fbpx

ဒေါက်တာဒိအားမေးရန်

ဒေါက်တာဒိအားမေးရန် ကိုရိုနာဗိုင်းရပ်စ် (covid – 19) နှင့်ပတ်သက်သည့် ယုံတမ်းများ

အခုအခါ ကိုရိုနာဗိုင်းရပ်စ်ရောဂါဟာ ကမ္ဘာတဝန်းက နောက်ထပ်နိုင်ငံတွေကို ကူးစက်ပြန့်ပွားလာနေပြီး လောလောဆယ် ကုစရာဆေး မတွေ့သေးပါဘူး။ ဒါပေမဲ့လည်း ရောဂါပျောက်ဖို့ ဘာလုပ်သင့်တယ်၊ ဘာစားသင့်တယ် ဆိုတဲ့ အကြံပေးချက်တွေကတော့ လူတွေအကြား ပျံ့နှံ့ထွက်ပေါ်နေပါတယ်။

ယုံတမ်း (၁) ကိုရိုနာဗိုင်းရပ်စ် (covid – 19) ကအသက်ကြီးသူတွေအတွက်သာ အန္တရယ်ရှိနိုင်ပြီး ငယ်ရွယ်သူတို့ စိုးရိမ်းဖို့ မလိုအပ်ပါ။

ပထမဆုံး ပြောချင်တာက ကိုရိုနာဗိုင်းရပ်စ် (covid – 19) က အသက်အရွယ်မရွေးကူးစက်နိုင်ပါတယ်။ ပန်းနာ၊ ဆီးချိုနဲ့ နှလုံရောဂါ စတဲ့ နာတာရှည်ရောဂါရှိတဲ့သူတွေက သာမန်လူတွေထက် ပိုပြီး အန္တရယ်များပါတယ်။ ဒေါက်တာဒိအနေနဲ့ ပြောချင်တာတော့ “ကိုရိုနာဗိုင်းရပ်စ် (covid – 19) ဆိုတာ အသက်အရွယ်မရွေး ကူးစက်နိုင်တယ်။ အသက်ကြီးသူတွေ ကိုယ်ခံအားနည်းသူတွေ ပိုပြီး ဂရုစိုက်သင့်တယ်။ အသက် ၂၀ ၊ ၃၀ တန်းတွေလည်း ကူးစက်ခံနေရတာကို တွေ့ရပါတယ်”

 

ယုံတမ်း (၂) ကိုရိုနာဗိုင်းရပ်စ် (covid – 19) က ရာသီဥတုပူရင် ပိုးတွေ မရှင်သန်နိုင်လို့ မကူးစက်နိုင်တော့ဘူး။

ဒီယုံတမ်းက Facebook အသုံးပြုတဲ့သူတွေ တော်တော်များများ သိထားတဲ့ နားလည်မှု အလွဲဖြစ်တယ်လို့ ပထမဆုံးပြောချင်ပါတယ်။ လက်ရှိ သက်သေသာဓကတွေအရတော့ ကိုရိုနာဗိုင်းရပ်စ် (covid – 19) က ပူပြင်းခြောက်သွေ့တဲ့ မြန်မာနိုင်ငံလို့ ရာသီဥတုမျိုး အပါအဝင် မည်သည့်ရာသီဥတုမျိုးမှာမဆို နေရာအားလုံးနီးပါး ရှင်သန်ကူးစက်နိုင်တယ်ဆိုတာပါ။ ဒီပိုးက နေရောင်ခြည်နဲ့ ထိရင် သေတယ်။ အပူချိန်အရမ်းမြင့်ရင် သေတယ်ဆိုတဲ့ သတင်းတွေက မမှန်ပါဘူး။ အဓိကက လက်ဆေးဖို့ နဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတာတွေကို အတိအကျ လိုက်နာဖို့ပါပဲ။

 

ယုံတမ်း (၃) ကြက်သွန်ဖြူ၊ဂျင်း၊ အရက် စတာတွေကို သောက်သုံးရင် ကိုရိုနာဗိုင်းရပ်စ် (covid – 19) မကူးစက်နိုင်ဘူး။

