fbpx

ထွေလာဆန်းပြား လိင်ဆောင်းပါး

ထွေလာဆန်းပြား လိင်ဆောင်းပါး မိန်းမိန်းတို့အတွက် ချစ်ခင်ပွန်းကို ရိုနည်းလမ်းညွှန်

ခုလိုကိုဗစ်ကာလမှာ ကျွန်တော်တို့အားလုံး တနေ့ထက်တနေ့ အခက်အခဲကို အတူရင်ဆိုင်နေကြရတယ်ဆိုပေမယ့်လဲ အရင်ကထက် ကျွန်တော်တို့ ချစ်တဲ့သူတွေနဲ့ အချိန်တွေအတူကုန်ဆုံးဖို့ အခွင့်အရေးတွေ ရတယ်ဆိုတာက အဆိုးထဲက အကောင်းတစ်ခုပါပဲ။

အရင်တခေါက်က အိမ်ထောင်သည်အမျိုးသားတွေ ကိုယ့်ရဲ့ အိမ်သူသက်ထားဇနီးမယားကို ရိုနည်းလေးတွေကို ပြောပြပြီးသွားပြီဆိုတော့ကာ ဒီတခေါက်မှာတော့ အိမ်တွင်းပုန်းနေရတဲ့ အိမ်ထောင်ရှင်မတွေအနေနဲ့ ဒီကာလမှာ ကိုယ့်ရဲ့ ချစ်ခင်ပွန်းကို ရိုလို့ရမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) နှလုံးသားချင်းနီးအောင် အထာကျကျ ရိုမယ်…

အိမ်ထောင်ဦးစီး ယောကျာ်းတွေရဲ့သဘောကိုက သူတို့လုပ်ငန်းခွင်မှာ အဆင်မပြေမှုတွေ ဒါမှမဟုတ် စီးပွားရေးအခက်အခဲတွေကြုံလာခဲ့ရင် ဘယ်လောက်ပဲ ခက်ခဲပင်ပန်းနေပါစေ ကိုယ့်မိန်းမနဲ့ သားသမီးတွေကို ရင်ဖွင့်ပြောပြဖို့ ရာနှုန်းနည်းပြီး သူတို့ဘာသာ သူတို့ပဲ ကြိတ်ခံစားတတ်တဲ့ သဘာဝရှိပါတယ်။ ဒီတော့ လင်နဲ့မယားဆိုတာ အေးအတူပူအမျှ အရာအားလုံးကို ရင်ဆိုင်ဖို့ဖြစ်တဲ့အတွက် သင့်ယောကျာ်းကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ ပြဿနာတွေကို ဖွင့်ပြောပြဖို့ တိုက်တွန်းပါ၊ ဘယ်လို အခြေအနေပဲ ရောက်နေပါစေ အားလုံးအဆင်ပြေသွားမယ့်အကြောင်း အားပေးစကားပြောပေးပါ။ ကိုယ်ကူညီလို့ရမယ့်အခြေအနေမျိုးဆိုရင်လဲ ရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပေးဖို့ မမေ့ပါနဲ့… တခါတလေမှာ သူတို့လဲ အားငယ်တတ်ပါတယ်။

(၂) အပြုအစု အယုအယနဲ့ ရိုမယ်

အမျိုးသမီးထုကြီးအနေနဲ့ ကိုဗစ်ကာလမှာ ခံစားရတဲ့ စိတ်ဖိစီးမှုတွေ၊ အခက်အခဲတွေကို ခဏမေ့ထားပြီး လက်ခံသင့်တာတစ်ခုကတော့ တအိမ်တည်းမှာ အန္တရာယ်ကင်းကင်းနဲ့ ကိုယ့်ယောကျာ်းနဲ့ အတူရှိနေနိုင်တာလဲ ကံကောင်းမှုတစ်ခု ဆိုတာပါပဲ။ ဒီအချိန်ကာလကို အခွင့်ကောင်းယူပြီး အမျိုးသမီးတွေလဲ ကိုယ့်ယောကျာ်းကို ရိုဖို့ ဂွင်ကောင်းကောင်းဖန်တီးလို့ရပါတယ်။ လောကကြီးမှာ တဖက်လူရဲ့ ဂရုစိုက်မှု၊ အကြင်အနာ အယုအယကို မကြိုက်တဲ့လူဆိုတာ မရှိသလောက်ဖြစ်တဲ့ထဲမှာ ယောကျာ်းတွေက ပိုလို့တောင်ဆိုးပါသေးတယ်။ ဒီတော့ သင့်ယောကျာ်းကို သမားရိုးကျ Morning Kiss လေးပေးတာ၊ ပွေ့ဖက်ပေးတာ၊ ဇက်ကြောဇွဲ နင်းနှိပ်ပေးတာမျိုးအပြင် အိပ်ရာပေါ်မှာ ကိုယ့်ချစ်ချစ်ကို ပြုစုပေးလို့ရပါတယ် ချိမတို့…

