Facebook Page
www.facebook.com/thiloyarmay
Viber Community
https://bit.ly/33PKFZ9
Call Thiloyarmay
09894777262
Facebook Group
https://bit.ly/2KKaAtF
Email Thiloyarmay
[email protected]

လိင်အကြောင်း ပိုမိုရှာဖွေရန်

လိင်မှုအရသာသိရှိခြင်း

လိင်ကကျွန်မတို့ကိုစူးစမ်းသိချင်လာအောင်စိတ်လှုပ်ရှားလာအောင်လုပ်နိုင်ပါတယ်။စိုးရိမ်ပူပန်လာအောင်၊ရှက်ကိုးရှက်ကန့်ဖြစ်လာအောင်၊အဖြေမရှိအောင်လုပ်ဆောင်ပေးပါတယ်။သင်သိတဲ့လူတိုင်းကသင်သိတာထက်ပိုပြီးဒီအကြောင်းရာတစ်ခုလုံးကိုအနည်းဆုံးသိထားသလိုမျိုးခံစားရပါတယ်။တယောက်ယောက်ကဘယ်လိုပဲသတင်းပေးပေးသူတို့မှာသင့်လိုမျိုးမေးခွန်းတွေနဲ့စိုးရိမ်မှုတွေရှိကောင်းရှိပါလိမ့်မယ်။လိင်ဆိုတဲ့စကားလုံးမှာယောကျ်ားတန်ဆာ၊မိန်းမကိုယ်နဲ့စအိုတို့ပါဝင်ပြီးအဲဒါနဲ့သက်ဆိုင်တဲ့အရာတွေပါဝင်ပါတယ်။အခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေဖြစ်တဲ့ရင်သား၊နို့သီးခေါင်း၊ဝှေးစေ့လည်းပါဝင်ပါတယ်။ လိင်ဆက်ဆံခြင်းမှာ မိမိနှင့်အတူဆက်ဆံသော အဖော်က ဘယ်သူ၊ မိမိနှင့် ရင်းနှီးမှု စိတ်ဝင်စားမှု အတိုင်းအတာနှင့်လည်း အများကြီးသက်ရောက်မှုရှိတာမို့ တစ်ေယောက်တစ်မျိုးစီ ကွဲပြားကြတာဖြစ်ပါတယ်။ လိင်ဆိုတာဘေးကင်းစိတ်ချရပြီးခံစားမှုကောင်းမွန်ပြီးအားလုံးတညီတည်းသဘောတူသင့်ပါတယ်။လိင်နဲ့ဆိုင်တဲ့အပျက်သဘောမျိုးဆောင်တဲ့အပိုင်းတွေလည်းရှိပါတယ်။ဥပမာအားဖြင့်လိင်ကိုရုန့်ရင်းကြမ်းတမ်းတဲ့အခြေအနေမျိုးမှာဘယ်လိုအသုံးပြုရလဲဆိုတာတွေပါဝင်ပါတယ်။
လိင်အကြောင်းအားလုံးသိရအောင်ဒီအပိုင်းကိုစူးစမ်းလေ့လာကြည့်ရအောင်။

ဒီမေးခွန်းကိုဖြေဖို့ အကြောင်းအရာအများအပြားဟာ အရေးကြီးလှပါတယ်။ ပထမဆုံးအနေနဲ့ သင့်အဖော်အပါအဝင် သင့်ကိုယ်ပိုင်ခန္ဓာကြီးက ဘယ်လိုတွေ အလုပ်လုပ်တယ်ဆိုတာကို နားလည်ဖို့အတွေးကောင်းတွေ ရှိနေရမှာဖြစ်ပါတယ်။ သင်ဟာ ကာမဆန္ဒတွေလှုပ်ရှားနေချိန်မှာ သင့်ကိုယ်ခန္ဓာရဲ့ အလုပ်လုပ်ပုံတွေမှာ သက်သောင့်သက်သာရှိနေနိုင်ပြီး တခုခုအမှားအယွင်းဖြစ်လာခဲ့မယ်ဆိုရင်လည်း ဆရာဝန်နဲ့ သွားတွေ့သင့်ပါတယ်။နောက်တစ်ချက်က ကာမစိတ်ပြင်းပြနေချိန်မှာ လူနှစ်ယောက်ဟာတူညီတဲ့ နည်းလမ်းတွေနဲ့တုံ့ပြန်မှာ မဟုတ်ဘူးဆိုတာကို သိထားရမှာဖြစ်ပြီးတော့ ရာဂစိတ်နိုးကြွနေချိန်မှာလည်း သင်ရောသင့်အဖော်ပါ စိတ်လှုပ်ရှားစွာနဲ့ တစ်ယောက်နဲ့တစ်ယောက် အောင်မြင်ပြီးမြောက်အောင် ကူညီရမယ်ဆိုတာ သိထားရပါမယ်။ လိင်ပိုင်းဆိုင်ရာ နှစ်ကိုယ်ကြားဆက်ဆံခြင်းတွေမှာ နှစ်ဦးနှစ်ဖက်ကျေနပ်မှသာ ကောင်းမွန်ပြီးပျော်ရွှင်ရတဲ့ ရလဒ်ထွက်လာမယ်ဆိုတာ နားလည်ထားရပါမယ်။

