Facebook Page
www.facebook.com/thiloyarmay
Viber Community
https://bit.ly/33PKFZ9
Call Thiloyarmay
09894777262
Facebook Group
https://bit.ly/2KKaAtF
Email Thiloyarmay
[email protected]

လိင်အကြောင်း ပိုမိုရှာဖွေရန်

ကိုယ်ဝန်ဆောင်ခြင်း

ကိုယ်ဝန်ဆောင်ခြင်းဆိုတာ ရိုးရိုးလေးလို့ထင်ရပါတယ်နော်။ ကိုယ်ဝန်ဆောင်ခြင်းနဲ့ပတ်သတ်ပြီး ဆယ်ကျော်သက် ဒါမှမဟုတ် အသက် ၂၀ ပတ်ဝန်းကျင်လောက်မှာ ဖြစ်သလိုပြီးပြီးရော ရှင်းပြတာတို့၊ သာမန်ရိုးရိုးတန်းတန်း ကြားဖူးနားဝ တတ်သလောက် မှတ်သလောက်နဲ့ သင့်ကို ပြောကြတာမျိုးပဲ တွေ့ခဲ့ရပါလိမ့်မယ်။ အခြားရှုပ်ထွေးတဲ့အရာတွေလိုပဲသေချာရှင်းလေ နားရှုပ်လေဖြစ်နေတတ်ပြီး သေချာ နားလည်ပြီး သဘောပေါက်ဖို့ ခက်ခဲပါတယ်။ ကိုယ်ဝန်ဆောင်ခြင်းနဲ့ ပတ်သတ်ပြီး လေ့လာချင်တယ်ဆိုရင်တော့ ဒီမှာ ဖတ်ကြည့်လို့ရပါတယ်။

ကိုယ်ဝန်ဆောင်ခြင်းကို ရိုးရိုးလေးကြည့်ကြည့်ရအောင်။

ကိုယ်ဝန်ဆောင်ခြင်းဆိုတာ သုက်ကောင်တစ်ကောင်နဲ့ မမျိုးဥ (ဆဲလ်) လေးတွေ ပေါင်းစပ်ပြီး ဖြစ်ပေါ်လာတာလို့ ကြားဖူးပြီးသားဖြစ်မှာပါ။ ဒီဆဲလ်အမျိုးအစား ၂ခု တစ်ခုနဲ့တစ်ခု ထိတွေ့မယ် ပြီးတော့ အောင်မြင်စွာပေါင်းစပ်နိုင်တာနဲ့ ကိုယ်ဝန်ရပြီပေါ့။ လွယ်လွယ်ရှင်းရှင်းလေးလို့ ထင်ရပေမယ့် တကယ်တမ်းမှာက ကိုယ်ဝန်ဆောင်ခြင်းဆိုတာ ဒီထက်အများကြီးပို ရှုပ်ထွေးပါတယ်။

အမျိုးသမီးအများစုရဲ့ မျိုးဥအိမ် ( သားအိမ်ပြွန်နှစ်ခုရဲ့ အဆုံးတစ်ဖက်ဆီမှာရှိ) ထဲမှာ မမှည့်သေးတဲ့ မမျိုးဥလေးတွေ ရှိပါတယ်။ အရွယ်ရောက်ပြီး ၂၀ကျော် အမျိုးသမီးတစ်ယောက်ဆိုရင် အဲဒီအိတ်ထဲမှာ မမျိုးစေ့လေးတွေ သန်းပေါင်းများစွာရှိတတ်ပါတယ်။ လစဉ်လတိုင်း ရာသီလအလယ်လောက်ဆိုရင် Ovary မျိုးဥအိမ် တစ်ဖက်ဖက်ကနေ မ-မျိုးဥတစ်ခုစီ ကြွေလာမယ်။ ဒါကို Ovulation မျိုးဥကြွေခြင်းလို့ ခေါ်တယ်။ Ovary မျိုးဥအိမ်ကနေ ရင့်မှည့်နေတဲ့ မျိုးဥထွက်လာတာနဲ့ Fallopian tube သားအိမ်ပြွန်ထဲကနေ ဝင်လာမယ်။ အဲလို မျိုးဥကြွေခြင်းမရှိဘူးဆိုရင် ကိုယ်ဝန်မရနိုင်ပါဘူး။

