ဓမ္မတာသွေးရက်ရှည်လွန်ကဲစွာဆင်းခြင်း
ဓမ္မတာသွေးရက်ရှည်လွန်ကဲစွာဆင်းခြင်း ကပုံမှန်မဟုတ်ပဲရက်ရှည်သွေးဆင်းတာကိုခေါ်တဲ့ဆေးအခေါ်အဝေါ်တမျိုးဖြစ်ပါတယ်။ရာသီဓမ္မတာသွေးဆင်းများကအမျိုးသမီးတွေမှာအဖြစ်များသော်လည်းဓမ္မတာသွေးရက်ရှည်လွန်ကဲစွာဆင်းတာလို့ယူဆရလောက်အောင်မပြင်းထန်ပါဘူး။
ဓမ္မတာသွေးရက်ရှည်လွန်ကဲစွာဆင်းတာရင်သင့်ရာသီစက်ဝန်းတိုင်းမှာသွေးဆုံးရှုံးပြီးသင့်ရဲ့လုပ်ငန်းဆောင်တာတွေကိုမထိန်းနိုင်ပဲနှောင့်နှေးကြန့်ကြာစေပါတယ်။
ဟော်မုန်းမညီမျှမှုပြဿနာ၊သားအိမ်အလုံးများ၊သားအိမ်ထဲထည့်ရတဲ့သားဆက်ခြားပစ္စည်းနဲ့ဆိုးကျိုးတုံ့ပြန်မှုများ၊အခြားဆေးပညာအခြေအနေတွေအပါအဝင်ဓမ္မတာသွေးရက်ရှည်လွန်ကဲစွာဆင်းခြင်းအတွက်အကြောင်းရင်းအမျိုးမျိုးရှိပါတယ်။ပုံမှန်မဟုတ်တဲ့သွေးဆင်းခြင်းအတွက်ကုသမှုကအကြောင်းရင်းပေါ်မူတည်ပါတယ်။
သင့်ရာသီစက်ဝန်းကိုစိုးရိမ်စေတဲ့ရာသီဓမ္မတာသွေးဆင်းတာများရင်ဆရာဝန်နဲ့ပြောဆိုပါ။
ဓမ္မတာသွေးရက်ရှည်လွန်ကဲစွာဆင်းခြင်းအတွက်ထိရောက်တဲ့ကုသမှုတွေအများကြီးရှိပါတယ်။