Facebook Page
www.facebook.com/thiloyarmay
Viber Community
https://bit.ly/33PKFZ9
Call Thiloyarmay
09894777262
Facebook Group
https://bit.ly/2KKaAtF
Email Thiloyarmay
[email protected]

လိင်အကြောင်း ပိုမိုရှာဖွေရန်

ကင်ဆာ (မ)

ရင်သားကင်ဆာကတော့ အလွန်အဖြစ်များပါတယ်။ မြန်မာနိုင်ငံရှိ အမျိုးသမီး အသက်အရွယ်အားလုံးမှာ အဖြစ်
များနေတဲ့ ကင်ဆာရောဂါဖြစ်ပါတယ်။ ရင်သားအကျိတ်၊ အသားလုံးနှင့် ပုံမှန်မဟုတ်တဲ့ဓာတ်မှန် ပုံရိပ်တွေက
ရင်သားကင်ဆာရဲ့ ပထမဆုံးရောဂါလက္ခဏာတွေပါ။ ရင်သားကင်ဆာကို အစပိုင်းအဆင့်၊ ကုလို့ရတဲ့အခြေ
အနေ ကနေပြီးတော့ ရောဂါပျံ့နှံ့ပြီးဖြစ်တဲ့ ရင့်သောအဆင့်စတဲ့ ရောဂါအဆင့်များသတ်မှတ်ထားပါတယ်။

ပထမဦးဆုံးဖြစ်တဲ့ ရောဂါလက္ခဏာက အတုံးအခဲ ဒါမှမဟုတ် ဓမ္မတာလာပြီးနောက် မကြာခဏ ပေါ်လာတတ်တဲ့ လက်မောင်းအောက်ရှိအတုံးအခဲများဖြစ်ပါတယ်။ အတုံးအခဲတွေက များသောအားဖြင့် နာကျင်ခြင်းမရှိပါဘူး၊ ဒါပေမယ့်လည်း တစ်ခါတစ်ရံမှာ ကသိကအောက် ဖြစ်တဲ့ခံစားမှုတွေကို ဖြစ်စေတတ် ပါတယ်။ ထိုအတုံးအခဲလေးတွေက သူတို့ကိုစမ်းလို့မရခင်အချိန် ဒါမှမဟုတ် မခံစားရခင် အချိန်မှာလည်း အများအားဖြင့် ဓာတ်မှန်ဖြင့်စစ်ဆေးပြီး မြင်တွေ့နိုင်ပါတယ်။

ချိုင်းတွင် ရောင်းရမ်းခြင်းများ
ရင်သား နာကျင်တာတွေ ဒါမှမဟုတ် ပုံစံပြောင်းလာတာတွေ
ရင်သားပေါ်မှာ သိသာတဲ့ အပြားပုံသဏ္ဍာန်ဖြစ်နေခြင်း ဒါမှမဟုတ် အထစ်အဖုများဖြစ်နေခြင်း၊ စတာတွေက မမြင်နိုင်တဲ့ ဒါမှမဟုတ် စမ်းသပ်ခံစားလို့မရတဲ့ အသားလုံးတွေရှိနေကောင်း ရှိနေနိုင်တာကို
ဖော်ပြပါတယ်။
ရင်သားမှာ အရွယ်အစား၊ ပုံသဏ္ဍာန်၊ အနေအထား နှင့်အပူချိန်ပြောင်းလဲမှုရှိမရှိ။ အနီရောင်ခပ် ပြေးပြေးနဲ့ လိမ္မော်သီးအခွံလိုမျိုးအရေးပြားဖြစ်နေရင်တော့ ရင့်နေသော ရင်သားကင်ဆာ လက္ခဏာ သင်္ကေတ
ဖြစ်နိုင်ပါတယ်။
နို့သီးခေါင်းကျုံ့ခြင်း၊ ချိုင့်ကွက်တွေ၊ ယားယံတာတွေ၊ လောင်ကျွမ်းနေသကဲ့သို့ ခံစားရတာတွေ
ဒါမှမဟုတ် ပြည်တည်နာတွေဖြစ်နေတာတွေ စတဲ့ နို့သီးခေါင်းမှာပြောင်းလဲမှုများ။
ပုံမှန်မဟုတ်သော နို့သီးခေါင်းတွေက တစ်ခါတစ်ရံ ပြောင်ရှင်းရှင်းဖြစ်နေတာတွေ၊ သွေးပြစ်ပြစ်ဖြစ်နေ
တာတွေ၊ ဒါမှမဟုတ် တခြားအရောင်ပြောင်းတာတွေ ဖြစ်စေပါတယ်။ ဒါတွေက အချို့သောအခြေအနေမှာပဲ
ကင်ဆာကြောင့်လို့ ဆိုလို့ရပါတယ်။
အရေပြားအောက်တွင် သလင်းကျောက်ကဲ့သို့ ဖြစ်နေတာတွေ။
ရင်သားနှစ်ခုစလုံးတွင် တစ်နေရာနှင့် တစ်နေရာ သိသာတဲ့ ခြားနားမှုရှိနေခြင်း။
ရင်သားကင်ဆာ စစ်ဆေးခြင်းနဲ့ ဓာတ်မှန်ရိုက်ပြီး စစ်ဆေးခြင်းတွေလိုမျိုး ရင်သားကင်ဆာ စောင့်ကြည့်နည်း
လမ်းတွေက ရင်သားကင်ဆာရဲ့ အစောဆုံးအဆင့်တွင်ပင် ရောဂါရှိကြောင်းသိနိုင်ပြီး၊ အများအားဖြင့်တော့
ကုလို့ရတဲ့အဆင့်တွင်သိနိုင်ပါတယ်။

