ဒေါက်တာဒိအားမေးရန် : ကျွန်မ ဓမ္မတာမလာချင်ဘူးဆိုရင် ဘယ်သားဆက်ခြားကို သုံးဖို့အသင့်တော်ဆုံးလဲ။
ဓမ္မတာလာတာဟာ သင့်အတွက် ဒုက္ခတစ်ခုဖြစ်ကောင်းဖြစ်နေမှာပါ။ဒါပေမဲ့ သတင်းကောင်းရှိပါတယ်။ တချို့သားဆက်ခြားနည်းတွေဟာ သင့်ဓမ္မတာကို ရပ်သွားအောင်လုပ်ပေးနိုင်ပါတယ်။ တကယ်လို့ ဓမ္မတာလာတာဟာ သင့်ကိုစိတ်အနှောက်အယှက် ဖြစ်စေရင် (ဒါမှမဟုတ်) ရက်ကြာကြာ နဲ့ရာသီသွေးများများ ဆင်းတာမကြိုက်တဲ့သူ ဆိုရင် သားဆက်ခြားဆေးထိုးတာ၊ ခန္ဓာကိုယ်ထဲကို သားဆက်ခြားကိရိယာထည့်သွင်းတာတွေဟာ ရွေးချယ် သင့်တဲ့နည်းလမ်းတွေပါပဲ။ လက်မောင်းတွင်း သားဆက်ခြားဆေးထိုးသွင်းတာက သင့်ဓမ္မတာကို နည်းသွားစေနိုင်ပြီး နာကျင်ကိုက်ခဲတာကိုလည်းလျော့ပါးစေတဲ့အပြင် တချို့အမျိုးသမီးတွေမှာဆိုရင် ဓမ္မတာဟာ ရပ်သွားတတ်ပါတယ်။