။သားဥလုံလောက်စွာမရရှိတဲ့ဖြစ်လေ့ရှိတဲ့လက္ခဏာတွေက်တော့

ဓမ္မတာသွေးထိန်ခြင်းကနှစ်ပေါင်းများစွာရှိနိုင်ပြီးကိုယ်ဝန်ဆောင်ပြီးနောက်(သို့)တားဆေးစားတာရပ်လိုက်တာအခါမျိုးမှာဖြစ်လာပါတယ်။
ပူတာတွေ
ညပိုင်းချွေးထွက်ခြင်း
မိန်းမကိုယ်ခြောက်သွေ့ခြင်း
စိတ်တိုဒေါသထွက်ခြင်း(သို့)အာရုံစူးစိုက်မှုခက်ခဲခြင်း
လိင်ပိုင်းဆိုင်ရာလိုချင်တပ်မက်မှုဆန္ဒကျဆင်းလာခြင်း
၃လလောက်(သို့)၃လထက်ပိုပြီးဓမ္မတာမလာတာသတိထားမိရင်အကြောင်းရင်းကဘာဖြစ်မလဲဆိုတာဆုံးဖြတ်ဖို့ဆရာဝန်ထံသွားရောက်အကူညီတောင်းပါ။ကိုယ်ဝန်ဆောင်တာ၊စိတ်ဖိစီးမှု၊အစားအစာစားသောက်မှုပုံစံပြောင်းလဲမှုနဲ့လေ့ကျင့်ခန်းလုပ်တာတွေအပါအဝင်သင့်ရာသီစက်ဝန်းဟာအကြောင်းရင်းများစွာကြောင့်မလာတာပါ။ဒါပေမဲ့သင့်ရာသီစက်ဝန်းပြောင်းလဲတဲ့အချိန်တိုင်းထုတ်ဖော်ဖို့ကအကောင်းဆုံးပါပဲ။

Ask your question

Do you know the secret to great sex? Being and staying curious. Dr Deep and our team love to answer your questions.

Ask anonymously Open Facebook Messenger