Facebook Page
www.facebook.com/thiloyarmay
Viber Community
https://bit.ly/33PKFZ9
Call Thiloyarmay
09894777262
Facebook Group
https://bit.ly/2KKaAtF
Email Thiloyarmay
[email protected]

လိင်အကြောင်း ပိုမိုရှာဖွေရန်

ညစ်ညမ်းရုပ်ရှင်

လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်လို့ နည်းနည်းပြောစရာရှိပါတယ်။အဓိက ကတော့ မြန်မာနိုင်ငံက ငယ်ရွယ်တဲ့အမျိုးသားတွေအတွက် ကာမဆန္ဒသာယာမှုနဲ့ပတ်သက်လို့ ဗဟုသုတတွေကို ညစ်ညမ်းရုပ်ရှင်တွေဆီကသာ ရလေ့ရှိကြပါတယ်။ အင်တာနက်ခေတ်ကြီးထဲမှာတော့ ညစ်ညမ်းရုပ်ရှင်ဆိုတာက ရှာဖွေရအရမ်းလွယ်ကူသွားပါပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီရုပ်ရှင်တွေကနေ လိင်မှုဘဝနဲ့ ကာမဆန္ဒသာယာမှုစေနိုင်တဲ့ အကြံကောင်းတွေကို ဖန်တီးနိုင်စွမ်းရှိသလိုထင်ရပေမယ့် တကယ့်လက်တွေ့မှာတော့ ဝေးလွန်းနေပါသေးတယ်။ဒါဟာဘာလို့လဲဆိုရင် လူတွေရဲ့ အယူအဆတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဥပမာ – လိင်ဆက်ဆံစဉ်မှာ အမျိုးသမီးကကြာတာကိုကြိုက်တာမျိုးတို့ ၊ လိင်တံကြီးမှသာ လိင်ဆက်ဆံရာမှာပိုကောင်းလာမှာတို့ ဒါမှမဟုတ် လိင်တံထည့်လိုက်တာနဲ့ အမျိုးသမီးကခပ်မြန်မြန်ပြီးသွားတာမျိုးတို့ ဖြစ်ပါတယ်။

ညစ်ညမ်းရုပ်ရှင်တွေကို ကြည့်လိုက်ရင် အဲ့ထဲကလူတွေဘယ်လောက်ပျော်ရွှင်နေကြတယ်ဆိုတာ မြင်နေရသော်လည်း တကယ့်မှာတော့ မဟုတ်ပါဘူး။ ညစ်ညမ်းရုပ်ရှင်ထဲမှာပါတဲ့ လူတွေဟာတကယ်တော့ သရုပ်နေကြတာပဲဖြစ်ပါတယ်။ အမျိုးသားတွေအနေနဲ့ ညစ်ညမ်းရုပ်ရှင်တွေကနေဘယ်လိုပဲ လေ့လာလေ့လာ ပျော်ရွှင်မှုကိုတော့ မရနိုင်ကြပါဘူး။ ပျော်ချင်လို့ ကြည့်မယ့်အစား သူတို့ဘယ်လိုပုံစံနဲ့ ကာမဆက်ဆံတာကို ပုံဖော်နေလဲဆိုတာသာ မြင်ရမှာဖြစ်ပါတယ်။

ညစ်ညမ်းရုပ်ရှင်တွေမှာ အမျိုးသမီးတွေရဲ့ အကြမ်းဖက်ခြင်းခံရမှုနှုန်းက မြင့်လို့နေပြီး လူရွယ်တွေအတွက် အရှက်ရစရာတွေ ဂုဏ်သိက္ခာမဲ့မှုတွေကိုအားပေးအားမြှောက်လုပ်နေတာသာတွေ့ရမှာဖြစ်ပါတယ်။ ညစ်ညမ်းရုပ်ရှင်တွေကို အားပေးနေသူတွေကတော့ လူရွယ်တွေနဲ့ အရွယ်ရောက်အမျိုးသားတွေဖြစ်ပြီး လူရွယ်တွေဟာ ဒီရုပ်ရှင်တွေကြည့်ပြီး သူတို့ရဲ့ချစ်သူမိန်းကလေးတွေကို လိင်ဆက်ဆံဖော်အဖြစ်သတ်မှတ်ကာ ပြန်ပြီးတုံ့ပြန်ကိုပြန်ရမယ်ဆိုတာမျိုးတွေဖြစ်လာကြပါတယ်။ ညစ်ညမ်းရုပ်ရှင်အားလုံးဟာ အမျိုသမီးတွေကို အကြမ်းဖက်ပြီး အမျိုးသားတွေအရှက်ရစေတယ်လို့ မဆိုလိုပေမယ့် ညစ်ညမ်းရုပ်ရှင်တွေကိုစံထားပြီး လက်တွေမှာတကယ်မလုပ် ကြဖို့ ပြောချင်ပါတယ်။

ကာမဆန္ဒသာယာဖို့ ပုံစံတွေအများအပြားရှိပေမယ့် သင်နှစ်သက်လို့ အသိအမှတ်ပြုပြီး လေ့လာထားတဲ့အရာတွေဟာ သင့်ထံ ကျန်းမာတဲ့နည်းစနစ်နဲ့အတူ ဆက်ဆံရေးကောင်းဖြစ်လာစေမယ့်အပြင် သာယာမှုတွေကို ဘယ်လိုယူဆောင်လာပေးနိုင်လဲဆိုတာကသာ အရေးအကြီးဆုံးဖြစ်ပါတယ်။

Ask your question

Do you know the secret to great sex? Being and staying curious. Dr Deep and our team love to answer your questions.

Ask anonymously Open Facebook Messenger