Viber Community
https://bit.ly/33PKFZ9
Call Thiloyarmay
09894777262
Facebook Group
https://bit.ly/2KKaAtF
Email Thiloyarmay
[email protected]

ထွေလာဆန်းပြား လိင်ဆောင်းပါး

ထွေလာဆန်းပြား လိင်ဆောင်းပါး, နက်နက်ရှိုင်းရှိုင်းလေ့လာမယ် : ကုန်းဘောင်ခေတ်ကာမစပ်ယှက်နည်းများ

ကုန်းဘောင်ခေတ် နန်းတွင်းတွင် အသုံးပြုသော ကာမစပ်ယှက်နည်းများကို ပုရပိုဒ်ဖြင့် မှတ်တမ်း တင်ထားခဲ့သည်။ မင်းတုန်းမင်း လက်ထက်တွင် မှတ်တမ်းတင်ထားခဲ့သည်ဟု ယူဆရသည်။

ကုန်းဘောင်ခေတ် နန်းတွင်းတွင် အသုံးပြုသော ကာမစပ်ယှက်နည်းများကို ပုရပိုဒ်ဖြင့် မှတ်တမ်း တင်ထားခဲ့သည်။ မင်းတုန်းမင်း လက်ထက်တွင် မှတ်တမ်းတင်ထားခဲ့သည်ဟု ယူဆရသည်။ ထိုပုရပိုဒ် မူရင်းကို ရန်ကုန်တက္ကသိုလ် (ပင်မ) စာကြည့်တိုက်တွင် ယနေ့ထက်တိုင် သိမ်းဆည်းထားသည်။ စုစုပေါင်း နည်းစနစ် (၂၆)မျိုး ပါဝင်ပြီး ပုံများနှင့် တကွ မှတ်တမ်းတင် ဖော်ပြထားသည်။ ထိုပုရပိုဒ်တွင် သုံးနှုန်းထားသော အချို့ အခေါ်အဝေါ်များမှာ ယနေ့တိုင် အရပ်သုံးစကားတွင် ခေါ်ဝေါ်သုံးစွဲနေကြဆဲပင် ဖြစ်သည်။ အများစုမှာ ယနေ့ထက်တိုင် အသုံးပြုနေကြသော နည်းစနစ်များ ဖြစ်သော်လည်း အမျိုးသမီးက အပေါ်မှနေပြီး ဆက်ဆံသည့် နည်းစနစ် မပါဝင်သည်မှာ ထိုမှတ်တမ်း၏ ထူးခြားချက် တစ်ရပ်ဖြစ်သည်။ ထိုပုရပိုဒ်တွင် ပါဝင်သော နည်းစနစ်များထဲမှ အချို့မှာ အောက်ပါအတိုင်း ဖြစ်သည်။

မိန်းမမှ လှဲအိပ်နေစဉ် ယောက်ျားက အပေါ်မှထပ်၍ ဆက်ဆံသော သမာရိုးကျ နည်းစနစ် ဖြစ်သည်။ အရပ်သုံးစကားတွင် လှေကြီးထိုး (ရိုးရိုး) ဟု ခေါ်ဝေါ်သုံးစွဲကြသည်။
မိန်းမမှ ပါးစပ်ကို အသုံးပြု၍ ဆက်ဆံသည့် နည်းစနစ် ဖြစ်သည်။
ဘေးချင်းယှဉ်အိပ်နေသည်ကို ယောက်ျားမှ ဆက်ဆံသော နည်းစနစ် ဖြစ်သည်။
မိန်းမမှ ဒူးကွေးထားပြီး ခြေနှစ်ဖက်ကို မြှောက်၍ လက်ဖြင့် ပိုက်ထားသည်။ ပိုက်ထားသော လက်နှစ်ဖက်ကို ပုဝါစဖြင့် ချည်၍ ဗဟိုစည်တီးသော ပုံသဏ္ဌန် တစ်ချက်ချင်း ဆက်ဆံသော နည်းစနစ် ဖြစ်သည်။
မိန်းမမှ လေးဘက်ထောက်၍ ယောက်ျားက နောက်မှနေ၍ ဆက်ဆံသော နည်းစနစ် ဖြစ်သည်။
မိန်းမ၏ ခြေထောက်နှစ်ချောင်းကို အပေါ်တည့်တည့်သို့ ၉၀ ဒီဂရီ ထောင်မတ်၍ ဆက်ဆံသော နည်းစနစ် ဖြစ်သည်။
မိန်းမ၏ ခြေထောက်နှစ်ချောင်းကို ကွေးထားပြီး လှဲအိပ်နေစဉ် ယောက်ျားက အပေါ်မှ ထပ်၍ ဆက်ဆံသော နည်းစနစ် ဖြစ်သည်။
မိန်းမမှ လှဲအိပ်နေစဉ် ယောက်ျားက နောက်မှ လှဲအိပ်၍ ပေါင်တစ်ဖက်ကို ကျော်ခွ၍ ဆက်ဆံသောနည်း ဖြစ်သည်။

ရင်းမြစ် – ဝီကီ

Facebook Comments
Public Comments

Sex topics

searchဆက်လက်ရှာဖွေမည်

မေးခွန်းမေးရန်

သာယာမှုအထွတ်အထိပ် လိင်ဆက်ဆံခြင်းရဲ့ သော့ချက်တွေကဘာလဲ? သင့်ရဲ့စူးစမ်းရှာဖွေလိုမှုတွေကိုဖြေဆိုဖို့ ဒေါက်တာဒိနဲ့ ကျွန်မတို့အဖွဲ့က ဖြေဆိုဖို့ အသင့်ရှိပါတယ်

အမည်မဖော်ပဲမေးရန် ဖေ့ဘုတ်ပေ့ချ်တွင်မေးရန်

ထုတ်ကုန်များ

© ၂၀၁၈ ဒီကေတီ မှ မူပိုင်ခွင့်များရယူပြီးဖြစ်သည်။ သိလိုရာမေးသည် သတင်းအချက်အလက်နှင့် ပညာပေးစာမျက်နှာသက်သက်ဖြစ်ပြီး ဆေးဝါးနှင့်ကုသမှုဆိုင်ရာ ညွှန်းဆိုခြင်းများ မပြုပါ။