Facebook Page x
www.facebook.com/thiloyarmay
Viber Community x
https://bit.ly/33PKFZ9
Call Thiloyarmay x
09894777262
Facebook Group x
https://bit.ly/2KKaAtF
Email Thiloyarmay x
[email protected]

လိင်အကြောင်း ပိုမိုရှာဖွေရန်

ကာကွယ်ရန်နည်းလမ်းများ

သင်လိင်ဆက်ဆံတော့မယ်ဆိုရင် ဘေးကင်းစိတ်ချရတဲ့လိင်ဆက်ဆံမှု အလေ့အထတွေကို ကျင့်သုံးခြင်းက လိင်ဆက်ဆံမှုကြောင့် ရရှိနိုင်တဲ့ ကူးစက်တတ်တဲ့ရောဂါ (STDs) ကာကွယ်ဖို့ တစ်ခုတည်းသောနည်းလမ်းဖြစ်ပါသည်။ စိတ်ချလုံခြုံရတဲ့ လိင်ဆက်ဆံမှုဆိုတာ တစ်ခါတစ်လေတင်မဟုတ်ပဲ လိင်ဆက်ဆံတိုင်း အမြဲတစ်စေကျင့်သုံးနေတာမျိုး ဖြစ်နေရမှာပါ။

STI ရောဂါကူးစက်မှုကာကွယ်ပေးနိုင်တဲ့ အလွယ်ဆုံးနဲ့ အကောင်းဆုံးနည်းလမ်းကတော့ အမျိုးသားသုံးကွန်ဒုံး (သို့) အမျိုးသမီးသုံးကွန်ဒုံးကိုအသုံးပြုတာပဲဖြစ်ပါတယ်။ပါးစပ်နဲ့လိင်ဆက်ဆံနေစဉ်အတွင်းကာကွယ်ဖို့အတွက်လည်း ကွန်ဒုံးကိုအသုံးပြုနိုင်ပါတယ်။အထူးသဖြင့်သင့်အဖော်ရဲ့ကျန်းမာရေးအခြေအနေကိုသတိမပြုမိတဲ့အခါ (သို့မဟုတ်) တစ်ဦးထက်ပိုတဲ့ဆက်ဆံရေးမျိုးမှာအရေးကြီးပါတယ်။

သင့်ကိုယ်သင် ကာကွယ်ဖို့က သင့်တာဝန်ပါပဲ။ မိမိကိုယ်ကို လုံခြုံစွာ ကာကွယ်နေထိုင်ဖို့ အောက်မှာ အချက်လေးတွေဖော်ပြထားပါတယ်။

  • မိန်းမကိုယ်ယောနိလမ်းကြောင်းကနေလိင်ဆက်ဆံခြင်း (သို့) စအိုဝကနေ လိင်ဆက်ဆံတာမျိုးရှိတဲ့အခါ ကွန်ဒုံးကို မှန်မှန်ကန်ကန်နဲ့ စနစ်တကျ ဆီလျော်အောင်အသုံးပြုပါ။ ရာဘာစေးနဲ့လုပ်ထားတဲ့ကွန်ဒုံးတွေကလိင်ဆက်ဆံရာကတဆင့်ကူးစက်နိုင်တဲ့ရောဂါပိုးတွေကိုကာကွယ်ခုခံဖို့အကောင်းဆုံးပါပဲ။ကွန်ဒုံးကိုရေအခြေခံထုတ်ထားတဲ့ချောဆီနဲ့အတူတွဲသုံးခြင်းကလိင်ဆက်ဆံရာမှာပိုဘေးကင်းစိတ်ချရပြီးပိုကောင်းစေပါတယ်။
  • အထူးသဖြင့်သင်ကအဖော်အသစ်နဲ့ရှိတဲ့အခါ(သို့မဟုတ်)အဖော်အများကြီးရှိတဲ့အခါလိင်ဆက်ဆံရာကစ်ဆင့်ကူးစက်နိုင်တဲ့ရောဂါပိုးရှိ၊မရှိပုံမှန်စစ်ဆေးမှုပြုလုပ်ပါ။
  • လိင်ဆက်ဆံရာကတစ်ဆင့်ကူးစက်နိုင်တဲ့ရောဂါရဲ့ဖြစ်လေ့ရှိတဲ့လက္ခဏာတွေသိထားအောင်လုပ်ထားပါ။ဒီမှာမတူတဲ့လိင်ဆက်ဆံရာကတဆင့်ကူးစက်နိုင်တဲ့ရောဂါအကြောင်းကိုဖတ်ကြည့်ပါ။ လက္ခဏာတစ်ခုခုကိုသတိထားမိတဲ့အခါဆရာဝန်ကိုချက်ချင်းအကြောင်းကြားပါ။မှတ်ထားရမှာကလိင်ဆက်ဆံရာကတစ်ဆင့်ကူးစက်နိုင်တဲ့လက္ခဏာတွေမရှိတာကြောင့်စစ်ဆေးမှုခံယူတာကအရေးကြီးပါသေးတယ်။
  • မိန်းမကိုယ်ထဲမှာရှိတဲ့သာမန်ဘက်တီးရီးယားအချို့ကိုဖယ်ရှားပေးတာပြီးလိင်ဆက်ဆံရာကတစ်ဆင့်ကူးစက်နိုင်တဲ့ရောဂါပိုးတွေရရှိမှုကိုတိုးမြှင့်စေတာကြောင့်မိန်းမကိုယ်ထဲဆေးကြောသန့်စင်ခြင်းကိုရှောင်ကြဉ်ပါ။
    အကာအကွယ်မသုံးချင်တဲ့သူ(သို့)ကျန်းမာရေးအခြေအနေသတိမပြုမိတဲ့သူနဲ့လိင်မဆက်ဆံပါနဲ့။
  • မူးယစ်ဆေးဝါး(သို့မဟုတ်)အရက်သေစာရှောင်ပါ။ အရက်သေစာ သို့မဟုတ် မူးယစ်ဆေးဝါးကို သုံးစွဲထားတယ်ဆိုရင် လိင်ဆက်ဆံခြင်းကိုရှောင်ကြဉ်ပါ။ အဲဒီအရာတွေက စဉ်းစားဆင်ခြင်နိုင်မှုကို အတားအဆီးဖြစ်စေသည့်အတွက် သင်နောင်တရစေတဲ့ ဆုံးဖြတ်ချက်ကို ချမိနိုင်ဖို့ ပိုလွယ်ပါတယ်။

Ask your question

Do you know the secret to great sex? Being and staying curious. Dr Deep and our team love to answer your questions.

Ask anonymously Open Facebook Messenger