Sources: http://www.medicinenet.com/breast_cancer_facts_stages/article.htm

သားအိမ်ခေါင်းကင်ဆာက သားအိမ်ရဲ့ ကျဉ်းမြောင်းတဲ့အဆုံး၊ အောက်ပိုင်းမှာရှိတဲ့ သားအိမ်ထိပ်ဝ ကနေစပါ
တယ်။ မြန်မာနိုင်ငံရှိ အသက် ၁၅ နှစ်ကနေ ၄၄ နှစ် အရွယ် အမျိုးသမီးများတွင် အဖြစ်များပါတယ်။

သားအိမ်ခေါင်းကင်ဆာ အများစုကတော့ HPV ကူးစက်မှုအဆင့်မြင့် ဗိုင်းရပ်စ် ကနေဖြစ်တာပါ။ HPV ဆိုတာ
ကတော့ အမျိုးသမီးလိင်အင်္ဂါ၊ စအို နဲ့ ပါးစပ်စတဲ့ လိင်အင်္ဂါဆိုင်ရာ ထိတွေ့မှုများမှတစ်ဆင့် ကူးစက်တတ်သော
ဗိုင်းရပ်စ် တစ်မျိုးဖြစ်ပါတယ်။ HPV ဗိုင်းရပ်စ်က အဝေးသို့ထွက်သွားခြင်းမရှိရင်တော့ အချိန်ကြာလာရင်
သားအိမ်ခေါင်းကင်ဆာဖြစ်စေပါတယ်။ အခြားအကြောင်းအရာတွေကလည်း HPV ကူးစက်မှုအတိုင်း ကင်ဆာ
ဖြစ်ပွားမှုအား တွန်းအားပေးနိုင်ပါတယ်။ ထိုအခြားအကြောင်းအရာတွေကတော့ —

ဆေးလိပ်သောက်ခြင်း
HIV ရှိခြင်း ဒါမှမဟုတ် ကိုယ်ခံအားကျဆင်းခြင်း
ကိုယ်ဝန်တားဆေးအား အလွန်အမင်းသုံးစွဲခြင်း ( ၅ နှစ်ထက်ပို၍)
ကလေးသုံးယောက် ဒါမှမဟုတ် သုံးယောက်ထက်ပိုမွေးထားခြင်း
HPV ကာကွယ်ဆေးထိုးခြင်းဖြင့် သားအိမ်ခေါင်းကင်ဆာမှ ကာကွယ်နိုင်ပါတယ်။ ထိုကာကွယ်ဆေးက ၂၀၀၈
ခုနှစ်ကတည်း မြန်မာနိုင်ငံတွင်ရနေပြီးဖြစ်ပါတယ်။ ထိုကာကွယ်ဆေးထိုးခြင်းနဲ့ပက်သက်ပြီးသင့်ရဲ့ ကျန်းမာရေး
စင်တာတွေ၊ ဆေးခန်းတွေမှာမေးပါ။ တင်ပဆုံရိုးများ စစ်ဆေးခြင်းက သားအိမ်ခေါင်းကင်ဆာရှိမရှိကို စောစော စီးစီးသိနိုင်ပြီး လိင်ဆက်ဆံချိန်တွင် ကွန်ဒုံးသုံးစွဲခြင်းက HPV ကူးစက်ခြင်းမှကာကွယ်ပေးပါတယ်။

