ဒေါက်တာဒိအားမေးရန် : သားဆက်ခြားခြင်း ဆိုတာဘာလဲ။ ဘယ်လိုလုပ်ဆောင်ပေးလဲ။
သန္ဓေတားခြင်းဆိုတာ ကိုယ်ဝန်ရှိတာကိုကာကွယ်ဖို့ အကူအညီပေးတဲ့နည်းလမ်းတွေကို အသုံးပြုခြင်းဖြစ်ပါတယ်။ သန္ဓေတားနည်းလမ်း အများကြီးရှိပါတယ်။
သန္ဓေတားခြင်းဆိုတာ ကိုယ်ဝန်ရှိတာကိုကာကွယ်ဖို့ အကူအညီပေးတဲ့နည်းလမ်းတွေကို အသုံးပြုခြင်းဖြစ်ပါတယ်။ သန္ဓေတားနည်းလမ်း အများကြီးရှိပါတယ်။ အချို့နည်းတွေက သားဥကြွေခြင်း (သင့်သားဥအိမ်မှသားဥထုတ်လွှတ်တာ) ကိုကာကွယ်ပေးပြီး အခြားနည်းလမ်းတွေက သားဥအိမ်ဆီသုက်ကောင်တွေရောက်ရှိခြင်းမှ ကာကွယ်ပေးပါတယ်။ အချိန်ကြာကြာသုံးနိုင်လား၊ သားအိမ်ထဲထည့်ရတဲ့ သားဆက်ခြားပစ္စည်းတွေ ခဏတာသုံးလား၊ဆေးလုံး တွေသောက်သလို လွယ်လွယ်ရပ်လိုက်လို့ရလား အစရှိတဲ့ဘယ်သန္ဓေတားနည်းလမ်းက သင့်အတွက်အကောင်းဆုံးဖြစ်မလဲဆိုတာ ဖော်ထုတ်ဖို့ နည်းလမ်းအများကြီးရှိပါတယ်။ သန္ဓေတားခြင်းနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ အတွက်သန္ဓေတားခြင်းကို စူးစမ်းရှာဖွေခြင်းဆိုတဲ့ အပိုင်းမှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။