ရာဂနှိုးဆွခြင်းဟာ ဦးနှောက်က စတင်တာပဲဖြစ်ပါတယ်။ ဒါကြောင့် ရာဂစိတ်ကြွလာစေတဲ့ အတွေးတွေ ၊ ရုပ်ပုံတွေ ဒါမှမဟုတ် သင့်အဖော်နဲ့ချစ်ကျွမ်းဝင်လိုစိတ်တွေ ဒါမှမဟုတ် သင့်အဖော်ကိုထိတွေ့လိုခြင်းအတွေးတွေကို ဦးနှောက်ကစတင်ပြီး ကျန်တဲ့ကိုယ်ခန္ဓာအစိတ်အပိုင်းတွေဆီ အထူးသဖြင့် မျိုးပွားနိုင်တဲ့နယ်ပယ်တွေကို အချက်ပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ပြီးတော့မှ ဦးနှောက်ကနေ ကိုယ်ခန္ဓာရဲ့တခြားအစိတ်အပိုင်းတွေကို ရုပ်ပိုင်းဆိုင်ရာသဘောတရားအရ ခံစားစေပါတယ်။ဥပမာ အမျိုးသမီးတွေမှာဆိုရင် မျိုးပွားနယ်ပယ်ဖြစ်တဲ့ မိန်းမအင်္ဂါစေ့ထံ သွေးစီးဆင်းနှုန်းတိုးရာကနေ ယင်းနေရာမှာဖောင်းလာကာ တင်းလာခြင်းကနေ ရာဂစိတ်တွေနိုးကြွလာစေသလို အမျိုးသားတွေမှာဆိုရင်လည်း လိင်တံထောင်မတ်လာခြင်းမျိုးတွေဖြစ်လာစေပါတယ်။ အသက်ရှူနှုန်းတွေမြန်လာမယ် ၊ သွေးခုန်နှုန်းတွေတိုးလာမယ် ၊ နှလုံးခုန်ခြင်းတွေပိုမြန်လာခြင်းတွေလည်း အမျိုးသားရော အမျိုးသမီးမှာပါ ဖြစ်လာကြပါတယ်။ ဒီလိုအခြေခံပုံစံတွေကြောင့် ရာဂစိတ်ကြောင့်တုံ့ပြန်မှုတွေဟာ အမျိုးသားရော အမျိုးသမီးမှာပါ တော်တော်လေးဆင်ကြပါတယ်။ အမျိုးသားရော အမျိုးသမီးမှာပါ မျိုးပွားအင်္ဂါစနစ်တွေဟာ ကွဲပြားကြတာမို့ ရာဂစိတ်နှိုးကြွလာချိန်မှာ မျိုးပွားနယ်ပယ်ဟာ တကွဲတပြားဘယ်လိုမျိုးဖြစ်ပျက်လဲဆိုတာကို ကျွန်တော်တို့သေချာကြည့်ရှု ဖို့လိုအပ်တာကြောင့်ဖြစ်ပါတယ်။

အမျိုးသားနဲ့ အမျိုးသမီးတို့ရဲ့ ကာမဆန္ဒနိုးကြွခြင်းနဲ့ ပြီးမြောက်ခြင်းတွေမှာ အဓိကအချက်တွေသာဆင်တူရှိကြတယ်ဆိုတာကို ကျွန်တော်တို့ တွေ့မြင်ခဲ့ပြီးဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အမျိုးသားနဲ့ အမျိုးသမီးတို့ရဲ့ ရာဂဆန္ဒဆိုင်ရာတုံ့ပြန်ချက်တွေမှာတော့ ကွဲပြားတယ်ဆိုတာ သိထားပေးပါ။
အမျိုးသမီးတွေဟာ အမျိုးသားတွေထက်တော့ ရာဂဆန္ဒကြွလာချိန်နဲ့ ပြီးဆုံးချိန်တွေမှာ ကြာတတ်တာပျမ်းမျှ သဘောတရားအရပါ။ အမျိုးသားနဲ့ အမျိုးသမီးဆက်ဆံရေးကြားမှာ ဒါဟာအရေးတကြီးသိမှတ်ရမှာဖြစ်ပြီး အမျိုးသားတွေအနေနဲ့ သူတို့ကိုယ်ကိုယ် အတတ်နိုင်ဆုံးကြာအောင် ကြိုးစားရမှာဖြစ်ပြီး သူတို့ရဲ့ အမျိုးသမီးအဖော်တွေ အမြန်ဆုံး စိတ်ကြွလာအောင် ကြိုးစားရမှာလည်း ဖြစ်ပါတယ်။
လိင်တုူချင်းဆက်ဆံရေးတွေမှာတော့ သူတို့တွေရဲ့ရာဂနိုးကြွမှုတွေဟာ ဇီဝဗေဒသဘောတရားအရ တစ်ယောက်နဲ့တစ်ယောက် ပိုပြီးဆင်တူကြပေမယ့် ဒီလူနှစ်ဦးအတွက် ရာဂနိုးကြွမှုရဲ့ အရှိန်တွေဟာ ကိုက်ညီနေစရာတော့ မလိုပါဘူး။ ပြောရမယ်ဆိုရင်တော့ လူတိုင်းမှာသူ့ဟာနဲ့သူ ကာမဆန္ဒအရှိန်ကိုယ်စီရှိ ကြပါတယ်။
ကျွန်တော်တို့ရဲ့ ကာမရာဂနိုးကြွခြင်းတွေဟာ ဘယ်လို အခြေအနေ အချိန်အခါမျိုးပဲဖြစ်ဖြစ် အကြောင်းတရားအမျိုးမျိုးပေါ် မူတည်ပြီး ပြောင်းလဲနိုင်ပါတယ်။

Ask your question

Do you know the secret to great sex? Being and staying curious. Dr Deep and our team love to answer your questions.

Ask anonymously Open Facebook Messenger