Sources:

http://www.mayoclinic.org/healthy-lifestyle/sexual-health/in-depth/cervical-cancer-vaccine/art-20047292
http://www.webmd.com/cancer/cervical-cancer/default.htm

သန္ဓေမျိုးစေ့အိတ်ကင်ဆာက သားအိမ်ပြွန်ရဲ့ တစ်ဖက်စီမှာရှိတဲ့ သန္ဓေမျိုးစေ့လေးများမှ စတင်ဖြစ်ပေါ်ပါတယ်။

သန္ဓေမျိုးစေ့အိတ် ကင်ဆာက သားန္ဓေမျိုးစေ့လေးများတွင် စတင်ပါတယ်။ သားမျိုးစေ့လေးများက အမျိုးသမီး ဟော်မုန်းဖြစ်စေပြီး အမျိုးသမီး သားမျိုးဥလေးများထုတ်ပေးပါတယ်။ သားမျိုးစေ့အိတ် ကင်ဆာ ကတော့ အသက်ကြီးပိုင်းများတွင်အဖြစ်များတဲ့ ရောဂါတစ်မျိုးပါ။ စောစောသိရရင် ရောဂါကုသမှုက အထိ ရောက်ဆုံး ဖြစ်ပါတယ်။

ရောဂါလက္ခဏာများ

ဝမ်းဗိုက်အောင့်တာ ဒါမှမဟုတ် တင်ပါးဆုံအောင့်ခြင်း
ဗိုက်ထဲတွင် ဖောင်းပွနေခြင်း
ရုတ်တရက် ဆီးသွားခြင်း ( ချက်ချင်း ဆီးသွားဖို့လိုခြင်း)
ဆီးသွားခြင်း အကြိမ်အရေအတွက် ( မကြာခဏ ဆီးသွားခြင်း)
ဝမ်းချုပ်ခြင်း ဒါမှမဟုတ် ဝမ်းလျှောခြင်း
စားသောက်နေချိန်တွင် လျှင်မြန်စွာ ဗိုက်ပြည့်ပြီဟု ခံစားရခြင်း
စားသောက်ချိန်တွင် အခက်အခဲရှိနေခြင်း
မိန်းမအင်္ဂါတွင် သွေးထွက်ခြင်း၊ ဒါမှမဟုတ် ပုံမှန်မဟုတ်သောအခြားပြောင်းလဲမှုများ
ကျောနာခြင်း

Sources: http://www.cdc.gov/cancer/ovarian/index.htm

သားဥပြွန်ကင်ဆာကတော့ သားအိမ်ထဲတွင်ရှိ ကိုယ်ဝန်ဆောင်နေချိန်မှာ ကလေးကြီးထွားလာသောနေရာ အခေါင်းပေါက်ပုံစံ၊ သစ်တောသီး ပုံစံရှိတဲ့ အင်္ဂါကနေစဖြစ်ပါတယ်။ သားဥပြွန်ကင်ဆာ အမျိုးအစားနှစ်မျိုးရှိပါ
တယ်။ ထိုနှစ်မျိုးကတော့ သားအိမ်နှုတ်ခမ်းသားကနေ စဖြစ်တဲ့ ကင်ဆာ ( Endometrial cancer) နဲ့ သားအိမ်
ထဲရှိ ကြွက်သားနဲ့တစ်ရှုးတွေကနေ စတင်ဖြစ်တဲ့ (uterine sarcomas) တို့ဖြစ်ပါတယ်။ ထိုနှစ်မျိုးမှာဆိုရင် Endometrial cencer ကတော့ အဖြစ်များတဲ့ကင်ဆာဖြစ်ပါတယ်။ အခုကင်ဆာကတော့ သားအိမ်နံရံဘေး
ရှိ တစ်ရှုးနံရံကနေစတင် ဖြစ်လာတတ်ပါတယ်။ သားအိမ်အတွင်းမှာရှိတဲ့ အခြားပံပိုးပေးနေသော တစ်ရှုးများ
ဒါမှမဟုတ် ကြွက်သားကနေ ကင်ဆာ ကြီးထွားလာတဲ့အခါ Uterine sarcomas ဖြစ်လာပါတယ်။ Uterine
sarcomas ကတော့ သားအိမ် ကင်ဆာရဲ့သေးငယ်တဲ့အပိုင်းလေးတစ်ခုသာဖြစ်ပါတယ်။

