ဒေါက်တာဒိအားမေးရန် : မိခင်နို့တိုက်ကျွေးချိန်မှာ သားဆက်ခြားနည်းသုံးတာက ဘေးကင်းစိတ်ချရရဲ့လား။
သားအိမ်တွင်းထည့်ပစ္စည်းထည့်သွင်းတာ၊ လက်မောင်းတွင်းထိုးသွင်း သားဆက်ခြား ဆေးသုံးတာ (ဒါမှမဟုတ်) သားဆက်ခြားဆေးထိုးတာတွေနဲ့ ပတ်သတ်ပြီး အကြံပြုချက်ပေးချင်ပါတယ်။ ဒီသားဆက်ခြားနည်း(၃)မျိုးလုံးက ထိန်းသိမ်းရမှု နည်းတဲ့အပြင် ထိရောက်မှုရှိကာ သားဦးမိခင်တွေအတွက် လုံခြုံစိတ်ချရပြီး မိမိရင်သွေးငယ်ကို နို့တိုက်ကျွေးနေချိန်မှာ အသုံးပြုထားလည်း ဘေးကင်းလုံခြုံပါတယ်။ နို့တိုက်မိခင်တွေအတွက် ဖော်စပ် ထုတ်လုပ်ထားတဲ့ အထူးသားဆက်ခြားဆေးတွေလည်းရှိပါတယ်။ သင့်အတွက် သင့်တော်မယ့် သားဆက်ခြားနည်းကို သင့်ကျန်းမာရေးစောင့်ရှောက်သူနဲ့ တိုင်ပင်ကြည့်ပါ။