fbpx

လိင်အကြောင်း ပိုမိုရှာဖွေရန်

ကပ်ပါး ဘက်တီးရီးယားပိုး

အဲ့ဒါဘာပါလဲ။

အမျိုးသမီးတွေရဲ့သားအိမ်ခေါင်းမှာ ကူးစက်ဖြစ်ပွားတတ်တဲ့ Chlamydia ရောဂါကို ဖြစ်ပွားစေတတ်သော (ဒါမှမဟုတ်) အမျိုးသားတွေရော၊ အမျိုးသမီးတွေရဲ့ ဆီးလမ်းကြောင်းမှာ ကူးစက်ဖြစ်ပွားတတ်သော ဘတ်တီးယားပိုးတစ်မျိုးဖြစ်ပါတယ်။ ဒီဘတ်တီရီးယားဟာ စအိုဝ၊ လည်ချောင်း (သို့မဟုတ်) မျက်စိတွေမှာလည်း ကူးစက်ဖြစ်ပွားတတ်ပါတယ်။

ဘယ်လိုလိင်ဆက်ဆံမှုမျိုးကမဆို ဒီ Chlamydia ရောဂါကူးစက်ဖြစ်ပွားနိုင်ပါတယ်။ Chlamydia ကူးစက်ရောဂါတွေဟာ ယောနိလမ်းကြောင်း၊ ဆီးလမ်းကြောင်း၊ စအိုဝ(ဒါမှမဟုတ်) လည်ချောင်းလိုမျိုး ခန္ဓာကိုယ်ရဲ့ဒွာရအပေါက်တွေမှာရှိတဲ့ တစ်သျူးတွေမှာ ရှိနေတတ်ကြပါတယ်။ ဒီရောဂါဟာ အဲ့ဒီတစ်သျူးတွေထိတွေ့မိတဲ့ ဘယ်အချိန်မဆို လူနှစ်ယောက်ကြားမှာ ကူးစက်သွားနိုင်ပြီး ယောနိလမ်းကြောင်း (ဒါမှမဟုတ်) စအိုဝလမ်းကြောင်းအတိုင်း အကာအကွယ်မဲ့လိင်ဆက်ဆံနေချိန်အတွင်းမှာ အများဆုံး ကူးစက်တတ်ပါတယ်။ ဖြစ်နိုင်ချေနည်းပေမယ့် ဒီ Chlamydia ရောဂါကို ပါးစပ်နဲ့လိင်ဆက်ဆံခြင်းကနေ လုံးဝမကူးစက်နိုင်တာမျိုးတော့ မဟုတ်ပါဘူး။

ဒီရောဂါတွေမှာ ရောဂါလက္ခဏာရယ်လို့မရှိတာကြောင့် အဲ့ဒီ့ရောဂါခံစားနေရတဲ့သူတွေတောင်မှ ဒီရောဂါရဲ့ရောဂါလက္ခဏာကို မသိကြပါဘူး။ လူနည်းစုမှာတော့ ကျားအင်္ဂါ (ဒါမှမဟုတ်) ယောနိလမ်းကြောင်းကနေ အဝါရောင်ပျစ်ပျစ် (ဒါမှမဟုတ့်) အရည်ကြည်တွေ ထွက်တာ၊ ဆီးသွားနေစဉ်အတွင်းမှာ နာကျင်တာ (ဒါမှမဟုတ်) ပူစပ်ပူလောင်ဖြစ်တာ (ဒါမှမဟုတ်) လိင်ဆက်ဆံနေစဉ်အတွင်း နာကျင်တာ (ဒါမှမဟုတ်) သွေးထွက်တာလိုမျိုးတွေ ခံစားရတတ်ပါတယ်။

ရောဂါလက္ခဏာမရှိဘူးဆိုတာက ဒီရောဂါဟာ ဆိုးရွားတဲ့ကျန်းမာရေးပြသနာတစ်ခုမဟုတ်ဘူးလို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ အမျိုးသမီးတွေမှာ ဒီ Chlamydia ကူးစက်ရောဂါကို မကုသဘဲထားရင် မျိုးမအောင်နိုင်တဲ့ တစ်သျူးတွေနဲ့ နာတာရှည် တင်ပါးဆုံရိုးနာကျင်တာတွေဖြစ်ပွားစေနိုင်တဲ့ တင်ပါးဆုံရိုးယောင်ရမ်းခြင်းရောဂါ (PID) ဖြစ်ပွားလာနိုင်ပါတယ်။

ဒီ Chlamydia ရောဂါရှိ၊မရှိဆိုတာကို ရိုးရှင်းပြီး နာကျင်မှုမရှိတဲ့ ဆီးစစ်တဲ့နည်းလမ်းနဲ့ စမ်းသပ်နိုင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုပြုလုပ်နေစဉ်အတွင်းမှာ ဆရာဝန်က (အမျိုးသမီးများအတွက်) ယောနိလမ်းကြောင်း (ဒါမှမဟုတ်) သားအိမ်ခေါင်းကနေ (ဒါမှမဟုတ်) (အမျိုးသားများအတွက်) ဆီးလမ်းကြောင်းကနေ စုပ်ယူအားကောင်းတဲ့အစပိုင်းနဲ့ နမူနာ ယူထားလိုက်တတ်ပါတယ်။

Chlamydia ရောဂါကို ပဋိဇီဝဆေးဝါးတွေနဲ့ ကုသနိုင်ပါတယ်။ Chlamdia ရောဂါကိုကုသဖို့နဲ့ သင့်အဖော်မကူးစက်အောင်ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ ပဋိဇီဝဆေးဝါးတွေ ရောဂါပိုးတွေကို သုတ်သင်ပြီးတဲ့အချိန်အထိ (၇)ရက်လောက် လိင်ဆက်ဆံမှုကို ရှောင်ကြဉ်ဖို့ဘဲ ဖြစ်ပါတယ်။ ပဋိဇီဝဆေးဝါးတွေ ကုသနေစဉ်အတွင်း လိင်ဆက်ဆံခြင်းကို ရပ်လိုက်တာနဲ့ ကွန်ဒုံးသုံးဖို့ အရေးကြီးပါတယ်။ မဟုတ်ပါက သောက်လိုက်တဲ့ဆေးတွေ စွမ်းမှာမဟုတ်ပါဘူး။ သက်သာလာတယ်ဆိုရင်တောင်မှ ဆေးပတ်လည်အောင် သောက်ဖို့ အရေးကြီးပါတယ်။ ဆေးပတ်လည်အောင်မသောက်ပါက ဒီကူးစက်ရောဂါက လုံးဝအရှင်းပျောက်ကင်းသွားမှာ မဟုတ်ပါဘူး။

Ask your question

Do you know the secret to great sex? Being and staying curious. Dr Deep and our team love to answer your questions.

Ask anonymously Open Facebook Messenger