ဓမ္မတာအကြိုရောဂါလက္ခဏာစု
ဓမ္မတာအကြိုရောဂါလက္ခဏာစု ဆိုတာလစဉ်ရာ သီစက်ဝန်း ၂ ပတ်မတိုင်ခင် အမျိုုးသမီးတွေ ဖြစ်လေ့ရှိတဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေ ဖြစ်ပါတယ်။ အမျိုးသမီးတွေ အများစုက ဓမ္မတာ အကြိုရောဂါ လက္ခဏာ တွေနဲ့ကြုံတွေ့ရပြီး ရာသီစက်ဝန်း တကြိမ်စတာနဲ့ လက္ခဏာတွေက များသောအားဖြင့် ပျောက်ကွယ်သွားပါတယ်။ ဓမ္မတာအကြိုရောဂါလက္ခဏာစုက ဟော်မုန်းအဆင့်မှာ ရှိတဲ့ခန္ဓာကိုယ်ပြောင်းလဲမှုနဲ့ ဆက်စပ်နေပြီး ဟော်မုန်းလွှမ်းမိုးမှုကြောင့် ခါးနာတာ၊ ဝက်ခြံထွက်တာ၊ စိတ်အပြောင်းအလဲများတာ၊ အခြားစိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ ကြုံတွေ့ရတာ ပုံမှန်ပါပဲ။
လက္ခဏာရပ်တွေက
ဝက်ခြံ
ဖောင်းပွခြင်း
မောပန်းခြင်း
ခါးနာခြင်း
ရင်သားနာကျင်ခြင်း
ခေါင်းကိုက်ခြင်း
ဝမ်းချုပ်ခြင်း
ဝမ်းလျှောခြင်း
အစားအစာတမျိုးတည်းသာရွေးချယ်စားသောက်ခြင်း
စိတ်ကျခြင်း(သို့)ဝမ်းနည်းခြင်း
စိတ်တိုဒေါသထွက်ခြင်း
စိတ်အတက်အကျအပြောင်းအလဲများခြင်း
အာရုံစူးစိုက်မှုခက်ခဲခြင်း ၊စိတ်ဖိစီးမှုကို ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲလာခြင်း
အိပ်ပျော်ရန်ခက်ခဲလာခြင်း
အစားပုံမှန်စားခြင်း၊ အိပ်ရေးဝဝအိပ်ခြင်းနဲ့လေ့ကျင့်ခန်းလုပ်ခြင်းက ဓမ္မတာအကြိုရောဂါလက္ခဏာစုရဲ့ လက္ခဏာတွေကို သက်သာစေပါတယ်။ ကလေးမွေးဖွားနိုင်တဲ့ အသက်အရွယ်ရှိတဲ့ အမျိုးသမီးအားလုံး နီးပါးမှာ ဓမ္မတာအကြိုရောဂါလက္ခဏာစုရဲ့ လက္ခဏာတွေရှိပြီး အသက် ၂ဝ ကျော်မှ အသက် ၄ဝ အမျိုးသမီးတွေမှာ ဓမ္မတာအကြိုရောဂါလက္ခဏာစုကို ကြုံတွေ့ရပါတယ်။ အမျိုးသမီး အမျုားစုအတွက် ဓမ္မတာအကြိုရောဂါလက္ခဏာစုက ပြဿနာမဟုတ်ပါဘူး။ ဒီလက္ခဏာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ နည်းလမ်းက သင့်ခန္ဓာကိုယ်ဟာ ကျန်းမာတဲ့ လူနေမှုပုံစံနဲ့နေထိုင်ဖို့ နားလည်သဘော ပေါက်ဖို့ပါပဲ။