Sources: http://womenshealth.gov/publications/our-publications/fact-sheet/uterine-cancer.html?from=AtoZ

အန္တရယ်ရှိသောကင်ဆာဆဲလ်များ မွေးလမ်းကြောင်းအတွင်း ရှိနေခြင်းကို မွေးလမ်းကြောင်းကင်ဆာဟုခေါ်သည်။ မွေးလမ်းကြောင်းဆိုသည်မှာ သားအိမ်မှစ၍ မိန်းမကိုယ်အပြင်ဘက်ထိ ဆက်သွယ်ပေးထားသော လမ်းကြောင်းကိုခေါ်ပါသည်။ မွေးလမ်းကြောင်းကင်ဆာသည် သမရိုးကျရောဂါတွေလိုမဟုတ်ပါ။ မွေးလမ်းကြောင်းကင်ဆာနှစ်မျိုးရှိပါသည်။

(၁) Squamous Cell Carcinoma – Squamous လို့ခေါ်တဲ့ ပါးလွာပြီးပြားတဲ့ ဆဲလ်မှဖြစ်ပေါ်လာတဲ့ ကင်ဆာဆဲလ်သည် မိန်းမကိုယ်အတွင်းနံရံတွင်ရှိနေတတ်ပြီး အဆုတ်၊ အသည်းနှင့် အရိုးများအထိ တဖြည်းဖြည်း ကူးစက်နိုင်ပြီး အများအားဖြင့်အဖြစ်များတဲ့ မွေးလမ်းကြောင်းကင်ဆာတစ်မျိုးဖြစ်ပါတယ်။

(၂) Adenocarcinoma: မိန်းမကိုယ်ထဲရှိ အရည်ထုတ်ပေးတဲ့ဂလင်းမှ စတင်ဖြစ်ပေါ်တဲ့ ကင်ဆာတစ်မျိုးဖြစ်ပါတယ်။ ဒီဂလင်းဆဲလ်တွေက မိန်းမကိုယ်အတွင်းမှာ ရှိနေပြီး လိုအပ်တဲ့ အချွဲအကျိတွေကို ထုတ်ပေးနေတာပဲဖြစ်ပါတယ်။ အခုကင်ဆာဆဲပုံစံက အပေါ်ကဖော်ပြခဲ့တဲ့ Squamous လိုပဲ အဆုတ်နဲ့ သွေးဖြူဥအထုံးတွေကို ကူးစက်ပျံ့နှံ့နိုင်ပါတယ်။

ဒီလို ကင်ဆာဆဲလ်တွေဖြစ်ပွားစေနိုင်တဲ့ အပြုအမူတွေအများကြီး ရှိပါတယ်။ ဒါက ဒီလိုပုံစုံတွေ အခြေအနေတွေ ရှိနေရင် ကင်ဆာဖြစ်နိုင်တယ်လို့ ကြိမ်းသေပြောတာမဟုတ်ပင်မယ့် အခွင့်အလမ်း ရှိနိုင်တယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။

အကယ်၍ သင်က –

အသက် ၆၀ ကျော်နေခြင်း
HPV ဗိုင်းရစ်ရှိခြင်း (သို့) ကူးစက်ခံရဖူးခြင်း
ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေ သားအိမ်ခေါင်းအတွင်းရှိခဲ့ဖူးခြင်း (သို့) သားအိမ်ခေါင်းကင်ဆာရှိနေခြင်း
ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေ သားဥအိမ်အတွင်း ရှိခဲ့ဖူးခြင်း
သားအိမ်ကို ထိခိုက်စေနိုင်သည့် ခွဲစိတ်မှုမျိုး (ဥပမာ – သားအိမ်နဲ့ပတ်သက်၍ တစိတ်တပိုင်း ဒါမှမဟုတ် အားလုံး ခွဲစိတ်ထားဖူးခြင်း)
စတဲ့အခြေအနေတွေရှိရင် မွေးလမ်းကြောင်းကင်ဆာဖြစ်စေဖို့ အခွင့်အရေးရှိပါတယ်။

Sources: http://www.webmd.com/cancer/tc/vaginal-cancer-treatment-patient-information-nci-pdq-general-information-about-vaginal-cancer

Ask your question

Do you know the secret to great sex? Being and staying curious. Dr Deep and our team love to answer your questions.

Ask anonymously Open Facebook Messenger