Facebook Page
www.facebook.com/thiloyarmay
Viber Community
https://bit.ly/33PKFZ9
Call Thiloyarmay
09894777262
Facebook Group
https://bit.ly/2KKaAtF
Email Thiloyarmay
[email protected]

လိင်အကြောင်း ပိုမိုရှာဖွေရန်

ဆစ်ဖလစ်ရောဂါ

ဆစ်ဖလစ်ရောဂါဆိုတာက ဘတ်တီးရီးယားတစ်မျိုးကြောင့်ဖြစ်ရတဲ့ လိင်ဆက်ဆံခြင်းကတစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ အရေပြားပေါ်မှာ နာကျင်မှုမရှိတဲ့ ပွန်းပဲ့အနာတွေ (ဒါမှမဟုတ်) အဖုအပိမ့်တွေ ထွက်လာတာကနေ ဒီရောဂါစတင်ဖြစ်ပွားတတ်ပြီး အချိန်တွေကြာလာတာနဲ့အမျှ ရောဂါပိုဆိုးလာတတ်ပါတယ်။

ဆစ်ဖလစ်ရောဂါက (အနာအကျိတ်တွေလို့ခေါ်တဲ့) ပွန်းပဲ့အနာတွေနဲ့ ထိတွေ့မိတာ (ဒါမှမဟုတ်) ဆစ်ဖလစ်ရောဂါရဲ့တခြားရောဂါလက္ခဏာတွေကနေ ကူးစက်ပြန့်ပွားတတ်ပါတယ်။ ခံတွင်းထဲမှာ ဆစ်ဖလစ်အနာအကျိတ်တွေရှိနေတဲ့သူတစ်ယောက်ယောက်နဲ့ ပါးစပ်၊ ယောနိလမ်းကြောင်း (ဒါမှမဟုတ်) စအိုဝအတိုင်း လိင်ဆက်ဆံတာ (ဒါမှမဟုတ်) နမ်းတာတွေကနေ ကူးစက်ပြန့့်ပွားတတ်ပါတယ်။

ဆစ်ဖလစ်ရောဂါရဲ့လက္ခဏာတွေက သင်သတိမပြုမိလောက်အောင်ကို ညင်သာလွန်းပါတယ်။ ပထမဆုံံးလက္ခဏာကတော့ နာကျင်မှုမရှိတဲ့ အနာအကျိတ်တွေဘဲ ဖြစ်ပါတယ်။ အနာအကျိတ်တွေဟာ ယောနိလမ်းကြောင်း၊ ကျားအင်္ဂါ၊ ခံတွင်း (ဒါမှမဟုတ်) စအိုပေါ် (ဒါမှမဟုတ်) အနီးအနားမှာ ထွက်ရှိလာတတ်ပါတယ်။ ဒီရောဂါကို မကုသရင်တောင်မှ သူ့ဘာသာသူကုသပျောက်ကင်းသွားတတ်ပေမယ့် ကုသမှုမခံယူဘူးဆိုရင်တော့ သင့်မှာဆစ်ဖလစ်ရောဂါဆက်ရှိနေနိုင်ပါတယ်။

မကုသဘဲ ရက်သတ္တပတ် (ဒါမှမဟုတ်) လအနည်းငယ်ကြာလာပြီးနောက် သင့်ရဲ့လက်ဖဝါး (ဒါမှမဟုတ်) ခြေဖဝါးမှာ အဖုအပိမ့်တွေထွက်လာတာ၊ အကျိတ်တွေယောင်ယမ်းလာတာ၊ အဆစ်အမြစ်တွေနာကျင်ကိုက်ခဲတာ၊ အဖျားဝင်တာ၊ ဆံပင်ကျွတ်တာ၊ လည်ချောင်းနာတာ (ဒါမှမဟုတ်) ခေါင်းကိုက်တာတွေ ဖြစ်လာနိုင်ပါတယ်။ မကုသဘဲနဲ့လည်း ဒီရောဂါလက္ခဏာတွေပျောက်ကင်းသွားတတ်ပေမယ့် ရောဂါကတော့ ဆက်ရှိနေမှာ ဖြစ်ပါတယ်။

ကျန်းမာရေးပြုစုစောင့်ရှောက်ပေးသူက ပွန်းပဲ့အနာတွေ (ဒါမှမဟုတ်) အဲ့ဒါတွေက ဆစ်ဖလစ်ရောဂါဟုတ်တယ်ဆိုရင် သင်ကြုံတွေ့လာရမယ့် အခြားရောဂါလက္ခဏာတွေကို ကြည့်ရှုစစ်ဆေးပါလိမ့်မယ်။ ဘာရောဂါလက္ခဏာမှမရှိဘူးဆိုရင်တော့ ဆရာဝန်က ဆစ်ဖလစ်ရောဂါအတွက်စစ်ဆေးဖို့ သင့်ဆီက သွေးနမူနာအနည်းငယ်ယူထားလိုက်ပါလိမ့်မယ်။

သင့်မှာ ဆစ်ဖလစ်ရောဂါရှိနေတယ်ဆိုရင် ဆရာဝန်က သင့်ကို ပဋိဇီဝဆေးဝါးတွေ ညွှန်ကြားပါလိမ့်မယ်။ သင့်အဖော်ကို ဒီရောဂါမကူးစက်စေဖို့အတွက် ပဋိဇီဝဆေးဝါးတွေကုန်တဲ့အထိသောက်သုံးပြီး၊ သင့်အဖော်ပါ စစ်ဆေးကြည့်တဲ့အပြင် လိုအပ်လို့ ကုသမှုတွေခံယူပြီးတဲ့အချိန်အထိ လိင်ဆက်ဆံမှုမပြုသင့်ပါဘူး။

Source: http://www.teensource.org/std/syphilis

အရင်းအမြစ် : http://www.teensource.org/std/syphilis

Ask your question

Do you know the secret to great sex? Being and staying curious. Dr Deep and our team love to answer your questions.

Ask anonymously Open Facebook Messenger