Facebook Page
www.facebook.com/thiloyarmay
Viber Community
https://bit.ly/33PKFZ9
Call Thiloyarmay
09894777262
Facebook Group
https://bit.ly/2KKaAtF
Email Thiloyarmay
[email protected]

လိင်အကြောင်း ပိုမိုရှာဖွေရန်

ပုံမှန်စစ်ဆေးကျန်းမာရေး (ကျား)

ဝှေးစေ့ကို ကိုယ်တိုင်စစ်ဆေးခြင်းဟာ အမျိုးသားများအတွက် ၎င်းတို့် ဝှေးစေ့နှင့်ပက်သက်ပြီး အသားလုံးတွေ အသားမာတွေရှိမရှိဆိုတာကို ကိုယ်တိုင်စစ်ဆေးဖို့အတွက် လွယ်ကူသော နည်းလမ်း တစ်ခု ဖြစ်ပါ တယ်။ အသားလုံးဟာ ကပ္ပယ်အိတ်ကင်ဆာအတွက် ပထမဆုံးရောဂါ လက္ခဏာဖြစ်ပါတယ်။

ဝှေးစေ့ ကင်ဆာဟာ ဆယ်ကျော်သက်အမျိုးသားများတွင် အဖြစ်နည်းပေမယ့် အသက် ၁၅ နှစ်နှင့် ၃၅ နှစ် အတွင်းရှိ အမျိုးသားများအတွက်တော့ အဖြစ်အများဆုံးကင်ဆာတစ်မျိုးဖြစ်ပါတယ်။ TSE စစ်ဆေးမှုကို တစ်လ တစ်ကြိမ်လောက် ဆောင်ရွက်မယ်ဆိုရင်တော့ ကိုယ့်ကပ္ပယ်အိတ် (ဝှေးစေ့) ရဲ့ ပုံစံ၊ အရွယ်အစားအားသိနိုင်ပြီး နောက်ပိုင်းတွင် ပုံမံမဟုတ်တာတွေ ဒါမှမဟုတ် တစ်ခုခုထူးခြားလာတာရှိရင် လွယ်လွယ်ကူကူ သိနိုင်ပါတယ်။

TSE ကိုအောက်ပါအတိုင်း ဆောင်ရွက်လို့ရပါတယ်

၁။ ရေချိုးပြီးခါစ ဝှေးစေ့ လျော့တွဲတွဲဖြစ်နေချိန်တွင် စမ်းသပ်လို့အကောင်းဆုံးဖြစ်ပါတယ်။ ဖြစ်နိုင်မယ်ဆို
ရင်၊ မှန်ရှေ့မှာရပ်ပါ။ ကပ္ပယ်အိတ်တစ်ခုလုံးမှာ ရောင်ရမ်းခြင်းရှိမရှိစစ်ပါ။

၂။ ဝှေးစေ့တစ်ခုစီကို လက်နှစ်ဖက်ဖြင့်စစ်ဆေးပါ။ လက်ခလယ်နဲ့ လက်ညိုးကို ဝှေးစေ့အောက်တွင်ထားပြီး လက်မကို အပေါ်မှာထားပါ။ တင်းတင်းလေးဖြစ်နေပါစေ၊ ဒါပေမယ့် ဝှေးစေ့ရဲ့ပတ်လည်ချောမွေ့မှု၊ ကြမ်းတမ်း
မှုအနေအထားများ (သို့မဟုတ်) မျက်နှုာပြင်ပေါ်မှာရှိတဲ့ တခြားပုံမှန်မဟုတ်တာတွေကိုခံစားသိနိုင်ဖို့အတွက်
လက်မနဲ့ လက်ချောင်းလေးများကြားတွင် ဝှေးစေ့ကို ညင်ညင်သာသာလေးလှိမ့်ပေးပါ။

၃။ သင့်ရဲ့ (Epididymis) နူးညံ့သော၊ ဝှေးစေ့နောက်ဘက်မှာရှိတဲ့ ကြိုးကဲ့သို့ပြွန်လေးအားရှာလိုက်ပါ။ ထိုဟာကသင်နဲ့ရင်းနှီးပြီးသာဆိုရင်တော့၊ သံသယရှိတဲ့အသားမာတို့၊ အသားလုံးတို့နဲ့ပက်သက်ပြီး သင်မ မှားနိုင်တော့ပါဘူး။

တစ်ခုခုပြောင်းလဲနေတာတို့၊ ပုံမှန်မဟုတ်တာတို့သတိထားမိရင်တော့၊ ဆရာဝန်နဲ့အမြန်ဆုံးပြပါ။

ယခုလက်ရှိ သင်ဟာလိင်ပိုင်းဆိုင်ရာ ဆက်ဆံမှုတွေရှိနေတာ (သို့မဟုတ်) အခုမှစဖို့လုပ်နေပြီး၊ သင့်ကျန်းမာ
ရေးအခြေအနေအား သိလိုလျှင် STIs စစ်ဆေးမှုလုပ်ဆောင်တာဟာ စိတ်ကူးကောင်းတစ်ခုပါ။ ဘယ်လိုပဲဖြစ်
ဖြစ်၊ ရောဂါလက္ခဏာမပြသေးသရွေ့တော့ မလိုအပ်ပါဘူး။ STIs နဲ့ပက်သက်ပြီး ဒီမှာလေ့လာပါ။
သင်ဟာ အမျိုးသားတစ်ယောက်ဖြစ်ပြီး အမျိုးသားများနှင့် လိင်ဆက်ဆံမှုရှိတယ်ဆိုရင်တော့ STI ပုံမှန်စစ်ဆေးဖို့အကြံ
ပြုလိုပါတယ်။

Source: http://www.webmd.com/sexual-conditions/mens-sexual-problems?page=2#4

Ask your question

Do you know the secret to great sex? Being and staying curious. Dr Deep and our team love to answer your questions.

Ask anonymously Open Facebook Messenger