fbpx

ဒေါက်တာဒိအားမေးရန်

ဒေါက်တာဒိအားမေးရန် ကွန်ဒုံးနဲ့ အရေးပေါ်တားဆေးဆိုတာ

ကွန်ဒုံးနဲ့ အရေးပေါ်သားဆက်ခြားသောက်ဆေးဆိုတာက ခုခေတ်မှာ လူတိုင်းနဲ့ မစိမ်းတဲ့ သားဆက်ခြားနည်းလမ်းတွေပဲဖြစ်ပြီး ကိုယ်ဝန်မရအောင် သားဆက်ခြားပေးတာချင်းအတူတူပေမယ့် ကွန်ဒုံးနဲ့ အရေးပေါ်သောက်ဆေးနဲ့ ပက်သက်လို့ လူတိုင်းသိထားသင့် အချက်တွေလဲ ရှိပါသေးတယ်။

ကွန်ဒုံး

  • ပထမဦးဆုံးအနေနဲ့ Kiss နဲ့ Mojo တို့လို ကွန်ဒုံးဆိုတာကတော့ လိင်မဆက်ဆံခင်မှာ မလိုလားအပ်တဲ့ ကိုယ်ဝန်နဲ့ လိင်ကူးစက်ရောဂါတွေမဖြစ်စေဖို့ အမျိုးသားရဲ့ လိင်တံမှာ စွပ်ရတဲ့ အကာအကွယ်ပစ္စည်းတစ်ခုပါပဲ။
  • ထိရောက်မှုအနေနဲ့ အမျိုးသားသုံးကွန်ဒုံးတွေဟာ မှန်မှန်ကန်ကန်သာ စနစ်တကျအသုံးပြုမယ်ဆိုရင် ၉၈ ရာခိုင်နှုန်းထိ ကိုယ်ဝန်တားထားနိုင်စွမ်းရှိပါတယ်။
  • ကွန်ဒုံးတွေကို ရာဘာစေး၊ ပလက်စတစ်၊ သိုးသားရေနဲ့ ပြုလုပ်တတ်ကြပြီး စေျးကွက်ထဲမှာ အများဆုံးရှိတာကတော့ ရာဘာစေးနဲ့ ပြုလုပ်ထားတဲ့ ကွန်ဒုံးတွေပါပဲ..
  • စေျးကွက်ထဲမှာတော့ ကွန်ဒုံးတွေကို အနံ့မျိုးစုံနဲ့ ရနိုင်ပြီး စေျးသက်သာတဲ့ သားဆက်ခြားနည်းလမ်းတစ်မျိုးဖြစ်ပါတယ်။

အရေးပေါ်သားဆက်ခြားသောက်ဆေး

  • အများသိကြတဲ့ Lydia 1Safe Pill လိုမျိုး အရေးပေါ်သားဆက်ခြားသောက်ဆေးကတော့ အကာအကွယ်မဲ့ လိင်ဆက်ဆံပြီတဲ့နောက်မှာ ကိုယ်ဝန်မရရှိအောင် အမျိုးသမီးတွေ သောက်သုံးရတာဖြစ်ပါတယ်။
  • အရေးပေါ်သောက်ဆေးတွေမှာတော့ Levonorgestrel ဆိုတဲ့ ဟော်မုန်းတစ်မျိုးပါဝင်ပါတယ်။
  • အမျိုးသမီးတွေအနေနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံပြီး စောနိုင်သမျှ စောစောသောက်ရင်တော့ ကိုယ်ဝန်တားပေးနိုင်စွမ်းများပါတယ်။
  • နှစ်လုံးပါ အရေးပေါ်သောက်ဆေးဆိုရင်တော့ တစ်လုံးနဲ့ တစ်လုံး ၁၂ နာရီခြားပြီး သောက်ရမှာဖြစ်ပါတယ်။
  • ဟော်မုန်းပါတဲ့အတွက် မအီမသာဖြစ်တာ၊ ခေါင်းကိုက်တာဖြစ်နိုင်ပြီး ဆေးသောက်ပြီး ၂ နာရီအတွင်းမှာ ပြန်အန်မယ်ဆိုရင်တော့ နောက်တစ်လုံးထပ်သောက်ရမှာဖြစ်ပါတယ်။
  • အရေးပေါ်သားဆက်ခြားသောက်ဆေးကို တစ်လမှာ လေးကြိမ်ထက် ပိုမသောက်သင့်သလို နေ့စဉ်ပုံမှန်မသောက်သင့်ပါဘူး။

ကွာခြားချက်

လိင်ဆက်ဆံတဲ့အခါမှာ ကွန်ဒုံးသုံးမယ်ဆိုရင်တော့ မလိုလားအပ်တဲ့ ကိုယ်ဝန်သာမက လိင်မှတဆင့် ကူးစက်နိုင်တဲ့ STIs လိုရောဂါတွေကို ကာကွယ်ပေးနိုင်စွမ်းရှိပြီး အရေးပေါ် သားဆက်ခြားသောက်ဆေးကတော့ ကိုယ်ဝန်ရနှုန်းကနေပဲ တားဆီးပေးနိုင်တာဖြစ်ပါတယ်။

Facebook Comments
Public Comments

Sex topics

searchဆက်လက်ရှာဖွေမည်

မေးခွန်းမေးရန်

သာယာမှုအထွတ်အထိပ် လိင်ဆက်ဆံခြင်းရဲ့ သော့ချက်တွေကဘာလဲ? သင့်ရဲ့စူးစမ်းရှာဖွေလိုမှုတွေကိုဖြေဆိုဖို့ ဒေါက်တာဒိနဲ့ ကျွန်မတို့အဖွဲ့က ဖြေဆိုဖို့ အသင့်ရှိပါတယ်

အမည်မဖော်ပဲမေးရန် ဖေ့ဘုတ်ပေ့ချ်တွင်မေးရန်

ထုတ်ကုန်များ

© ၂၀၁၈ ဒီကေတီ မှ မူပိုင်ခွင့်များရယူပြီးဖြစ်သည်။ သိလိုရာမေးသည် သတင်းအချက်အလက်နှင့် ပညာပေးစာမျက်နှာသက်သက်ဖြစ်ပြီး ဆေးဝါးနှင့်ကုသမှုဆိုင်ရာ ညွှန်းဆိုခြင်းများ မပြုပါ။