တကိုယ်ရည် အာသာဖြေခြင်း
အပေါ်မှာပြောခဲ့သလိုပဲ သာယာမှုရဖု့ိ ပုံစံအမျိုးမျိုးရှိတယ်လို့ဆိုပေမယ့် တချို့လူတွေအတွက်ကတောပ သူတို့ရဲ့ ကာမဆန္ဒသာယာမှုကို ပထမဆုံးရခဲ့ကြတာကတော့ တစ်ကိုယ်ရည်စိတ်အာသာဖြေခြင်းကပဲဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ခန္ဓာကိုယ်အစိတ်အပိုင်းကို တို့ထိခြင်းဖြစ်ပြီး အဲ့မှာ မျိုးပွားအင်္ဂါလည်းပါဝင်ပါတယ်။ အမျိုးသားရော အမျိုးသမီးအတွက်ပါ တစ်ကိုယ်ရည်စိတ်အာသာဖြေတာဟာ ကျန်းမာစေသလို ကျွန်တော်တို့ရဲ့ လိင်မှုဘဝနဲ့ပတ်သက်လို့ လေ့လာရာမှာလည်း အထောက်အကူဖြစ်ပြီး ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဓာနဲ့ပတ်သက်ပြီး အသိအမှတ်ပြုရာမှာလည်း အထောက်အကူဖြစ်ပါတယ်။ သင့်ရဲ့လိင်ဆက်ဆံဖော်နဲ့အတူ ကာမဆန္ဒအခွင့်အလမ်းတွေ တိုးပွားဖို့ အတွက်လေ့လာရာလည်းရောက်သလို ခံစားချက်ကောင်းတွေလည်း ဖြစ်စေပါတယ်။ တစ်ကိုယ်ရည်စိတ်အာသာဖြေခြင်းက ကျွန်တော်တို့ရဲ့ ကာမဆန္ဒပြီးမြောက်နိုင်စွမ်းတွေတိုးပွားလာစေခြင်း ၊ စိတ်ဖိစီးမှုတွေလျော့နည်းခြင်း ၊ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားမှုမြင့်တက်ခြင်း ၊ ကိုယ်ခန္ဓာရဲ့ပုံရိပ်နဲ့ လိင်ဆက်ဆံခြင်းဆိုင်ရာကျေနပ်ခြင်းတွေ တိုးတက်လာနိုင်ပါတယ်။
လူတွေအနေနဲ့ သူတို့ကိုယ်ခန္ဓာမှာပဲ တစ်ကိုယ်ရည်စိတ်အာသာဖြေတာဟာ သူတို့ကို လိင်ဆက်ဆံခြင်းမှကူးစက်နိုင်တဲ့ရောဂါတွေရယ် မလိုလားအပ်တဲ့ကိုယ်ဝန်ဆောင်ခြင်းတွေကနေကာကွယ်နိုင်တဲ့ ခံစားချက်ကောင်းတွေရရှိနိုင်ပါတယ်။တစ်ကိုယ်ရည်စိတ်အာသာဖြေတာကိုနားလည်မယ်ဆိုရင် လိင်ပိုင်းဆိုင်ရာ ခန္ဓာဗေဒ သဘောတရားတွေလည်း ပိုသိလာမှာဖြစ်ပါတယ်။