fbpx

လိင်အကြောင်း ပိုမိုရှာဖွေရန်

ပိုကောင်းတဲ့ ကာမဆက်ဆံရေး

သာယာပျော်ရွှင်ကျေနပ်မှုလို့ဆိုရာမှာ သာမန်လိင်ဆက်ဆံခြင်းမျိုးအတွက်ချည်းမဟုတ်ဘဲ ကျန်းမာရေးအရရော နှစ်ကိုယ်တူဆက်ဆံခြင်းတွေအတွက်ပါ ကောင်းပါတယ်။ ရာဂဆန္ဒတွေနိုးကြွလာချိန်မှာ ကာမအတွက်သာယာပျော်ရွှင်မှုတွေ ခံစားနိုင်ပါတယ်။ ရာဂဆန္ဒဆိုင်ရာလှုံ့ဆော်မှုတွေ အတွက် ကျွန်တော်တို့ ခန္ဓာကိုယ်ကနေတုံ့ ပြန်ခြင်းတွေဟာ ရာဂဆန္ဒနိုးကြွလာတာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ကြားရတဲ့ ၊ မြင်ရတဲ့ ၊ ရှုရှိုက်လိုက်တဲ့ ၊ အရသာခံလိုက်တဲ့ ဒါမှမဟုတ် ထိတွေ့လိုက်တာတွေကြောင့် ဆန္ဒတွေကြွလာတာပဲ ဖြစ်ပါတယ်။

သင့်ရဲ့ လိင်မှုဘဝအတွက် ပိုကောင်းတဲ့ ဆုံးဖြတ်ချက်တွေချရာမှာ အထောက်အကူဖြစ်ဖို့ သာယာမှုတွေကို လေ့လာသင့်ပါတယ်။ ပြီးပြည့်စုံတဲ့ လိင်မှုဘဝကို ပေါင်းထည့်လိုက်ခြင်းက စိတ်အနှောက်အယှက်ဖြစ်မှုတွေနဲ့ စိတ်ဓါတ်ကျမှုတွေလျော့ကျနိုင်ပြီး ပိုမိုကောင်းမွန်တဲ့ ထိမ်းမြားခြင်းနဲ့အတူ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှုတွေလည်း ရရှိလာမှာဖြစ်ပါတယ်။

ကာမဆန္ဒဆိုင်ရာ သာယာပျော်ရွှင်ခြင်းတွေကို ပုံစံအမျိုးမျိုးကနေ ရရှိနိုင်ပါတယ်။ ဥပမာ တစ်ကိုယ်ရည်စိတ်အာသာဖြေခြင်းတွေ ၊ ထိတွေ့ခြင်း ၊ နမ်းရှုတ်ခြင်း ဒါမှမဟုတ် သာယာပျော်ရွှင်ဖို့ တခြားနည်းတွေဖြစ်တဲ့ နှုတ်နဲ့ လိင်ဆက်ဆံခြင်းတွေကနေလည်း ရနိုင်ပါတယ်။ လူတွေဟာ သူတို့ရဲ့ ရာဂဆန္ဒဖြည့်တင်းရာမှာ တစ်ယောက်သူ့ရဲ့ အဆုံးစွန်သောသာယာမှုအတွက် ဘာတွေလုပ်ရမယ်သာစဉ်းစားပြီး နောက်တစ်ယောက်အတွက်တော့ စဉ်းစားလေ့မရှိကြပါဘူး။ သင့်အဖော် နဲ့ သင်ကိုယ်တိုင် သက်သောင့်သက်သာ ရှိတဲ့နည်းတွေကနေလည်း ရာဂဆန္ဒသာယာမှုနည်းလမ်းတွေ ရှိပါတယ်။ ဥပမာ နှစ်ယောက်လုံး အချိန်ကောင်းကိုစောင့်စားတာတို့ ဒါမှမဟုတ် သင်ဟာ လိင်ဆက်ဆံရာကတစ်ဆင့်ကူးစက်နိုင်တဲ့ ရောဂါမျိုးတို့ မထင်မှတ်တဲ့ ကိုယ်ဝန်ကို ကာကွယ်ထားခြင်းနည်းလမ်း တချို့လည်းအပါအဝင် ဖြစ်ပါတယ်။

သင်ဟာ လိင်ပိုင်းဆိုင်ရာနဲ့ပတ်သက်လို့ ကာမခံစားခြင်းကို လေ့လာပြီးနောက်မှာ သင်မြင်ထား နားလည်ထားတဲ့ ကာမခံစားခြင်းမှာ လုပ်စရာအများအပြားရှိနေသလို သင့်ရဲ့လူမှုဝန်းကျင်မှာ ဒါကိုဘယ်လိုမြင်လဲ ယဉ်ကျေးမှုသဘောတရားအရရော ဘယ်လိုမြင်ပြီး သင့်ရဲ့ဘဝအစိတ်အပိုင်းတစ်နေရာမှာ ဘယ်လိုတန်ဖိုးထားလဲဆိုတာ သိပါသလား။

လိင်ဆက်ဆံမှုကောင်းတစ်ခုရှိနေခြင်းဆိုတာဟာ သင်ကဘာကိုအလိုရှိပြီး သင့်အဖော်ကဘာကိုလိုအပ်တယ်ဆိုတာကို ဆိုလိုတာဖြစ်ပြီး သက်သောင့်သက်သာရှိဖို့ဘယ်လိုတွေပြောရမယ် ၊ သင်မလုပ်ချင်တာနဲ့ပတ်သက်ပြီး ဘယ်တော့မှ ဖိအားမပေးဖို့ ဆိုတာတွေကို သိထားဖို့လိုပါတယ်။ သင့်အဖော်ဆီကနေ ရုပ်ပိုင်းဆိုင်ရာသာယာမှုရော အောင်မြင်ပြီးမြောက်ခြင်းတွေရရှိခြင်းတွေကိုဆိုလိုပါတယ်။တူနှစ်ကိုယ်ဆက်ဆံရေးမှာ လူတစ်ယောက်ရဲ့ ကာမဆန္ဒဆိုင်ရာသာယာမှုတွေအားလုံး ပါဝင်ဖို့က ကောင်းမွန်တဲ့ လိင်ဆက်ဆံမှုရှိနေဖို့ပဲ ဖြစ်ပါတယ်။

ကလေးရလာတာတို့ အသက်ကြီးလာတာတို့က လိင်မှုဘဝနဲ့ ကာမသာယာမှုတွေမှာ ကောင်းခြင်း ဆိုးခြင်းလို အကျိုးဆက်တွေအဖြစ် ဘဝမှာပြောင်းလဲလာနိုင်ပါတယ်။ ဒီလိုမျိုးတွေကြုံလာရင် သင်ရော သင့်အဖော်ပါ အဆင်ပြေပြေညှိနှိုင်းဖို့လိုပြီး သင်ပြောင်းလဲတွေးခေါ်လာတာတောင် အတိုင်းအတာတစ်ခုအထိအသိအမှတ်ပြုရမှာဖြစ်ပြီး ဒါဟာ ပွင့်လင်းစွာဆက်ဆံမှုမျဉ်းကြောင်းပေါ်မှာရှိနေဖို့ အရေးကြီးလှပါတယ်။

Ask your question

Do you know the secret to great sex? Being and staying curious. Dr Deep and our team love to answer your questions.

Ask anonymously Open Facebook Messenger