Ovary မျိုးဥအိမ်က မမျိုးဥလေးကို လွှတ်လိုက်တယ်၊ သူက Fallopian tube သားအိမ်ပြွန်တစ်လျှောက် ဖြည်းဖြည်းလေး လိမ့်ဆင်းလာနေတယ်။ ဒီခရီးအတွင်းမှာ သားအိမ်ခေါင်းက ကြွက်သားတွေ ကျယ်လာမယ်၊ သားအိမ်ခေါင်းပတ်လည်ကအရည်တွေ ကျဲလာပြီး ကပ်လာတယ်။ နောက်ပြီး သားအိမ်ခေါင်းအပေါက်ဝဟာပိုမိုနူူးညံ့လာပြီး ပိုမိုကျယ်ကားလာပါတယ်။ ဒီ ၂ခုက သုက်ကောင်လေးတွေ မမျိုးဥနဲ့ အဆင်ပြေပြေတွေ့နိုင်ဖို့ ပြင်ဆင်ခြင်းဖြစ်ပါတယ်။ ဒါတွေအကုန်လုံးရယ်၊ မျိုးဥလေးဆင်းလာတာရယ် အားလုံးက များသောအားဖြင့် ရာသီခွင်တစ်ခုရဲ့ ရက်အနည်းငယ်အတွင်းမှာ ဖြစ်ပေါ်လေ့ရှိပါတယ်။

တကယ်လို့ အမျိုးသားဟာ သားအိမ်ဝ (သို့) မိန်းမကိုယ်အင်္ဂါဇာတ်အဝသို့ သုက်လွှတ်လိုက်ပါက သုက်ကောင်တွေနဲ့ သုက်ရည်ကြော့င် ကိုယ်ဝန်ရဖို့ အလားအလာရှိပါတယ်။ သုက်ကောင်နဲ့ သုက်ရည်ဆိုတာ မတူဘူးနော်။ သုက်ရည်ဆိုတာ သုက်ရည်ဂလင်းကနေ ထွက်လာပြီး အပြင်ကို လိင်တံထိပ်ဝကနေထွက်လာတာကိုခေါ်တယ်။ သုက်ရည်မှာ သုက်ကောင်ကောင်လေးတွေပါတယ်ဆိုတာဟုတ်တယ်၊ ဒါပေမယ့်လည်း သုက်ကောင်ချည်းပဲက ၅%ထက် နည်းနည်းပဲပါတာပါ။ သုပ်ရည်ဆိုတာ သုက်ကောင်လေးတွေ လိင်တံကနေ မိန်းမကိုယ်ထဲကို ရှောရှောရှုရှု ရောက်အောင်ရယ်၊ သုက်ကောင်လေးတွေအတွက် လိုအပ်တဲ့အာဟာရနဲ့ စွမ်းအင်တွေပေးတာရယ် ပြုလုပ်ပေးပါတယ်။ မအင်္ဂါပတ်ဝန်းကျင်နဲ့ သုက်ကောင်တွေကိုအန ္တရာယ်ဖြစ်စေနိုင်တဲ့အရာတွေ ဓာတ်ပြယ်စေဖို့အတွက် အကူအညီပေးပါသေးတယ်။

နေ့တိုင်း ဝှေးစေ့နှစ်ခုဟာ သန်းပေါင်းများစွာသော သုက်ကောင်လေးတွေကို ဖန်တီးပေးပါတယ်။ သုက်ကောင်လေးတွေဟာ အင်မတန်ထိခိုက်လွယ်၊ ပျက်ဆီးလွယ်တယ်။ အပူချိန်အပြောင်းအလဲဖြစ်တာတို့ တစ်နေရာကနေ တစ်နေရာကို သူတို့အတွက်သင့်လျော်အောင် အထူးပြုလုပ်ထားသော အခြေအနေမရှိရင် သေသွားကြပါတယ်။

ရာသီစက်ဝန်းရဲ့ အချို့ရက်တွေဆို့သားအိမ်ခေါင်း ကြွက်သားတွေက အရမ်းထူပြီး ပျစ်နေတတ်လို့ သုက်ကောင်လေးတွေ လွယ်လွယ်ကူကူရွေ့လျားမရ၊ တစ်ခါတစ်လေကျတော့ သားအိမ်ထိပ်ဝက သုက်ကောင်လေးတွေ ဝင်ရောက်ဖို့တောင် အဝက ပွင့်နေခြင်းမရှိပါဘူး။

တစ်ချို့အချိန်တွေဆို သုက်ကောင်လေးတွေက ရောက်နေပေမယ့်လည်း သားအိမ်အတွင်းမှာမျိုးဥရယ် အခြားအရာတွေကအဆင်သင့်မဖြစ်သေးတာကြောင့် မိန်းမအင်္ဂါအခေါင်းတွင်းမှာပဲ ထိုင်စောင့်နေရတာမျိုးလည်းရှိပါတယ်။ သုက်ကောင်လေးတွေက ၅ရက်လောက်ထိကို မိန်းမကိုယ်အတွင်းမှာ အေးဆေးနေနိုင်ပါတယ်။