(၃) အစားအသောက် နဲ့ ရိုမယ်…

ဟုတ်ပါတယ်။ ယောကျာ်းတွေရဲ့ နှလုံးသားကို ဟင်းလျာကောင်းကောင်းနဲ့ သိမ်းပိုက်နိုင်တယ်ဆိုတဲ့ အဆိုရှိပါတယ်။ ယောကျာ်းတွေအတွက် အရင်ချိန်တွေတုန်းကလို အပြင်မှာ ဘယ်လောက်ပဲ အပေါင်းအသင်းနဲ့ စားစားသောက်သောက် နေနေ၊ အချိန်တန်ရင် ကိုယ့်ဇနီးမယားက ချက်ပြုတ်ကျွေးမွေးတဲ့ အိမ်ထမင်း၊ အိမ်ဟင်းကို တမ်းတတတ်ကြပါတယ်။ ခုလို အချိန်ကာလမျိုးလို အပြင်လဲ ထွက်စားလို့မရ၊ အိမ်ကို မှာစားရင်လဲ စိတ်မချရ ဆိုတဲ့အခြေအနေမျိုးမှာ မိန်းမိန်းတို့အနေနဲ့ ကိုယ့်ဟင်းချက်လက်ရာကို ပြသဖို့ အချိန်ကောင်းပါပဲ။ ဒီတော့ အိမ်က ကျားကျားကြိုက်လောက်မယ့် အစားအသောက်တွေကို ချက်ပြုတ်ပြီး သူ့ကို တဝကြီး ချက်ပြုတ်ကျွေးမွေးပြီး အိမ်ရှင်မဆန်ဆန် ရိုလို့ရပါတယ်။

ကဲ ဒီ (၃) နည်းကတော့ မိန်းမိန်းတို့အနေနဲ့ ကိုယ့်အိမ်ထောင်ဦးစီး ကျားကျားကို အိမ်တွင်းပုန်းတာ အကြောင်းပြ ဂွင်ဆင်ပြီး ရိုလို့ရမယ့်ဒီနည်း (၃) နည်းကို အသုံးချပြီး ကျားကျားချစ်တဲ့ မိန်းမိန်းတွေ ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ…

Facebook Comments
Public Comments

Sex topics

searchဆက်လက်ရှာဖွေမည်

မေးခွန်းမေးရန်

သာယာမှုအထွတ်အထိပ် လိင်ဆက်ဆံခြင်းရဲ့ သော့ချက်တွေကဘာလဲ? သင့်ရဲ့စူးစမ်းရှာဖွေလိုမှုတွေကိုဖြေဆိုဖို့ ဒေါက်တာဒိနဲ့ ကျွန်မတို့အဖွဲ့က ဖြေဆိုဖို့ အသင့်ရှိပါတယ်

အမည်မဖော်ပဲမေးရန် ဖေ့ဘုတ်ပေ့ချ်တွင်မေးရန်

ထုတ်ကုန်များ

© ၂၀၁၈ ဒီကေတီ မှ မူပိုင်ခွင့်များရယူပြီးဖြစ်သည်။ သိလိုရာမေးသည် သတင်းအချက်အလက်နှင့် ပညာပေးစာမျက်နှာသက်သက်ဖြစ်ပြီး ဆေးဝါးနှင့်ကုသမှုဆိုင်ရာ ညွှန်းဆိုခြင်းများ မပြုပါ။