fbpx

ထွေလာဆန်းပြား လိင်ဆောင်းပါး

ထွေလာဆန်းပြား လိင်ဆောင်းပါး ပါးပေမယ့် လုံးဝစိတ်ချရတဲ့ Kiss Silky Thin Condom

ကိုဗစ်ပြီးဖို့ လက်ချိုးရေတွက်နေတဲ့ ဝေလင်းတစ်ယောက်၊ လမ်းထိပ်ကို လက်ဖက်ရည်ပါဆယ် ထွက်ဝယ်ရင်း သူ့လိုပဲ လက်ဖက်ရည်ဆိုင်မှာ ပါဆယ်လာဆွဲတဲ့ သူငယ်ချင်း လင်းဝေကို တွေ့တယ်။

ဝေလင်း – ဟာ လင်းဝေ

လင်းဝေ – အေး ဝေလင်း ဘာလာလုပ်

ဝေလင်း – လက်ဖက်ရည်ပါဆယ်လာဝယ်တာလေ။ ဆိုင်ထိုင်မှ မရတာကိုး။ မင်းရော … ငါ့လိုပဲလား။

လင်းဝေ – အေးပေါ့ကွာ ..

ဝေလင်း – အိုကေ၊ ငါ မင်းနဲ့တွေ့တာ အတော်ပဲ .. ပြန်ရင် တူတူပြန်ရအောင်၊ မေးစရာလေးတွေရှိလို့။

လင်းဝေ – အိုကေပါ ..

 

(လက်ဖက်ရည်ပါဆယ်များဆွဲလျက် သူငယ်ချင်းနှစ်ယောက်အပြန်လမ်းတွင်) ..

ဝေလင်း – ငါ ကိုဗစ်ပြီးဖို့ လက်ချိုးရေတွက်နေတာကွ

လင်းဝေ – အဲ့ဒါတစ်ကမ္ဘာလုံးပဲလေကွ။ မင်း အဆန်းလုပ်လို့

ဝေလင်း – မသိဘူးကွာ၊ ငါ စော်နဲ့ ဟိုတယ်သွားချင်နေပြီ။ ဒီလို .. ဟိုနေ့ကတွေ့တာ ပြောပြမယ် သူငယ်ချင်း။ ကွန်ဒုံးက အပါးစားတဲ့။ ပါးတော့ လုပ်ရင် ရှယ်မိပြီပေါ့။ ငါ့ကောင်မလေးအိမ်က ကိုဗစ်ကာလ အပြင်ပေးမထွက်ဘူးလေ ..  အာ့မို့ ငါကိုဗစ်ပြီးစေချင်တာ။

လင်းဝေ – ဟာဟ .. ဟုတ်ပါပြီကွာ။ ဒါနဲ့ မင်းတွေ့တဲ့ကွန်ဒုံးအပါးဆိုတာက စိတ်ချရရဲ့လား။ ပေါက်ပြဲတာတွေရှိနေမှ ခက်မယ်။

ဝေလင်း – အေး ငါလည်းတွေးမိပါတယ်။ နည်းနည်းတော့ ထိန်းလှုပ်ရှားရမယ်ထင်တယ် ဟီး ..

လင်းဝေ – ဟာ စော်နဲ့ဒချိပါတယ်ဆိုမှ ထိန်းလှုပ်ရှားနေမယ်ဆိုမှ ဘာအရသာရှိမတုန်း။ ပါးပေမယ့် စိတ်ချရမယ့် ကွန်ဒုံးမျိုးစွတ်ပြီး လှုပ်ရှားပေါ့ကွ…

ဝေလင်း – ပါးတာတော့ ဟုတ်ပါပြီ။ စိတ်ချရတာနဲ့ စိတ်မချရတာ ဘယ်လိုခွဲမလဲ?

လင်းဝေ – polyurethane ကွန်ဒုံးတွေက သိပ်ပါးရင် စိတ်မချရဘူး၊ ပေါက်တတ်တယ်။ natural latex ကွန်ဒုံးကို သုံး။ စိတ်ချရတယ် ..

ဝေလင်း – မင်းပြောတဲ့ natural latex ကွန်ဒုံးဆိုတာမှာ အပါးစားရှိလို့လား။

လင်းဝေ – ရှိတာပေါ့ကွ .. Kiss Silky Thin ဆိုတာ … ပါးလည်းပါးတယ်။ ပေါက်ဖို့ ပြဲဖို့လည်း စိတ်မပူရဘူး။

ဝေလင်း – ဟာ တယ်ဟုတ်ပါလား။ ငါရှာနေတာနဲ့ ကွက်တိပဲ ..

လင်းဝေ – ဒီလိုပဲ ဖြစ်နေရမယ်လေ

ဝေလင်း – ဘာတဲ့  .. Kiss ?

လင်းဝေ – Kiss Silky Thin .. Silky Thin ဆိုမှ ပါးလား မပါးလား တွေးကြည့်ပေါ့ကွာ၊ ပြီးတော့ natural latex ကွန်ဒုံးအမျိုးအစားဖြစ်တော့ – polyurethane ကွန်ဒုံးတွေလို သိပ်ပါးတဲ့အခါ ပေါက်ပြဲတဲ့ကိစ္စမျိုးဖြစ်မှာ စိတ်မပူရဘူး။

ဝေလင်း – အကြိုက်ဝုန်းလို့ ရပြီပေါ့။

လင်းဝေ – ဟုတ်တာပေါ့ကွာ … Kiss Silky Thin ကွန်ဒုံးက ပါးပေမယ့် စိတ်ချလက်ချနဲ့ ဝုန်းစမ်းပဲ သူငယ်ချင်း။ ကဲ ငါ့အိမ်နားလည်းရောက်တော့မယ်။ နောက်မှတွေ့မယ် ..

ဝေလင်း – ကျေးဇူးပဲ လင်းဝေရေ .. ကိုဗစ်ပြီးရင် ဝေလင်းတစ်ယောက် Kiss Silky Thin နဲ့ အချစ်လေးကိုခေါ်ပြီး ဝုန်းပြီပဲ .. တာ့တာ သူငယ်ချင်း။

Facebook Comments
Public Comments

Sex topics

searchဆက်လက်ရှာဖွေမည်

မေးခွန်းမေးရန်

သာယာမှုအထွတ်အထိပ် လိင်ဆက်ဆံခြင်းရဲ့ သော့ချက်တွေကဘာလဲ? သင့်ရဲ့စူးစမ်းရှာဖွေလိုမှုတွေကိုဖြေဆိုဖို့ ဒေါက်တာဒိနဲ့ ကျွန်မတို့အဖွဲ့က ဖြေဆိုဖို့ အသင့်ရှိပါတယ်

အမည်မဖော်ပဲမေးရန် ဖေ့ဘုတ်ပေ့ချ်တွင်မေးရန်

ထုတ်ကုန်များ

© ၂၀၁၈ ဒီကေတီ မှ မူပိုင်ခွင့်များရယူပြီးဖြစ်သည်။ သိလိုရာမေးသည် သတင်းအချက်အလက်နှင့် ပညာပေးစာမျက်နှာသက်သက်ဖြစ်ပြီး ဆေးဝါးနှင့်ကုသမှုဆိုင်ရာ ညွှန်းဆိုခြင်းများ မပြုပါ။