fbpx

လိင်အကြောင်း ပိုမိုရှာဖွေရန်

ဓမ္မတာသွေးဆင်းစဉ် နာကျင်ကိုက်ခဲခြင်း

အလွန်အမင်းနာကျင်တဲ့ ရာသီစက်ဝန်းကို ၂ မျိုးခွဲခြားနိုင်ပါတယ်။

ပဏာမ အဆင့်ဓမ္မတာ သွေးဆင်းစဉ်နာကျင်ကိုက်ခဲခြင်း (ရောဂါ(သို့)အခြားအခြေအနေကြောင့် နာကျင်တဲ့ ရာသီစက်ဝန်းမျိုး ဖြစ်ပေါ်တာမျိုး မဟုတ်ပါ။)

ဒုတိယ အမျိုးအစား ဓမ္မတာ သွေးဆင်းစဉ် နာကျင်ကိုက်ခဲခြင်း (ရောဂါ(သို့)အခြား အခြေအနေ ကြောင့်ဖြစ်ပေါ်လာတဲ့ နာကျင်တဲ့ ရာသီစက်ဝန်း)

ပထမအမျိုးအစားမှာ သင့်ရာသီစက်ဝန်းက ၁ ရက် (သို့) ၂ ရက်ကြာတဲ့ အခါလက္ခဏာအပျော့စား တွေဖြစ်တဲ့ မအီမသာဖြစ်ခြင်း၊ မူးဝေအော့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ခါးနာခြင်း၊ ဝမ်းလျှောခြင်း၊ ပြင်းထန်တဲ့ ကြွက်တက်တာ တွေပါဝင်ပါတယ်။

ဒုတိယ အမျိုးအစားက အောက်ပါရောဂါတွေ ကြောင့်ဖြစ်ပေါ်လာပါတယ်။

နေရာလွဲမှားသား အိမ်တစ်သျှူး (သားအိမ်အပြင်ဘက်မှာ တစ်သျှူးတွေ စတင်ကြီးထွားလာတဲ့ အခြေအနေ)
သားအိမ်အလုံးများ (သားအိမ်အတွင်းဘက်၊ အပြင်ဘက်နဲ့ သားအိမ်နံရံမှာ ဆဲလ်ကြီးထွားလာမှု)
ကြေးနီဖြင့်လုပ်ထားသည့် သားအိမ်ထဲထည့်ရတဲ့ သားဆက်ခြား သန္ဓေတားပစ္စည်း
တင်ပါးဆုံပိုင်း ရောင်ရမ်း ရောဂါ
ဓမ္မတာ အကြိုရောဂါ လက္ခဏာစု
လိင်ဆက်ဆံရာက တဆင့်ကူးစက်နိုင်တဲ့ ရောဂါပိုးများ
စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှု
ဒီအခြေအနေအားလုံးအတွက် ဆေးစစ်ဆေးခံယူဖို့နဲ့ အကောင်းဆုံး ကုသမှုခံယူရန် ဆရာဝန်လို အပ်ပါတယ်။

နာကျင်ရတဲ့ ကြွက်တက်တာကို သင်ခံစားနေရရင် မသက်သာဖြစ်တာကို လျှော့ချဖို့နည်းလမ်းတွေရှိပါတယ်။

အပူဓာတ်။ ရေနွေးဘူး(သို့) အပူခံ pad ရှိရင်ဝမ်းဗိုက်နဲ့ကျောအောက်ပိုင်းမှာ တင်ထားပါ။ သက်သာစေဖို့ရေနွေးနဲ့ရေချိုးပါ။

နှိပ်နယ်ပေးပါ။ ဝမ်းဗိုက်အောက်ပိုင်း တဝိုက်မှာ လက်ဖျားလေးနဲ့ စက်ဝိုင်းပုံစံလေး နှိပ်နယ်ပေးပါ။

စိတ်အပန်းဖြေတဲ့ နည်းလမ်းတွေ ဖြစ်တဲ့ တရားထိုင်ခြင်းနဲ့ယောဂကျင့်ခြင်း တို့ကို လေ့ကျင့်ပါ။

ရေသောက်ပါ။ သင့်ရာသီစက်ဝန်း အတောအတွင်း နာကျင်ဖောင်းပွတာကို ကာကွယ်ဖို့ရေဓာတ်ထိန်းသိမ်း ထားပါ။

ဗီတာမင်။ အထူးသဖြင့် ဓမ္မတာအကြိုရောဂါလက္ခဏာစုမှ ကင်းဝေးရန်ဗီတာမင်ဘီစစ်၊ ကယ်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်ဖြည့်စွက်အာဟာရများ သောက်သုံးပါ။

အကိုက်အခဲပျောက်ဆေးဖြစ်တဲ့ အိုင်ဗြူပရိုဖမ်က နာကျင်ကိုက်ခဲတာကို သက်သာစေပါတယ်။ (ဓမ္မတာမလာခင် စတင်သောက်သုံးပါ။ ရာသီစက်ဝန်းရဲ့ ပထမရက်အတွင်းမှာ ပုံမှန်ဆက်သောက်ပါ။

ဟော်မုန်းဆိုင်ရာ သန္ဓေတားနည်းလမ်းကို အသုံးပြုပါ။ သန္ဓေတားဆေး တွေကရာသီစက်ဝန်းကို ပုံမှန်ဖြစ်စေပြီး ဓမ္မတာသွေးဆင်းတာ လျော့နည်းသွားပြီး ဓမ္မတာကြွက်တက်တာ အပါအဝင်ဓမ္မတာ အကြိုရောဂါလက္ခဏာစုကို လျော့ချပေးပါတယ်။

သားဆက်ခြား သန္ဓေတားဆေးအကြောင်း သိချင်ရင်ဒီနေရာကိုနှိပ်ကြည့်ပါ။

လေ့ကျင့်ခန်းလုပ်ပါ။ သင့်ခန္ဓာကိုယ်လှုပ်ရှားရာမှ ထွက်ပေါ်လာတဲ့ endorphins ဟော်မုန်းဟာ သင်နေလို့ကောင်း အောင်လုပ်ဆောင်ပေး ပါတယ်။ endorphins ကနာကျင်တာကို မပျောက်စေပဲ စိတ်ရှုပ်ထွေးစေပြီး နာကျင်မှုက စိတ်အနှောင့် အယှက်ဖြစ်တာ ကိုလျော့နည်း စေပါတယ်။

Ask your question

Do you know the secret to great sex? Being and staying curious. Dr Deep and our team love to answer your questions.

Ask anonymously Open Facebook Messenger