fbpx

လိင်အကြောင်း ပိုမိုရှာဖွေရန်

ကာလသားရောဂါ

ကာလသားရောဂါဟာ ဘတ်တီးယားတစ်မျိုးကြောင့် ဖြစ်ပွားတာ ဖြစ်ပါတယ်။ များသောအားဖြင့် ကျားအင်္ဂါ (ဒါမှမဟုတ်) ယောနိမှာ ကူးစက်ဖြစ်ပွားတတ်ပြီး စအိုဝ၊ လည်ချောင်း (ဒါမှမဟုတ်) မျက်စိတွေမှာလည်း ဖြစ်ပွားတတ်ပါတယ်။

ကာလသားရောဂါဖြစ်ပွားစေတဲ့ ဘတ်တီးရီးယားတွေက ခန္ဓာကိုယ်က စိုစွတ်တဲ့နေရာတွေဖြစ်တဲ့ ယောနိ၊ ကျားအင်္ဂါ၊ မျက်စိ၊ လည်ချောင်းနဲ့ စအိုဝတွေမှာ ရှိနေတတ်ကြပါတယ်။ ကာလသားရောဂါခံစားနေရတဲ့သူတစ်ယောက်နဲ့ ပါးစပ်၊ ယောနိလမ်းကြောင်းနဲ့ စအိုဝအတိုင်း လိင်ဆက်ဆံတာတွေ အပါအဝင် အထက်မှာဖော်ပြထားတဲ့နေရာတွေနဲ့ ထိတွေ့မိရင် ကာလသားရောဂါကူးစက်နိုင်ပါတယ်။

ဒီရောဂါမှာ လက္ခဏာမရှိတာကြောင့် အဲ့ဒီ့ရောဂါခံစားနေရတဲ့သူတွေတောင်မှ ရောဂါလက္ခဏာကို မသိကြပါဘူး။ အမျိုးသမီးတွေထက် အမျိုးသားတွေမှာ ရောဂါလက္ခဏာပိုရှိတတ်ပါတယ်။ အမျိုးသားတွေဟာ ဆီးသွားနေစဉ်အတွင်း ပူစပ်ပူလောင်ဖြစ်တာ၊ ကျားအင်္ဂါကနေ အဖြူရောင်၊ အဝါရောင် (ဒါမှမဟုတ်) အစိမ်းရောင်အရည်တွေထွက်တာ (ဒါမှမဟုတ်) ဝှေးစေ့နာကျင်၊ ယောင်ယမ်းတာတွေ ခံစားရတတ်ပါတယ်။ အမျိုးသမီးတချို့မှာလည်း ဆီးသွားတဲ့အခါ နာကျင်တာ (ဒါမှမဟုတ်) ဝမ်းဗိုက်အောက်ပိုင်းမှာ နာကျင်တာတွေ ခံစားရတတ်ပါတယ်။

ဒီရောဂါရှိနေပြီဆိုတာ ဘယ်လိုသိနိုင်မလဲ။

သင့်မှာ ကာလသားရောဂါပိုးရှိ၊မရှိဆိုတာကို ဆရာဝန်က ရိုးရှင်းပြီး နာကျင်မှုမရှိတဲ့ ဆီးစစ်ခြင်းနဲ့ စစ်ဆေးနိုင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုပြုလုပ်နေစဉ်အတွင်းမှာ ဆရာဝန်က (အမျိုးသမီးများအတွက်) ယောနိလမ်းကြောင်း (သို့မဟုတ်) သားအိမ်ခေါင်းကနေ (သို့မဟုတ်) (အမျိုးသားများအတွက်) ဆီးလမ်းကြောင်းကနေ စုပ်ယူအားကောင်းတဲ့အစပိုင်းနဲ့ နမူနာ ယူထားလိုက်တတ်ပါတယ်။

ကာလသားရောဂါကို ပဋိဇီဝဆေးဝါးတွေနဲ့ ကုသလို့ရပါတယ်။ ဆေးပညာရှင်တွေက ပဋိဇီဝဆေးဝါးတွေနဲ့အတူ ဆေးခန်းမှာတင်သောက်ဖို့ အခြားဆေးတွေပါ ပေးနိုင်ပါတယ် (ဒါမှမဟုတ်) သူက ဆေးလုံးတွေသောက်သုံးဖို့ ညွှန်ကြားပါလိမ့်မယ်။

သင့်အဖော်ကို ဒီရောဂါမကူးစက်စေဖို့အတွက် သင် ပဋိဇီဝဆေးဝါးတွေအကုန်လုံးသောက်ပြီးတဲ့အချိန်အထိ၊ သင့်အဖော်ပါ စစ်ဆေးကြည့်ပြီး လိုအပ်ပါက ဆေးကုသမှုခံယူပြီးတဲ့အချိန်အထိ လိင်မဆက်ဆံသင့်ပါဘူး။

ပဋိဇီဝဆေးဝါးတွေကို သောက်သုံးနေပြီဆိုရင် သင် ပိုသက်သာလာရင်တောင်မှ ဆေးအားလုံးကုန်တဲ့အထိတော့ ဂရုတစိုက်သောက်သုံးသင့်ပါတယ်။ မဟုတ်ပါက ဒီရောဂါက လုံးလုံးလျားလျားပျောက်ကင်းမှာမဟုတ်ပါဘူး။

အရင်းအမြစ်: http://www.teensource.org/std/gonorrhea

Ask your question

Do you know the secret to great sex? Being and staying curious. Dr Deep and our team love to answer your questions.

Ask anonymously Open Facebook Messenger