ကြက်သွန်ဖြူနဲ့ ဂျင်းက လူ့ခန္ဓာကိုယ်အတွက် ကောင်းမွန်တဲ့ အန်တီအောက်ဆီဒန့်တွေ ပါဝင်တာမှန်ပါတယ်။ မည်သို့ပင်ဖြစ်စေ ဒါတွေကို စားလို့ ကိုရိုနာဗိုင်းရပ်စ် (covid – 19) ကို မကူးစက်စေဘူး ဒါမှမဟုတ် ကာကွယ်ပေးနိုင်တယ်ဆိုတဲ့ သက်သေပြချက် လောလောဆယ်ထိ မရှိသေးပါဘူး။ အလွန်အကျွံမစားသင့်ပါ။ ဒါကို ကုသဖို့ လောလောဆယ်ဆေးမရှိသေးသလို ဆရာခိုလိမ်းလို့လည်း မပျောက်ကင်းနိုင်ပါဘူး။ နောက်ပြီး အရက်က ပိုးသေစေတယ် ကိုရိုနာဗိုင်းရပ်စ် (covid – 19) ကူးစက်ဖို့ ခက်ခဲတယ်ဆိုတာကတော့ အရက်ကြိုက်တဲ့သူတွေရဲ့ ထွင်လုံးသာဖြစ်ပါလိမ့်မယ်။ အရက်မူးနေရင် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချဖို့ တောင် ပိုလို့ ခက်ခဲနိုင်ပါတယ်။ ဝမ်းနည်ဖို့ကောင်းတာက Methylated spirit(အရက်ပျံ), Handgel(လက်သန့်ဆေးရည်) စသည်တို့မှာပါဝင်တဲ့ alcohol ကသာ ပိုးသေစေနိုင်တာဖြစ်လို့ပါ။

 

ယုံတမ်း (၄) ရေကို ၁၅ မိနစ်တစ်ကြိမ်သောက်တာ ရေနွေးနဲ့ ရေချိုးပေးတာက ကိုရိုနာဗိုင်းရပ်စ် (covid – 19) ကို ကာကွယ်ပေးနိုင်တယ်။

Facebook ပေါ်က လူတော်တော်များများ မျှဝေတဲ့ ပိုစ့်တစ်ခုမှာဆိုရင် ပါးစပ်ကနေ ဝင်လာတဲ့ ပိုးကို ခန္ဓာကိုယ်တွင်းထည့်ကျစေပြီး အစာအိမ်ထဲက အက်စစ်နဲ့ တွေ့ရင် ပိုးသေစေနိုင်လို့ ရေကို ၁၅ မိနစ်တစ်ခါသောက် အာခြောက်အောင်မနေနဲ့ ဆိုတာပါ။ လေကနေ တဆင့် ကူးစက်တဲ့ ဗိုင်းရပ်စ်ပိုးတွေဟာ အသက်ရှူလိုက်တဲ့အခါ အသက်ရှူလမ်းကြောင်းကနေတဆင့် ကိုယ်ခန္ဓာထဲ ဝင်သွားတာပါ။ တချို့ဗိုင်းရပ်စ်ပိုးတွေက ပါးစပ်ထဲ ဝင်သွားကောင်း ဝင်သွားနိုင်ပါတယ်။ ရေအဆက်မပြတ် သောက်နေရင်တောင် ဗိုင်းရပ်စ်ပိုး မကူးအောင် တားဆီးနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ရေများများသောက်ပြီး ခန္ဓာကိုယ်ထဲမှာ ရေဓာတ် ရှိနေအောင် ထိန်းထားတာကတော့ ပျှမ်းမျှအားဖြင့် ပြောရရင် ကောင်းမွန်တဲ့ ကျန်းမာရေး အကြံပေးချက် ဖြစ်ပါတယ်။ နွေရာသီမှာ တုတ်ကွေးဗိုင်းရပ်စ်ပိုး ခန္ဓာကိုယ်ပြင်ပမှာ ကောင်းကောင်း မရှင်သန်နိုင်ဘူး ဆိုတာကို သိထားကြပေမဲ့ ဒီကိုရိုနာဗိုင်းရပ်စ်ပိုးအပေါ် အပူဒဏ်က ဘယ်လောက် ရိုက်ခတ်နိုင်စွမ်း ရှိသလဲ ဆိုတာကိုတော့ မသိကြသေးပါဘူး။ ဗိုင်းရပ်စ်ပိုး မနေနိုင်အောင်ဆိုပြီး ခန္ဓာကိုယ်ကို ပူအောင် လုပ်တာ ဒါမှမဟုတ် နေပူစာလှုံတာမျိုးက ထိရောက်နိုင်မှာ မဟုတ်ပါဘူး။

 

