fbpx

ထွေလာဆန်းပြား လိင်ဆောင်းပါး

ထွေလာဆန်းပြား လိင်ဆောင်းပါး အိမ်ထောင်ရေး အကြမ်းဖက်မှုတွေရဲ့ လက္ခဏာများ

ကိုဗစ်ကာလမှာ လူတော်တော်များများက ကပ်ရောဂါရဲ့ ရိုက်ခတ်မှုကြောင့် စားဝတ်နေရေး အခက်အခဲတွေ၊ အလုပ်လက်မဲ့ဖြစ်မှုတွေ စတဲ့အရာတွေကို ရင်ဆိုင်နေရတဲ့အခါမှာ ခုလို အိမ်တွင်းအောင်းနေရတာ ဖြစ်တဲ့အတွက် အိမ်တွင်းအကြမ်းဖက်မှုတွေ တိုးပွားလာကြောင်းကို Newmandala.org က စစ်တမ်းတွေအရ သိရှိပါတယ်။

ဒီတခေါက်မှာတော့ အိမ်ထောင်ရေးအကြမ်းဖက်မှုတွေမှာ အကျုံးဝင်ပြီး အဖြစ်များတဲ့ အကြမ်းဖက်မှု (၃) မျိုးကို သိလိုရာမေးက ပြောပြပေးသွားချင်ပါတယ်။

(၁) ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု

ဒါကတော့ အကြမ်းဖက်မှုလို့ပြောတဲ့အတိုင်း လူတိုင်းတွေးမိကြတဲ့ ပထမဦးဆုံးအရာတစ်ခုဖြစ်တဲ့ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပါပဲ။ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေမှာ တစ်ဦးနဲ့ တစ်ဦး ကိုယ်ထိလက်ရောက် ရိုက်နှက်တာ၊ အိမ်ထောင်ဖက်ကို မကျေနပ်လို့ သားသမီးတွေကို ရိုက်နှက်တာမျိုးတွေ၊ အိမ်ထောင်ပရိဘောဂတွေကို ဖျက်ဆီးပြီး လက်တွဲဖော်ကို အလန့်တကြားဖြစ်စေတာမျိုးတွေအပြင် တဖက်လူမလုပ်ချင်တဲ့ လုပ်ရပ်တစ်ခုခုကို အတင်းအဓမ္မခိုင်းစေတာမျိုးတွေတောင် ပါဝင်ပါတယ်။

(၂) စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု

တခါတလေမှာ အိမ်ထောင်ဖက်က ကိုယ့်အပေါ် ရုပ်ပိုင်းဆိုင်ရာ နာကျင်စေတာမျိုးမလုပ်ပေးမယ့်လဲ စိတ်ပိုင်းဆိုင်ရာအရ မကောင်းတဲ့လုပ်ရပ်တွေ လုပ်တာကလဲ အိမ်ထောင်ရေး အကြမ်းဖက်မှုတွေထဲမှာ ပါဝင်ပါတယ်။ ဉပမာ – ညစ်ညစ်ညမ်းညမ်းစကားတွေနဲ့ ဆဲရေးတိုင်းထွာမယ်၊ ကိုယ့်မိသားစုတွေနဲ့ အပေါင်းအသင်းတွေကို မကောင်းပြောမယ်၊ ကိုယ်သဘောမကျတဲ့ အပြောအဆို၊ အပြုအမူတွေကို အရွဲ့တိုက်လုပ်ပြီး စိတ်ဆင်းရဲအောင်လုပ်မယ်၊ တခြားသူတွေနဲ့ နှိုင်းယှဉ်ပြီး ပြောမယ် အစရှိသဖြင့် စိတ်ပိုင်းဆိုင်ရာကို ထိခိုက်နိုင်တဲ့ အရာမှန်သမျှက အကြမ်းဖက်မှုပါပဲ။

(၃) လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု

လင်နဲ့မယားဖြစ်လို့ သဘာဝအရ အတူနေခြင်းကိစ္စဆိုပေမယ့် တဖက်လူက သဘောတူညီမှုမရဘဲ အတင်းအဓမ္မ လိင်ပိုင်းဆိုင်ရာ စပ်ယှက်ခြင်းကလဲ အကြမ်းဖက်မှုမြောက်ပါတယ်။ ဒီအချက်ကတော့ အမျိုးသမီးတွေအဓိက ခံစားရတဲ့အချက်ဖြစ်ပြီး ကိုယ့်လိုအင်ဆန္ဒမပါဘဲ အိမ်ထောင်ဖက်က လိင်ဆက်ဆံမှုပြုမယ်၊ လိုတာထက်ပိုပြီး  ကြမ်းကြမ်းတမ်းတမ်း လိင်ဆက်ဆံတာမျိုးတွေနဲ့ ဓမ္မတာနည်းလမ်းကို ဆန့်ကျင်ပြီး လိင်ဆက်ဆံမှုပြုတာတွေအားလုံးက အိမ်တွင်းမှာ ဖြစ်ပျက်လေ့ရှိတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေပါပဲ။

ဒီသုံးမျိုးကတော့ နေ့စဉ်နဲ့အမျှ ကမ္ဘာနဲ့တဝန်းမှာ တွေ့ကြုံရလေ့ရှိတဲ့ အကြမ်းဖက်မှု (၃) မျိုးဖြစ်ပြီး သင် ဒါမှမဟုတ် သင့်ပတ်ဝန်းကျင်က တစ်ယောက်ယောက်က အထက်ပါ အကြမ်းဖက်မှုတွေထဲက တစ်မျိုးမျိုးကို ရင်ဆိုင်နေရတယ်ဆိုရင်တော့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့ကိုလည်း အောက်ပါအရေးပေါ်ဖုန်းနံပါတ်များအတိုင်း ဆက်သွယ်အကြောင်းကြားနိုင်ပါတယ်။

လူမှုဝန်ထမ်းဦးစီးဌာန နံပါတ်များ – ၀၆၇ – ၃၄၀၄၂၂၂၊ ၀၆၇ – ၃၄၀၄၉၉၉

Facebook Comments
Public Comments

Sex topics

searchဆက်လက်ရှာဖွေမည်

မေးခွန်းမေးရန်

သာယာမှုအထွတ်အထိပ် လိင်ဆက်ဆံခြင်းရဲ့ သော့ချက်တွေကဘာလဲ? သင့်ရဲ့စူးစမ်းရှာဖွေလိုမှုတွေကိုဖြေဆိုဖို့ ဒေါက်တာဒိနဲ့ ကျွန်မတို့အဖွဲ့က ဖြေဆိုဖို့ အသင့်ရှိပါတယ်

အမည်မဖော်ပဲမေးရန် ဖေ့ဘုတ်ပေ့ချ်တွင်မေးရန်

ထုတ်ကုန်များ

© ၂၀၁၈ ဒီကေတီ မှ မူပိုင်ခွင့်များရယူပြီးဖြစ်သည်။ သိလိုရာမေးသည် သတင်းအချက်အလက်နှင့် ပညာပေးစာမျက်နှာသက်သက်ဖြစ်ပြီး ဆေးဝါးနှင့်ကုသမှုဆိုင်ရာ ညွှန်းဆိုခြင်းများ မပြုပါ။