နောက်ပြီး သုက်ရည်ထွက်မလုံလောက်တာ၊ သုက်ကောင်လေးတွေ လိုအပ်တဲ့ စွမ်းအားမပြည့်တာတို့ ဖြစ်တတ်ပါတယ်။ မိန်းမမျိုးပွား အင်္ဂါတွေရဲ့ သုက်ကောင်လေးတွေနဲ့ မရင်းနှီးတာကြောင့်လည်း ပါ ပါတယ်။ လူ့ခန္ဓာကိုယ်ဟာ ကျွနု်ပ်တို့အတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ မကျန်းမမာဖြစ်စေတဲ့ ပြင်ပက ဘက်ရီးယားပိုးမွှားတွေကို ခုခံတိုက်ထုတ်လေ့ရှိသလိုမျိုးပေါ့။

အဲတော့က အသန်မာဆုံး၊ အကျန်းမာဆုံး သုက်ကောင်ကသာလျှင် မိန်းမအင်္ဂါမြောင်းအတွင်းကို ဝင်ရောက်နိုင်မှာဖြစ်ပါတယ်။

မျိုးဥသန္ဓေအောင်ခြင်းအတွက် ပြည့်စုံတဲ့ အခြေအနေရှိတယ်ဆိုပေမယ့်လည်း သားအိမ်ပြွန်အတွင်းကို သန်းပေါင်းများစွာသောသုက်ကောင်တွေထဲကမှ တစ်ထောင်အောက်အရေအတွက်သာရှိတဲ့ သုက်ကောင်လေးတွေပဲ ဝင်ရောက်နိုင်ပြီး တစ်ဒါဇင်လောက်သာလျှင် မမျိုးဥဆဲလ်ရဲ့အပြင်ဘက်အမြှေးပါးဆီကို ထိတွေ့ရောက်ရှိနိုင်ပါတယ်။ ဒီအချက်ကြောင့် အမျိုးသားအင်္ဂါက သုက်ကောင်အရေအတွက်များစွာ ထုတ်လွှတ်ရခြင်းဖြစ်ပါတယ်။

အမျိုးသမီး Vagina ဗဂျိုင်းနာထဲမှာ အဲလို စွန့်ထုတ်ပန်းထွက်မှု ဖြစ်တာနဲ့ သုက်ကောင်တွေဟာ သားအိမ်ဝကနေ Uterus သားအိမ်ထဲကို ရေကူးသလို တက်လာကြမယ်။ မ-မျိုးဥကို အငန်းမရ လိုက်ရှာနေကြတာ ဖြစ်တယ်။ အမြန်ဆုံး သုက်ပိုးဟာ နာရီဝက်သာ ကြာတယ်။ နှေးတဲ့ကောင်တွေက တစ်ရက်နဲ့ မရောက်နိုင်ဘူး။ ပန်းတိုင်အထိ အရောက် ကူးလာနိုင်တဲ့ သုက်ကောင်ရေ ရာဂဏန်းလောက်သာ ရှိတယ်။ အဲမှာ မမျိုးဥကလည်း မှည့်နေပြီ၊ သုက်ကောင်တစ်ကောင်က အဲဥကို ထိုးဖေါက် ဝင်ရောက်တယ်၊ ဒါဆို Conception သန္ဓေတည်ခြင်း ဒါမှမဟုတ် Fertilization မျိုးစပ်ခြင်းဖြစ်စဉ်စတင်ပါပြီ၊ ကိုယ်ဝန်ဆောင်တာ မဟုတ်သေးပါဘူး။

ဒီဖြစ်စဉ်က ၂၄ နာရီ/ ၁ရက် သာကြာတယ်။ ဒီအချိန်မှာ သုက်ကောင်နဲ့ မမျိုးဥဆဲလ်တို့ ပေါင်းစပ်ခြင်းကနေ Zygote လို့ခေါ်တဲ့ ဆဲလ်အသစ်လေးဖြစ်လာပါတယ်။ Zygote လေးက တစ်ခုကနေ နှစ်ခု လေးခုစသဖြင့် ဆဲလ်ပွားနေရင်း သားအိမ်အတွင်း လျှောက်ပြီး သွားနေတတ်ပါတယ်။ တစ်ဖြည်း့ဖြည်းနဲ့ ဘောလုံးလေးလို Blastocyst ဆဲလ်လေးဖြစ်နေပြီး Endometrium (ဓမ္မတာကာလမှာ အသစ်ပြောင်းလဲလေ့ရှိတဲ့ သားအိမ်အတွင်း မျက်နှာပြင်) နဲ့တွယ်ချိတ်ပြီး သားအိမ်နံရံမှာ သွားကပ်ပြီး သန္ဓေသားဖြစ်လာပါတယ်။ ဒီဖြစ်စဉ်ကို မျိုးအောင်ခြင်းဆိုပြီး ခေါ်လေ့ရှိပြီး ပုံမှန်အားဖြင့် ငါးရက်ကနေ နှစ်ပတ်အတွင်း ကြာမြင့်တတ်ပါတယ်။

Ask your question

Do you know the secret to great sex? Being and staying curious. Dr Deep and our team love to answer your questions.

Ask anonymously Open Facebook Messenger