Facebook Page
www.facebook.com/thiloyarmay
Viber Community
https://bit.ly/33PKFZ9
Call Thiloyarmay
09894777262
Facebook Group
https://bit.ly/2KKaAtF
Email Thiloyarmay
[email protected]

လိင်အကြောင်း ပိုမိုရှာဖွေရန်

ပိုမိုအန္တရယ်ကင်းသော လိင်ဆက်ဆံခြင်း

ပိုမိုဘေးကင်းစိတ်ချရတဲ့လိင်ဆက်ဆံခြင်းကလိင်ဆက်ဆံခြင်းရဲ့ဆိုးကျိုးတွေကိုစဉ်းစားပြီးလိင်ဆက်ဆံတာနဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်တွေကိုလုပ်ဆောင်တာနဲ့စတင်ပါတယ်။ဘယ်လိုလိင်ဆက်ဆံပါစေနှစ်ဦးစလုံးသဘောတူစိတ်တူကိုယ်တူဖြစ်ရင်ပြဿနာမရှိပါဘူး။ပိုမိုဘေးကင်းစိတ်ချရတဲ့လိင်ဆက်ဆံခြင်းနဲ့ပတ်သက်တဲ့ဆုံးဖြတ်လျှင် သင်လုပ်မယ့်အရာနဲ့မလုပ်မယ့်အရာနှင့် သင်ဆက်ဆံရာကတဆင့်ကူးစက်နိုင်တဲ့ရောဂါပိုးတွေနဲ့ကိုယ်ဝန်ဆောင်တာတွေရှိလာတဲ့အခါသင်ယူချင်တဲ့စွန့်စားမှုပမာဏဆုံးဖြတ်ချက်များတွေပါဝင်ပါသည်။

အခြားတယောက်နဲ့ဘယ်လိုလိင်ဆက်ဆံနည်းနဲ့ပဲဖြစ်ဖြစ်လိင်ဆက်ဆံတဲ့အခါ၁ဝဝ%ဘေးကင်းတယ်လို့အာမမခံနိုင်ပါဘူး။လိင်ဆက်ဆံရာကတဆင့်ကူးစက်နိုင်တဲ့ရောဂါတွေမှာရောဂါလက္ခဏာမရှိတာကြောင့်လူတွေကသူတို့မှာဒီရောဂါရှိတာကိုမသိကြဘူး။သန္ဓေတားတဲ့နည်းလမ်း(အသုံးပြုတဲ့နည်းလမ်းတွေပေါ်မူတည်ပြီး)သုံးရင်တောင်ကိုယ်ဝန်ဆောင်နိုင်ပါတယ်။

လိင်ဆက်ဆံတဲ့နည်းလမ်းအားလုံးမှာတူညီတဲ့စွန့်စားမှုမရှိကြပါဘူး။ယောနိလမ်းကြောင်းမှလိင်ဆက်ဆံခြင်းနဲ့စအိုဝမှလိင်ဆက်ဆံခြင်းတွေကလိင်ဆက်ဆံရာကတဆင့်ကူးစက်နိုင်တဲ့ရောဂါပိုးတွေပြန့်နှံ့စေတဲ့ဖြစ်နိုင်ချေရှိပြီးပါးစပ်မှလိင်ဆက်ဆံခြင်းကရောဂါပိုးပြန့်နိုင်ချေနည်းပြီးနမ်းခြင်း၊နှစ်ဦးစလုံးအပြန်အလှန်ကာမဆန္ဒဖြေဖျောက်ခြင်းနဲ့လက်ဖြင့်ပွတ်သပ်ခြင်းတွေကပိုဘေးကင်းစိတ်ချရပါတယ်။ပိုပြီးဘေးကင်းစိတ်ချရတဲ့လိင်ဆက်ဆံခြင်းအတွက်နည်းလမ်းတွေရှိပါတယ်။

  • မိန်းမကိုယ်ယောနိလမ်းကြောင်းမှလိင်ဆက်ဆံခြင်းအတွက်သားဆက်ခြားသန္ဓေတားနည်းလမ်းနဲ့ကွန်ဒုံးကိုအသုံးပြုပါ။
  • စအိုဝမှလိင်ဆက်ဆံခြင်းအတွက်ကွန်ဒုံးနဲ့ချောဆီကိုအသုံးပြုပါ။
  • ပါးစပ်ဖြင့်လိင်ဆက်ဆံခြင်းအတွက်ယောကျ်ားလိင်တံကိုဖုံးအုပ်ရန်ကွန်ဒုံးကိုအသုံးပြုပါ။
  • အထူးသဖြင့်သင့်အဖော်ရဲ့ကျန်းမာရေးအခြေအနေကိုမသိရင်လိင်ဆက်ဆံရာကတဆင့်ကူးစက်နိုင်တဲ့ရောဂါပိုးရှိမရှိသိနိုင်ရန်စစ်ဆေးမှုခံယူပါ
  • လိင်ပိုင်းဆိုင်ရာကိစ္စမှာစိတ်ခံစားမှုပိုင်းဆိုင်ရာစွန့်စားမှုတွေရှိပါတယ်။ရုပ်ပိုင်းဆိုင်ရာလုပ်ရပ်မဟုတ်ပေမဲ့သင့်အဖော်နဲ့ဘယ်အရာတွေကအဆင်ပြေပြီးဘယ်အရာတွေကအဆင်မပြေလဲဆိုတာပြောဆိုဆက်သွယ်ဖို့စိတ်ခံစားမှုပိုင်းဆိုင်ရာလုပ်ရပ်ကအရေးကြီးပါတယ်။သင်အဆင်သင့်ဖြစ်လား၊သင်ဘာလိုချင်လဲ၊လိင်ပိုင်းဆိုင်ရာဆက်ဆံရေးမှာသင်ဘာကိုရှာဖွေနေလဲဆိုတာသင့်ကိုယ်သင်မေးဖို့လည်းအရေးကြီးပါတယ်။

See more at: https://www.plannedparenthood.org/teens/sex/safer-sex#sthash.E2eTz6cp.dpuf

Ask your question

Do you know the secret to great sex? Being and staying curious. Dr Deep and our team love to answer your questions.

Ask anonymously Open Facebook Messenger