ယုံတမ်း (၅) mask တပ်ထားရင် အပြည့်အဝ စိတ်ချရလို့ လူတိုင်းတပ်သင့်တယ်။

ပထမဆုံးပြောချင်တာက Mask ကိုလူတိုင်းတပ်ဖို့ ထောက်ခံချက်မပေးပါဘူး။ ကျန်းမာရေးစောင့်ရှောက်မှုပေးသူတွေ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူတွေအပြင် လူအများနဲ့ ထိတွေ့မှုရှိနေတဲ့သူတွေ ဥပမာ – ဧည့်ကြိုဝန်ထမ်း၊ လုံခြုံရေးဝန် စတဲ့သူတွေသာ တပ်ဖို့ လိုပါတယ်။ မလိုအပ်ပဲ mask တွေဝယ်တာက တကယ်လိုတဲ့သူတွေ သုံးဖို့ ပစ္စည်းပြတ်လတ်မှုတွေ ဖြစ်စေနိုင်ပြီး။ မှန်ကန်တဲ့နည်းလမ်းနဲ့ မတပ်ရင် ပိုပြီး ရောဂါကူးစက်နိုင်ချေပိုများပါတယ်။ မြန်မာနိုင်ငံမှာ အသုံးများတဲ့ ခွဲစိတ်ခန်းသုံး mask တွေက တစ်ခါသုံးဖြစ်လို့ ထပ်ခါထပ်ခါ သုံးလို့မရပါဘူး။ နောက်​ပြီး စွန့်ပစ်တဲ့အခါမှာ စနစ်တကျ စွန့်ပစ်ဖို့ လိုအပ်ပါတယ်။

တပ်နည်း :
(၁) mask မတပ်ခင် လက်ကိုဆပ်ပြာနဲ့ သေချာစွာဆေးကြောပါ
(၂) Mask ရဲ့ အရောင်ပါတဲ့ခြမ်းကို အပြင်ဖက်၊ အဖြူရောက်ဖက်ခြမ်းကို အတွင်းဖက်ကို ထားပြီး တပ်ဆင်ပေးပါ (ဒီလိုနည်းကသာ အမှန်ဖြစ်ပါတယ်၊ တခြားဘယ်လိုတပ်နည်းမျိုးကိုမှ မယုံကြဖို့ ပြောချင်ပါတယ်)
(၃) mask ရဲ့ အပေါ်ဖက်ခြမ်း၊ နှာခေါင်းနေရာမှာရှိတဲ့ သတ္တုချောင်းလေးကို မျက်နှာနဲ့ အံဝင်ခွင်ကျဖြစ်အောင် ဖိလိုက်ပါ
(၄) ပိုမိုလုံခြုံအောင် မေးစေ့နေရာအထိ ဆွဲပြီး အုပ်လိုက်ပါ

ချွတ်နည်း :
(၁) Mask ရဲ့ လက်ကိုင်နေရာကနေကိုင်ပြီး mask ရဲ့ မျက်နှာပြင်ကိုမထိဘဲ ချွတ်ပါ
(၂) အမှိုက်ပုံးထဲကို ဂရုတစိုက်ထည့်ပါ
(၃)လက်ကို ဆပ်ပြာနဲ့ သေချာပြန်လည်ဆေးကြောပါ ။

Facebook Comments
Public Comments

Sex topics

searchဆက်လက်ရှာဖွေမည်

မေးခွန်းမေးရန်

သာယာမှုအထွတ်အထိပ် လိင်ဆက်ဆံခြင်းရဲ့ သော့ချက်တွေကဘာလဲ? သင့်ရဲ့စူးစမ်းရှာဖွေလိုမှုတွေကိုဖြေဆိုဖို့ ဒေါက်တာဒိနဲ့ ကျွန်မတို့အဖွဲ့က ဖြေဆိုဖို့ အသင့်ရှိပါတယ်

အမည်မဖော်ပဲမေးရန် ဖေ့ဘုတ်ပေ့ချ်တွင်မေးရန်

ထုတ်ကုန်များ

© ၂၀၁၈ ဒီကေတီ မှ မူပိုင်ခွင့်များရယူပြီးဖြစ်သည်။ သိလိုရာမေးသည် သတင်းအချက်အလက်နှင့် ပညာပေးစာမျက်နှာသက်သက်ဖြစ်ပြီး ဆေးဝါးနှင့်ကုသမှုဆိုင်ရာ ညွှန်းဆိုခြင်းများ မပြုပါ။